ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အြန္လိုင္းအသံုးျပဳ၍ ကုိယ္ဝန္ဖ်က္ေဆး ေရာင္းခ်ေနမႈမ်ားကို အေရးယူမည္

လူမႈကြန္ရက္အြန္လိုင္းမ်ားမွတဆင့္ ေရာင္းဝယ္မႈျပဳလုပ္ေနသည့္ ကိုယ္ဝန္ဖ်က္ခ်ေဆးမ်ားအပါအဝင္ အျခားေသာ တရားမဝင္ေဆးဝါးမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) မွ ေဒါက္တာသိဂႌက ေျပာသည္။

ယင္းသို႔ အေရာင္းအဝယ္ျပဳလုပ္ေန သည့္ ေဆးဝါးအမ်ားစုသည္ FDA ၏ ေဆးဝါးေထာက္ခံခ်က္မွတ္ပံုတင္ မပါရွိျခင္းအျပင္ အာမခံခ်က္မတိက်ေသာ အာနိသင္မရွိေသာေဆးမ်ားႏွင့္ တရားဝင္ေရာင္းခ်ရန္ ခြင့္ျပဳခ်က္မရွိေသာ အလြန္အႏၱရာယ္မ်ားသည့္ေဆးမ်ားျဖစ္ေၾကာင္း ေဒါက္တာသိဂႌက ေျပာသည္။

”အြန္လိုင္းမွာေတာ့ ဒါေတြက Health Care Professional အရ မျဖစ္သင့္ဘူးေပါ့။ ဥပမာ ကိုယ္ဝန္ဖ်က္ခ်ေဆး လိုအရာေတြက အရမ္းအႏၱရာယ္မ်ားတယ္။ ႏွီးႏႊယ္တဲ့ဌာနေတြနဲ႔ ပူးေပါင္းၿပီး အေရးယူဖို႔ စီစဥ္ေနပါတယ္”ဟု ေဒါက္တာသိဂႌက ေျပာသည္။

ေဆးဝါးမွတ္ပံုတင္မရွိသည့္ ေဆးေရာင္းခ်သူမ်ားကို တရားမဝင္ကုန္ပစၥည္းေရာင္းသည့္ ပုဒ္မ ၁၈ ျဖင့္ အေရးယူႏိုင္ၿပီး၊ ေထာင္ဒဏ္ ၇ ႏွစ္အျပင္ က်ပ္ေငြ ၅ သိန္းခ်မွတ္ႏိုင္ကာ တရားမဝင္ႏွင့္ ခြင့္ျပဳခ်က္မရွိသည့္ ေဆးဝါးမ်ားအား ေရာင္းခ်ပါကလည္း အမ်ဳိးသားေဆးဝါးဥပေဒအပါ အဝင္ ပုဒ္မ ၁၈၊ ပုဒ္မ ၁၉၊ ပုဒ္မ ၂ဝ အစရွိသည့္ ပုဒ္မမ်ားျဖင့္ အေရးယူႏိုင္သည္ဟု ဆိုသည္။

ထို႔အျပင္ စပ္ေဆးမ်ားႏွင့္ပတ္သက္၍လည္း FDA မွ ေဆးဆိုင္မ်ားကို လိုက္လံဖမ္းဆီးလ်က္ရွိရာ စပ္ေဆးေရာင္းခ်သည့္ဆိုင္ေပါင္း ၂ဝ ခန္႔ကို လိုင္စင္ ၃ လပိတ္သိမ္းအေရးယူထားရာ ယင္းေဆးဆိုင္မ်ားတြင္ ပဲခူးႏွင့္ မႏၱေလးမွ စပ္ေဆးေရာင္းသည့္ဆိုင္မ်ား အမ်ားဆံုးဖမ္းမိေၾကာင္း ၎က ေျပာသည္။

စပ္ေဆးမ်ား၏ဆိုးက်ဳိးမ်ားအေနျဖင့္ ပဋိဇီဝေဆးယဥ္ပါးမႈ၊ ေဆးရွားပါးလာႏိုင္မႈႏွင့္ ေဆးအမ်ားအျပားေသာက္ရျခင္းေၾကာင့္ ေရာဂါမေပ်ာက္ဘဲ ေငြကုန္ေၾကးက်မ်ားကာ ေက်ာက္ကပ္ႏွင့္ အသည္းမ်ားကို ထိခိုက္မႈတို႔ျဖစ္လာႏိုင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Newswatch

#Unicode Version#
အွန်လိုင်းအသုံးပြု၍ ကိုယ်ဝန်ဖျက်ဆေး ရောင်းချနေမှုများကို အရေးယူမည်

လူမှုကွန်ရက်အွန်လိုင်းများမှတဆင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ကိုယ်ဝန်ဖျက်ချဆေးများအပါအဝင် အခြားသော တရားမဝင်ဆေးဝါးများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒေါက်တာသိင်္ဂီက ပြောသည်။

ယင်းသို့ အရောင်းအဝယ်ပြုလုပ်နေ သည့် ဆေးဝါးအများစုသည် FDA ၏ ဆေးဝါးထောက်ခံချက်မှတ်ပုံတင် မပါရှိခြင်းအပြင် အာမခံချက်မတိကျသော အာနိသင်မရှိသောဆေးများနှင့် တရားဝင်ရောင်းချရန် ခွင့်ပြုချက်မရှိသော အလွန်အန္တရာယ်များသည့်ဆေးများဖြစ်ကြောင်း ဒေါက်တာသိင်္ဂီက ပြောသည်။

”အွန်လိုင်းမှာတော့ ဒါတွေက Health Care Professional အရ မဖြစ်သင့်ဘူးပေါ့။ ဥပမာ ကိုယ်ဝန်ဖျက်ချဆေး လိုအရာတွေက အရမ်းအန္တရာယ်များတယ်။ နှီးနွှယ်တဲ့ဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့ စီစဉ်နေပါတယ်”ဟု ဒေါက်တာသိင်္ဂီက ပြောသည်။

ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးရောင်းချသူများကို တရားမဝင်ကုန်ပစ္စည်းရောင်းသည့် ပုဒ်မ ၁၈ ဖြင့် အရေးယူနိုင်ပြီး၊ ထောင်ဒဏ် ၇ နှစ်အပြင် ကျပ်ငွေ ၅ သိန်းချမှတ်နိုင်ကာ တရားမဝင်နှင့် ခွင့်ပြုချက်မရှိသည့် ဆေးဝါးများအား ရောင်းချပါကလည်း အမျိုးသားဆေးဝါးဥပဒေအပါ အဝင် ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ အစရှိသည့် ပုဒ်မများဖြင့် အရေးယူနိုင်သည်ဟု ဆိုသည်။

ထို့အပြင် စပ်ဆေးများနှင့်ပတ်သက်၍လည်း FDA မှ ဆေးဆိုင်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ စပ်ဆေးရောင်းချသည့်ဆိုင်ပေါင်း ၂ဝ ခန့်ကို လိုင်စင် ၃ လပိတ်သိမ်းအရေးယူထားရာ ယင်းဆေးဆိုင်များတွင် ပဲခူးနှင့် မန္တလေးမှ စပ်ဆေးရောင်းသည့်ဆိုင်များ အများဆုံးဖမ်းမိကြောင်း ၎င်းက ပြောသည်။

စပ်ဆေးများ၏ဆိုးကျိုးများအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှု၊ ဆေးရှားပါးလာနိုင်မှုနှင့် ဆေးအများအပြားသောက်ရခြင်းကြောင့် ရောဂါမပျောက်ဘဲ ငွေကုန်ကြေးကျများကာ ကျောက်ကပ်နှင့် အသည်းများကို ထိခိုက်မှုတို့ဖြစ်လာနိုင်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Newswatch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top