ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယူေအအီးႏိုင္ငံရဲ႕ရာဆာ ခိုင္းမာ (Ras Al Khaimah) ၿမိဳ႕ တရား႐ုံးတစ္ခုဟာ အမ်ိဳးသမီးတစ္ေယာက္ကို ခင္ပြန္းသည္ရဲ႕ဖုန္းကို ခိုးၾကည့္တယ္ဆိုတဲ့ ျပစ္ခ်က္နဲ႔ေထာင္ဒဏ္သုံးလ ခ်မွတ္လိုက္ပါတယ္။ ခင္ပြန္းျဖစ္သူက သူ႕ရဲ႕ကိုယ္ပိုင္လုံၿခဳံေရး အခ်က္အလက္ေပါက္ၾကားမႈ နဲ႔ပတ္သက္ၿပီး တရားစြဲ ဆိုခဲ့တာျဖစ္ၿပီး

သူ(မ)ဟာ အဲဒီအတြက္ေၾကာင့္ တရား႐ုံးမွာ အမႈရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ခင္ပြန္းရဲ႕ထြက္ဆိုခ်က္အရ သူမသိလိုက္တဲ့အခ်ိန္မွာ အမ်ိဳးသမီးက သူ႕ဖုန္းကိုယူၾကည့္တဲ့အျပင္ ေနာက္မွ သတ္သတ္ထပ္ၾကည့္ဖို႔အတြက္လည္း သူ႕ဖုန္းထဲကေဒတာေတြကို ေနာက္ဖုန္းတစ္လုံးထဲ ကူးေျပာင္းခဲ့ေသးတယ္လို႔ေျပာပါတယ္။ သူအိပ္ေနတဲ့အခ်ိန္မွာလည္း သူ႕အမ်ိဳးသမီးက ဖုန္းထဲကို ေမႊေႏွာက္ၿပီး ၾကည့္႐ႈခဲ့ေသးတယ္လို႔ေျပာပါတယ္။

အမ်ိဳးသမီးဘက္ကျပန္လည္ေခ်ပခ်က္အရ အရင္တုန္းက သူ႕ခင္ပြန္းနဲ႔ တျခားအမ်ိဳးသမီးေတြနဲ႔ ဖုန္းထဲမွာ မတ္ေဆ့ခ္်ပို႔စကားေျပာေနတာကို ေတြ႕ရွိၿပီးကတည္းက ခင္ပြန္းျဖစ္သူဟာ သူ႕ကို ဖုန္းရဲ႕လၽွိဳ႕ဝွက္နံပါတ္လည္းေပးထားတဲ့အျပင္ ၾကည့္ခြင့္လည္းေပးထားၿပီးသားလို႔ ေျပာခဲ့ပါတယ္။

ယူေအအီးရဲ႕တင္းက်ပ္တဲ့ ဆိုင္ဘာဥပေဒေတြအရ ပိုင္ရွင္ရဲ႕အခြင့္မရွိပဲ ဖုန္းကို ယူၾကည့္တာဟာ ျပစ္မႈေျမာက္ပါတယ္။ လက္ထပ္ၿပီးသားစုံတြဲေတြေတာင္မွပဲ မိမိရဲ႕ဇနီးခင္ပြန္းေဖာက္ျပန္ေနတယ္လို႔သံသယရွိရင္ေတာင္ ဖုန္းကို ယူၾကည့္ခြင့္မရွိပါဘူး။


ယူေအအီးရဲ႕ဥပေဒအရ ဘယ္လိုအြန္လိုင္းအခ်က္အလက္မဆို ပိုင္ရွင္ခြင့္ျပဳခ်က္မရွိပဲ အိမ္ေထာင္ဖက္၊ သူငယ္ခ်င္း၊ ေဆြမ်ိဳး၊ မိဘ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဘက္ စသူတို႔က ယူၾကည့္ခဲ့ရင္ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ရဲ႕ကိုယ္ပိုင္အြန္လိုင္းလြတ္လပ္ခြင့္ကိုခ်ိဳးေဖာက္ျခင္းလို႔ ယူဆခံရကာ ျပစ္မႈေျမာက္တာ ျဖစ္ပါတယ္။

၂၀၁၈ခုႏွစ္ ဩဂုတ္လမွာေတာ့ ယူေအအီးသမၼတ ရွိတ္ ခါလီဖာ (Sheikh Khalifa) က ေထာင္ဒဏ္ (၂၅) ႏွစ္အထိခ်မွတ္ႏိုင္တဲ့ ဆိုင္ဘာဥပေဒအသစ္ေတြ ျပဌာန္းခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Elsa (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ယူအေအီးနိုင်ငံရဲ့ရာဆာ ခိုင်းမာ (Ras Al Khaimah) မြို့ တရားရုံးတစ်ခုဟာ အမျိုးသမီးတစ်ယောက်ကို ခင်ပွန်းသည်ရဲ့ဖုန်းကို ခိုးကြည့်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့ရဲ့ကိုယ်ပိုင်လုံခြုံရေး အချက်အလက်ပေါက်ကြားမှု နဲ့ပတ်သက်ပြီး တရားစွဲ ဆိုခဲ့တာဖြစ်ပြီး

သူ(မ)ဟာ အဲဒီအတွက်ကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ခင်ပွန်းရဲ့ထွက်ဆိုချက်အရ သူမသိလိုက်တဲ့အချိန်မှာ အမျိုးသမီးက သူ့ဖုန်းကိုယူကြည့်တဲ့အပြင် နောက်မှ သတ်သတ်ထပ်ကြည့်ဖို့အတွက်လည်း သူ့ဖုန်းထဲကဒေတာတွေကို နောက်ဖုန်းတစ်လုံးထဲ ကူးပြောင်းခဲ့သေးတယ်လို့ပြောပါတယ်။ သူအိပ်နေတဲ့အချိန်မှာလည်း သူ့အမျိုးသမီးက ဖုန်းထဲကို မွှေနှောက်ပြီး ကြည့်ရှုခဲ့သေးတယ်လို့ပြောပါတယ်။

အမျိုးသမီးဘက်ကပြန်လည်ချေပချက်အရ အရင်တုန်းက သူ့ခင်ပွန်းနဲ့ တခြားအမျိုးသမီးတွေနဲ့ ဖုန်းထဲမှာ မတ်ဆေ့ခ်ျပို့စကားပြောနေတာကို တွေ့ရှိပြီးကတည်းက ခင်ပွန်းဖြစ်သူဟာ သူ့ကို ဖုန်းရဲ့လျှို့ဝှက်နံပါတ်လည်းပေးထားတဲ့အပြင် ကြည့်ခွင့်လည်းပေးထားပြီးသားလို့ ပြောခဲ့ပါတယ်။

ယူအေအီးရဲ့တင်းကျပ်တဲ့ ဆိုင်ဘာဥပဒေတွေအရ ပိုင်ရှင်ရဲ့အခွင့်မရှိပဲ ဖုန်းကို ယူကြည့်တာဟာ ပြစ်မှုမြောက်ပါတယ်။ လက်ထပ်ပြီးသားစုံတွဲတွေတောင်မှပဲ မိမိရဲ့ဇနီးခင်ပွန်းဖောက်ပြန်နေတယ်လို့သံသယရှိရင်တောင် ဖုန်းကို ယူကြည့်ခွင့်မရှိပါဘူး။

ယူအေအီးရဲ့ဥပဒေအရ ဘယ်လိုအွန်လိုင်းအချက်အလက်မဆို ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုး၊ မိဘ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဘက် စသူတို့က ယူကြည့်ခဲ့ရင် အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ကိုယ်ပိုင်အွန်လိုင်းလွတ်လပ်ခွင့်ကိုချိုးဖောက်ခြင်းလို့ ယူဆခံရကာ ပြစ်မှုမြောက်တာ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် ဩဂုတ်လမှာတော့ ယူအေအီးသမ္မတ ရှိတ် ခါလီဖာ (Sheikh Khalifa) က ထောင်ဒဏ် (၂၅) နှစ်အထိချမှတ်နိုင်တဲ့ ဆိုင်ဘာဥပဒေအသစ်တွေ ပြဌာန်းခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Elsa (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top