ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ပရဟိတေဂဟာတည္ေဆာက္ေရးလုပ္ငန္းခြင္ကုိ ေတြ႕ရစဥ္ (ဓာတ္ပံု − CVONC.lashio)

စစ္ေဘးေရွာင္ မိဘမဲ့ ကေလးငယ္မ်ား ျပဳစုပ်ဳိးေထာင္ ေရးပရဟိတေဂဟာတစ္ခုကို ရွမ္းျပည္နယ္ လား႐ႈိးၿမိဳ႕၌ ယခုႏွစ္ကုန္ပိုင္းတြင္ စတင္ဖြင့္လွစ္မည္ဟု ပညာရိပ္မြန္ပရဟိတႏွင့္ လူမႈကူ ညီေရးအသင္းဥကၠ႒ ဦးထင္လင္း ဦးက ေျပာသည္။

အဆိုပါေဂဟာကို လား႐ႈိး ၿမိဳ႕နယ္ ၿမိဳ႕သစ္ရပ္ကြက္ရွိ ထင္း ႐ွဴးၿမိဳင္အိမ္ရာအနီး၌ ျပည္နယ္ အစိုးရက ခြင့္ျပဳသည့္ ေျမတစ္ ဧကတြင္ ၂၀၁၇ ၾသဂုတ္ကစတင္ ေဆာက္လုပ္ေနသည္။

‘‘နတ္ေတာ္လမွာ အေဆာင္ ႏွစ္ေဆာင္ၿပီးဖို႔ မွန္းထားၿပီးေတာ့ ေယာက်္ားေလးေတြ စလက္ခံဖို႔ စီစဥ္ထားတယ္။ ေဂဟာကို ႏွစ္ ကုန္မွာ စတင္ဖြင့္လွစ္မယ္ေပါ့။ ကေလးေတြ သူ႔ကိုယ္သူရပ္တည္ ႏိုင္တဲ့အထိ ကြၽန္ေတာ္တို႔က ျပဳစု ေစာင့္ေရွာက္မွာ ျဖစ္ပါတယ္။ စားေသာက္ေဆာင္တို႔၊ စာသင္ေဆာင္တို႔ကေတာ့ ယာယီပဲထားၿပီးေတာ့ အခိုင္အမာအေဆာက္အအံုေတြကိုေတာ့ ႏွစ္ဆန္းမွာ ဆက္ေဆာက္ပါမယ္’’ဟု ဦးထင္လင္းဦးက ေအာက္တိုဘာ ၁၃ ရက္တြင္ ေျပာသည္။

ယင္းေဂဟာ၌ ရွမ္းျပည္နယ္ အတြင္း တိုက္ပြဲမ်ားၾကာင့္ စစ္ ေဘးေရွာင္ေနရသည့္ မိဘမဲ့ ကေလးငယ္မ်ားႏွင့္ မိဘရွိၿပီး ေန ထုိင္ေရး၊ ပညာသင္ၾကားေရးခက္ ခဲေနသည့္ စစ္ေရွာင္ကေလးငယ္ မ်ားကိုသာ ဦးစားေပးေရြးခ်ယ္ မည္ျဖစ္ၿပီး မိဘမဲ့ကေလးမ်ား ေန ထိုင္စားေသာက္ေရး၊ ျပဳစုေစာင့္ ေရွာက္ေရးႏွင့္ ပညာသင္ၾကား ေရးတို႔ကို ျဖည့္ဆည္းေပးမည္ျဖစ္ ကာ ကနဦးအျဖစ္ အသက္ (၅) ႏွစ္ကစ၍ ေက်ာင္းေနအရြယ္ စစ္ ေဘးေရွာင္ မိဘမဲ့ကေလးငယ္ ၁၀၀ ေရြးခ်ယ္လက္ခံမည္ဟု အသင္းဒုတိယဥကၠ႒ ဦးေက်ာ္ ေက်ာ္စိုးက ေျပာသည္။

မိဘမဲ့ကေလးမ်ားစာရင္းကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ လူမႈ ေရး၀န္ႀကီးႏွင့္ ပရဟိတလုပ္ငန္း ေဆာင္ရြက္ေနသူတို႔ထံမွ ရယူ မည္ဟု ဦးထင္လင္းဦးက ေျပာ သည္။ ကေလးမ်ားကို ေစာင့္ ေရွာက္ႏုိင္ေရး ရွမ္းျပည္နယ္ လူမႈေရး၀န္ႀကီးထံ အခ်က္အလက္တင္ျပမႈမ်ား၊ ေဆြးေႏြးမႈမ်ားျပဳလုပ္၍ အတည္ျပဳခ်က္ရယူမည္ျဖစ္ကာ ထိုမွတစ္ဆင့္ ကေလးမ်ားအား တရား၀င္ေစာင့္ေရွာက္ခြင့္အတြက္ အစိုးရထံ အတည္ျပဳခ်က္ရယူမည္ျဖစ္ေၾကာင္း ပညာရိပ္မြန္ပရဟိတႏွင့္ လူမႈကူညီေရးအသင္းတာ၀န္ရွိသူမ်ားက ေျပာၾကားသည္။

 ေဂဟာတည္ေဆာက္ရန္ ၂၀၁၇ ေဖေဖာ္၀ါရီက ရွမ္းျပည္ နယ္အစိုးရထံ တင္ျပရာ ေဒသဖြံ႕ ၿဖိဳးေရး ေဆာင္ရြက္ရာေရာက္၍ ေျမေနရာ ခြင့္ျပဳခ်ထားေပးခဲ့ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္း ၫြန္႔လြင္က ေျပာၾကားသည္။

အစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားေၾကာင့္ ေဒသခံေသာင္းဂဏန္းသည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ဒုကၡသည္စခန္းမ်ားတြင္ ေနထိုင္ေနရၿပီး အဆိုပါစစ္ေဘးေရွာင္ ဒုကၡသည္မ်ားအနက္ ၄၀ ရာခိုင္ႏႈန္းက ေက်ာင္းေနအရြယ္ ကေလးမ်ားျဖစ္ေၾကာင္း ေဒသတြင္း လူမႈအဖြဲ႕အစည္းမ်ားက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
ပရဟိတဂေဟာတည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ − CVONC.lashio)

စစ်ဘေးရှောင် မိဘမဲ့ ကလေးငယ်များ ပြုစုပျိုးထောင် ရေးပရဟိတဂေဟာတစ်ခုကို ရှမ်းပြည်နယ် လားရှိုးမြို့၌ ယခုနှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်မည်ဟု ပညာရိပ်မွန်ပရဟိတနှင့် လူမှုကူ ညီရေးအသင်းဥက္ကဋ္ဌ ဦးထင်လင်း ဦးက ပြောသည်။

အဆိုပါဂေဟာကို လားရှိုး မြို့နယ် မြို့သစ်ရပ်ကွက်ရှိ ထင်း ရှူးမြိုင်အိမ်ရာအနီး၌ ပြည်နယ် အစိုးရက ခွင့်ပြုသည့် မြေတစ် ဧကတွင် ၂၀၁၇ သြဂုတ်ကစတင် ဆောက်လုပ်နေသည်။

‘‘နတ်တော်လမှာ အဆောင် နှစ်ဆောင်ပြီးဖို့ မှန်းထားပြီးတော့ ယောကျ်ားလေးတွေ စလက်ခံဖို့ စီစဉ်ထားတယ်။ ဂေဟာကို နှစ် ကုန်မှာ စတင်ဖွင့်လှစ်မယ်ပေါ့။ ကလေးတွေ သူ့ကိုယ်သူရပ်တည် နိုင်တဲ့အထိ ကျွန်တော်တို့က ပြုစု စောင့်ရှောက်မှာ ဖြစ်ပါတယ်။ စားသောက်ဆောင်တို့၊ စာသင်ဆောင်တို့ကတော့ ယာယီပဲထားပြီးတော့ အခိုင်အမာအဆောက်အအုံတွေကိုတော့ နှစ်ဆန်းမှာ ဆက်ဆောက်ပါမယ်’’ဟု ဦးထင်လင်းဦးက အောက်တိုဘာ ၁၃ ရက်တွင် ပြောသည်။

ယင်းဂေဟာ၌ ရှမ်းပြည်နယ် အတွင်း တိုက်ပွဲများကြာင့် စစ် ဘေးရှောင်နေရသည့် မိဘမဲ့ ကလေးငယ်များနှင့် မိဘရှိပြီး နေ ထိုင်ရေး၊ ပညာသင်ကြားရေးခက် ခဲနေသည့် စစ်ရှောင်ကလေးငယ် များကိုသာ ဦးစားပေးရွေးချယ် မည်ဖြစ်ပြီး မိဘမဲ့ကလေးများ နေ ထိုင်စားသောက်ရေး၊ ပြုစုစောင့် ရှောက်ရေးနှင့် ပညာသင်ကြား ရေးတို့ကို ဖြည့်ဆည်းပေးမည်ဖြစ် ကာ ကနဦးအဖြစ် အသက် (၅) နှစ်ကစ၍ ကျောင်းနေအရွယ် စစ် ဘေးရှောင် မိဘမဲ့ကလေးငယ် ၁၀၀ ရွေးချယ်လက်ခံမည်ဟု အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော် ကျော်စိုးက ပြောသည်။

မိဘမဲ့ကလေးများစာရင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှု ရေးဝန်ကြီးနှင့် ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူတို့ထံမှ ရယူ မည်ဟု ဦးထင်လင်းဦးက ပြော သည်။ ကလေးများကို စောင့် ရှောက်နိုင်ရေး ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးထံ အချက်အလက်တင်ပြမှုများ၊ ဆွေးနွေးမှုများပြုလုပ်၍ အတည်ပြုချက်ရယူမည်ဖြစ်ကာ ထိုမှတစ်ဆင့် ကလေးများအား တရားဝင်စောင့်ရှောက်ခွင့်အတွက် အစိုးရထံ အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း ပညာရိပ်မွန်ပရဟိတနှင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူများက ပြောကြားသည်။

 ဂေဟာတည်ဆောက်ရန် ၂၀၁၇ ဖေဖော်ဝါရီက ရှမ်းပြည် နယ်အစိုးရထံ တင်ပြရာ ဒေသဖွံ့ ဖြိုးရေး ဆောင်ရွက်ရာရောက်၍ မြေနေရာ ခွင့်ပြုချထားပေးခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း ညွန့်လွင်က ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများကြောင့် ဒေသခံသောင်းဂဏန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး အဆိုပါစစ်ဘေးရှောင် ဒုက္ခသည်များအနက် ၄၀ ရာခိုင်နှုန်းက ကျောင်းနေအရွယ် ကလေးများဖြစ်ကြောင်း ဒေသတွင်း လူမှုအဖွဲ့အစည်းများက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top