(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လူၾကမ္းသ႐ုပ္ေဆာင္ ကိုကုုိဦးက ခံစားခ်က္ေတြ အခက္အခဲေတြကိုအခုလိုေျပာျပခဲ့ပါတယ္။

ငယ္ငယ္တုန္းဒီအႏုပညာကို ခပ္စိပ္စိပ္ေလးလုပ္ရတယ္ ဒါေပမဲ့ အခုေနာင္ပိုင္းမွာအနပညာသိပ္ရိုက္ရတာသိပ္မရွိဘူးေပါ့ေနာ္ အၿမဲတမ္းေမွ်ာ္ေနရတယ္. . .

ျပင္ဦးလြင္မွာေတာ့ ဘယ္အဖြဲေတာ့ ရိုက္ေနၿပီ ။ဘယ္သူကေတာ့ရိုက္ေနၿပီ. . . ဘယ္မင္းသားနဲ႕ ဒါေတြၾကားေနရတယ္..ကိုယ္က အႏုပညာသမားဆိုေတာ့ ဒီအလုပ္ကိုပဲ လုပ္ခ်င္တယ္ေလ. . . ကိုယ္က မလုပ္ရဘဲနဲ႕ ငုတ္တုတ္ႀကီး ထိုင္ေနရတဲ့ႏွစ္ေပါင္းေလး/ငါးႏွစ္ရွိၿပီ တခါတေလလည္း အႏုပညာနဲ႕ပက္သက္ၿပီးေတာ့ ၀မ္းနည္းစရာအေၾကာင္းေလးေတြေပါ့. ေတြးမိတာေပါ့. . .

ငါက ၿပီးဆုံးသြားၿပီလား. . . ဒီအႏုပညာအေပၚငါ ဒီေလာက္နဲ႕ရပ္သြားၿပီလား. . . ငါ့ကို ဘယ္သူမွ မေခၚေတာ့ဘူးလား. . မသုံးေတာ့ဘူးလား အဲ့လိုေလးေတြခံစားမိတယ္.. ။

တခ်ိဳ႕ပရိသတ္ေတြကလည္း အစက နားမလည္ဘူး . . ,အရင္တုန္းကေတာ့ ကိုကိုဦး လာရင္ သတ္မယ္ျဖတ္မယ္ဆိုတာခ်ည္းပဲေလ. . . ။ ဒါေပမဲ့လို့ တကယ္တမ္းေရာက္လာတဲ့အခါၾကေတာ့ က်ေနာ္နဲ႕ စကားေျပာျဖစ္တဲ့အခါမွာ အျပင္နဲ႕အတြင္းစရိုက္နဲ႕မတူဘူးဆိုတာ သိေတာ့ အားလုံးလဲ ခင္မင္သြားၾကပါတယ္။

ခုေခတ္က ဇာတ္ဝင္ခန္းတစ္ခုကို ရိုက္ၿပီဆိုရင္ သူ႕အုပ္စုနဲ႕သူရိုက္ေနၾကတာ. . . . ဥပမာ ဒီဒါရိုက္တာဆိုရင္ ဒီအုပ္စု ဒီလူေတြပဲပါတယ္. . , ဟိုဘက္ဒါရိုက္တာဆိုလဲ အဲ့အုပ္စုအဲ့လူေတြပဲပါတယ္..

ေနာက္ၿပီးေတာ့လဲ အခုေခတ္က အက္ရွင္ေခတ္ မဟုတ္ေတာ့ဘူး ဟာသေတြေခတ္ဆိုေတာ့ က်ေနာ္တို႔က ” သူငယ္ခ်င္း ငါ့ကိုေခၚပါအုံးကြာ သုံးပါအုံး”ဆိုေတာ့ က်ေနာ္တို႔နဲ႕တည့္မယ့္ ဇာတ္လမ္းဇာတ္ကြက္ဆိုတာမရွိဘူး. . .

နိုင္ငံျခားမွာဆိုရင္ေတာ့ အသက္ (၆၀) (၇၀) အထိ္ေလာက္က အဆင္ေျပတယ္ေလ က်ေနာတို႔ဒီဘက္မွာက်ေတာ့ က်ေနာ္တို႔ကေဘးကို တျဖည္းျဖည္းေရာက္သြားတယ္..

ျဖစ္နိုင္ရင္ က်ေနာ္တို့လည္း ေသတဲ့အထိအနုပညာအလုပ္ေတြ လုပ္ခ်င္တာေပါ့ဗ်ာ . . . ဒါေပမယ့္ . . . ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
လူကြမ်းသရုပ်ဆောင် ကိုကိုဦးက ခံစားချက်တွေ အခက်အခဲတွေကိုအခုလိုပြောပြခဲ့ပါတယ်။

ငယ်ငယ်တုန်းဒီအနုပညာကို ခပ်စိပ်စိပ်လေးလုပ်ရတယ် ဒါပေမဲ့ အခုနောင်ပိုင်းမှာအနပညာသိပ်ရိုက်ရတာသိပ်မရှိဘူးပေါ့နော် အမြဲတမ်းမျှော်နေရတယ်. . .

ပြင်ဦးလွင်မှာတော့ ဘယ်အဖွဲတော့ ရိုက်နေပြီ ။ဘယ်သူကတော့ရိုက်နေပြီ. . . ဘယ်မင်းသားနဲ့ ဒါတွေကြားနေရတယ်..ကိုယ်က အနုပညာသမားဆိုတော့ ဒီအလုပ်ကိုပဲ လုပ်ချင်တယ်လေ. . . ကိုယ်က မလုပ်ရဘဲနဲ့ ငုတ်တုတ်ကြီး ထိုင်နေရတဲ့နှစ်ပေါင်းလေး/ငါးနှစ်ရှိပြီ တခါတလေလည်း အနုပညာနဲ့ပက်သက်ပြီးတော့ ဝမ်းနည်းစရာအကြောင်းလေးတွေပေါ့. တွေးမိတာပေါ့. . .

ငါက ပြီးဆုံးသွားပြီလား. . . ဒီအနုပညာအပေါ်ငါ ဒီလောက်နဲ့ရပ်သွားပြီလား. . . ငါ့ကို ဘယ်သူမှ မခေါ်တော့ဘူးလား. . မသုံးတော့ဘူးလား အဲ့လိုလေးတွေခံစားမိတယ်.. ။

တချို့ပရိသတ်တွေကလည်း အစက နားမလည်ဘူး . . ,အရင်တုန်းကတော့ ကိုကိုဦး လာရင် သတ်မယ်ဖြတ်မယ်ဆိုတာချည်းပဲလေ. . . ။ ဒါပေမဲ့လို့ တကယ်တမ်းရောက်လာတဲ့အခါကြတော့ ကျနော်နဲ့ စကားပြောဖြစ်တဲ့အခါမှာ အပြင်နဲ့အတွင်းစရိုက်နဲ့မတူဘူးဆိုတာ သိတော့ အားလုံးလဲ ခင်မင်သွားကြပါတယ်။

ခုခေတ်က ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ပြီဆိုရင် သူ့အုပ်စုနဲ့သူရိုက်နေကြတာ. . . . ဥပမာ ဒီဒါရိုက်တာဆိုရင် ဒီအုပ်စု ဒီလူတွေပဲပါတယ်. . , ဟိုဘက်ဒါရိုက်တာဆိုလဲ အဲ့အုပ်စုအဲ့လူတွေပဲပါတယ်..

နောက်ပြီးတော့လဲ အခုခေတ်က အက်ရှင်ခေတ် မဟုတ်တော့ဘူး ဟာသတွေခေတ်ဆိုတော့ ကျနော်တို့က ” သူငယ်ချင်း ငါ့ကိုခေါ်ပါအုံးကွာ သုံးပါအုံး”ဆိုတော့ ကျနော်တို့နဲ့တည့်မယ့် ဇာတ်လမ်းဇာတ်ကွက်ဆိုတာမရှိဘူး. . .

နိုင်ငံခြားမှာဆိုရင်တော့ အသက် (၆၀) (၇၀) အထိလောက်က အဆင်ပြေတယ်လေ ကျနောတို့ဒီဘက်မှာကျတော့ ကျနော်တို့ကဘေးကို တဖြည်းဖြည်းရောက်သွားတယ်..

ဖြစ်နိုင်ရင် ကျနော်တို့လည်း သေတဲ့အထိအနုပညာအလုပ်တွေ လုပ်ချင်တာပေါ့ဗျာ . . . ဒါပေမယ့် . . . ။


ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top