ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
Credit: မင်းရသ
# Unicode Version ဖြင့် ဖတ်ပါ #
ညီအငယ်ဆုံး တစ်ယောက်ကို ရုတ်တရက် စွန့်လွှတ်လိုက်ရတဲ့ အနုပညာ သမားတစ်ယောက်အနေနဲ့ သွေးနဲ့ ကိုယ် သားနဲ့ကိုယ် ရင်ကျိုးမတက် ခံစားရမှာပါ။ ဒါပေမဲ့ ည ၁၂ နာရီ ထဲက ရေဝေးသုဿန်မှာ လာရောက်စောင့်ဆိုင်းနေကြတဲ့ ညီငယ် ပရိတ်သတ် နဲ့ သူ့ရဲ့ ပရိတ်သတ်တွေကို ကားမှန်တံခါးလေးချပြီး ပြုံးပြီး လက်ပြနူတ်ဆက်ရှာတယ်
အနုပညာရှင် တစ်ယောက်ဆိုတာ ကိုယ့်ရဲ့ ပူပင်သောကတွေ ဘယ်လောက်ပဲ များနေများနေ ပရိတ်သတ်ရှေ့ရောက်ရင် အပူကို ဟန်လုပ်ပြီး ပြုံးနေတတ်ရပါတယ်။ ဒါ ဟာ ကိုယ့် ရဲ့ ထမင်းရှင် ဖြစ်တဲ့ ပရိတ်သတ်ကို ကျေးဇူးဆပ်တဲ့ သဘောသက်ရောက်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ကိုနေတိုးရဲ့ အပြုအမူကို အနုပညာသမား လို့ မသုံးပါဘူး။ အနုပညာရှင်လို့ သုံးပါတယ်။(အနုပညာကို professional ပီသတဲ့ အနုပညာရှင်တစ်ဦးပါ။ အနုပညာသမား နဲ့ အနုပညာရှင် နဲ့ များစွာကွာခြားပါတယ်။)
ဒီအချိန် မှာ အဲ့ဒီလို ကိုနေတိုး မပြုမူလည်း ပရိတ်သတ်က ကျေနပ်ပြီးသားပါ။ ဒါပေမဲ့ ပရိတ်သတ်ကို စိတ်ကျေနပ်အောင် လက်ပြ ပြုံးပြသွားတယ်။ ဒါကြောင့် လေးစားတယ် ။ ပရိတ်သတ်ကို တန်ဖိုးထားတဲ့ အနုပညာသမား အဆင့်ထက် များစွာ ပိုတဲ့ အနုပညာရှင် ကိုနေတိုးကြီး ဒီထက်မက အောင်မြင်ပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: မင်းရသ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top