iMyanmarHouse.com - Best Property Website for Myanmar
×

၁ ။ အိုေဖၚ ( လင္ မယား အို )

၂ ။ အို သိုက္ ( ေနအိမ္ )

၃ ။ အို စာ ( ေငြေၾကး )

၄ ။ အို ေရး ( က်န္းမာေရး )

၅ ။ အို စိတ္ ( စိတ္ေန စိတ္ထား )

ကြၽန္ေတာ္တိုု႔အားလံုုး အိုုရမဲ့လူေတြႀကီးႀကီးပါ။

ခုုမအိုုေသးေပမဲ့ ဖတ္ထားရင္
ကိုုယ့္အတြက္ ကာကြယ္ဖိုု႔ျပင္ဆင္ခၽိန္ရသလိုု၊
ကိုုယ့္ မိဘေတြအတြက္ ဆန္းစစ္ဆင္ျခင္လိုု႔ ရႏိုုင္ပါတယ္။

အႀကံလည္းေပးလိုု႔ရတာေပါ႔၊
အိုုလာရင္ ဘာေတြျပင္ဆင္ထားသင့္သလဲ၊
ဘာသာေရး ရွု႕ေထာင့္ကေနမဟုုတ္ပဲ လက္ေတြ႔
ဘ၀ရွု႕ေထာင့္ကေန ေဆြးေႏြးၾကည့္ရေအာင္.... ။

၁။ အိုုေဖၚ : လင္အိုုမယားအိုု
ေမတၱာေကာင္းမြန္ေနဖိုု႔လိုုပါတယ္။

အရင္တုုန္းက ခၽစ္ခဲ့ၾကေပမဲ့ အသက္ႀကီးလာေတာ့
တစ္ေယာက္မၽကႏွွာ တစ္ေယာက္ၾကည့္မရတာမၽိဳ း
မျဖစ္သင့္ဘူး။

​ေယာ့က္ၽားက သားဘက္၊ မိန္းမက သမီးဘက္
ပိုုရပ္တည္တာမၽိဳ း မျဖစ္ရဘူး။

ငယ္ရြယ္တုုန္းက လင္မယားဆိုုေပမဲ့
အိုုလာရင္ အေဖၚ မြန္ျဖစ္ဖိုု႔၊ ရပ္တည္ခၽက္တူညီဖိုု႔
အလြန္အေရးႀကီးပါတယ္။

ငယ္ငယ္တုုန္းကေတာ့ ​ေယာ့က္ၽားက ပိုုက္ဆံရွာ၊ ​
​ေယာ့က္ၽား အင္အားေကာင္းေတာ့ အျပင္မွာ
​ေပြခၽင္တိုုင္းေပြ၊ ေသာက္စားခၽင္တိုုင္း ​ေသာက္စား၊
အိမ္ကမိန္းမကိုု ခိုုင္းဖတ္လိုုသေဘာထားၿပီး
​ေအာ္လိုုက္ေငါက္လိုုက္ လုုပ္တဲ့ ေယာက္ၽားမၽိဳ းဟာ၊

အိမ္ေထာင္သက္ အႏွစ္ ( ၂၀ ) ေနာက္ပိုုင္းမွာ
သားသမီးေတြ ႀကီးလာရင္ သားသမီးမၽားက
အေမဘက္က ရပ္တည္တာ ခပ္မၽားမၽားဆိုုေတာ့
အရင္က ခံခဲ့သမၽွ ျပန္ဆပ္ရတတ္တယ္။

ဒါေၾကာင့္ ကိုုယ္အသက္ႀကီးတဲ့အခါ
ကိုုယ့္မိန္းမက ကိုုယ့္ကိုု တကယ္ေကာင္းေစခၽင္ရင္
ကိုုယ္က သူတိုု႔အေပၚ အရင္ေကာင္းထားရတယ္။

၂။ အိုုသိုုက္ : ေနဖိုု႔ထိုုင္ဖိုု႔ အိမ္တစ္လုုံး
ရိွထားဖိုု႔လိုုပါတယ္။

အဲဒီအိမ္ကိုုလည္း မေသမခၽင္း ထိမ္းထားဖိုု႔လိုုပါလိမ့္မယ္။
ကိုုယ္က မၾကာမွီေသေတာ့မယ္ဆိုုၿပီး ေစာေစာစီးစီးထုုခြဲၿပီး အေမြ ခြဲမ​ေပးလိုုက္နဲ႔၊ကိုုယ္ေနဖိုု႔ေပၽာက္သြားႏိုုင္တယ္။

မေပၽာက္သြားတာေတာင္မွ သားသမီးမၽက္​ႏွွာ ( သိုု႔ )
​ေခြၽးမနဲ႕ သမက္မၽက္နွာၾကည့္ၿပီး အသက္ရွင္ရတာ
မတန္ဘူး။

၃။ အိုုစာ : အိုုစာမင္းစာကိုု ဆိုုလိုုပါတယ္။
ေရႊျဖစ္ျဖစ္ ၊ ပိုုက္ဆံျဖစ္ျဖစ္
ကိုုယ့္အတြက္ကိုုယ္ခၽန္ထားရတယ္။

သားသမီး စီးပြားေရးလုုပ္ဖိုု႔ အရင္းအနီး မရိွဘူးဆိုုၿပီး
အကုုန္ထုုတ္မေပးလိုုက္နဲ႔၊ အားလုုံးေပးလိုုက္ရင္
အိမ္ကဆင္းသြားရႏိုုင္တယ္။

အခၽစ္ရဲ႕သဘာ၀ဟာ ေနာင္မၽိဳ းဆက္ကိုုပဲ ဆင့္ပြားပါတယ္။

သားသမီးကိုု ခၽစ္တယ္ဆိုုတာ သတၱ၀ါတိုုင္းရဲ႕
​ေမြးရာပါ သဘာ၀ျဖစ္ပါတယ္။

မိဘကိုုရိုုေသတယ္ဆိုုတာ ဘာသာေရးအဆံုုးအမနဲ႔
သြန္သင္ယူရတယ္။ေမြးျမဴ ယူရပါတယ္။
အဲဒါေၾကာင့္ မေသခၽာတတ္ဘူး။

မိဘမၽားဟာ သားသမီး ( ၁၀ ) ေယာက္ကိုု
'အၿပံဳ းမပၽက္' ေကြၽးေမြးႏိုုင္ေပမဲ့၊
သားသမီး (၁၀ ) ေယာက္ဟာ မိဘႏွစ္ပါးကိုု
'ဆူပုုတ္ေလာက္ေအာင္' ​ေကြၽးေမြးရတယ္ ဆုိတဲ့
စကားပံုုတစ္ခုုကိုု ၾကားဖူးပါတယ္။

ဒါေၾကာင့္ မအိုုေသးခင္မွာ ကိုုယ့္အတြက္ အိုုစာခၽန္ပါ။

၄။ အိုုေရး : အိုုတဲ့အခါမွာ ရိွတဲ့ကၽန္းမာေရးကိုု
အတိုုေကာက္ေရးလိုုက္တာပါ။

အိုုလာရင္ ကိုုယ့္ကၽန္းမာေရးကိုု ကိုုယ္ဂရုုစိုုက္ရတယ္။

မနက္တိုုင္းလမ္းေလၽွာက္တာမၽိဳ း
အဖြဲ႔လိုုက္ေလ့က်င့္ခန္းလုုပ္တာမၽိဳ း
ပါ၀င္သင့္ပါတယ္။

ေကာင္းေကာင္းမေလွၽာက္ႏိုုင္ရင္လည္း လႈပ္ရွားႏိုုင္သမွၽ
အတတ္ႏိုုင္ဆံုုး ကိုုယ္လက္လႈပ္ရွားေပးသင့္ပါတယ္။

ကိုုယ့္ရဲ႕ ကၽန္းမာေရးေကာင္းမြန္ျခင္းဟာ
ကိုုယ့္အတြက္သာမဟုုတ္ သားသမီးမၽားအတြက္ပါ
လာဘ္​တစ္ပါးျဖစ္ပါတယ္။

သူတိုု႔​ေတြ ကိုုယ့္အတြက္ သိပ္မပူရရင္
သူတိုု႔အလုုပ္ကိုု ေကာင္းေကာင္းမြန္မြန္ လုုပ္လိုု႔ရတာေပါ႕။

၅။ အိုုစိတ္ : အိုုလာရင္ စိတ္ေနစိတ္ထား
မွန္မွန္ကန္ကန္ ထားတတ္ဖိုု႔လိုုပါတယ္။

ကိုုယ္အသံုုးမကၽ​ေတာ့ဘူးဆိုုၿပီး မသိမ္ငယ္သင့္ပါဘူး။

ေသျခင္းတရားကိုု ေတြးေတာၿပီး ေၾကာက္မေနသင့္ပါဘူး။

မေမ့မ​ေလၽာ႔​ ေနထိုုင္သင့္ပါတယ္။
တစ္ရက္အသက္ရွင္ရင္ တစ္ရက္အျမတ္ပဲ၊
တန္ေအာင္အသက္ရွင္ရမယ္ဆိုုတဲ့ စိတ္မၽိဳ း​ေမြးျမဴ ရပါမယ္။

ကၽန္းမာေရးအဆင္ေျပရင္ အလႉပြဲေတြ၊
ကူညီမူ ၊ လႈပ္ရွားမူေတြ ၊ ဘာသာေရးပြဲေတြ
ကိုုယ္တတ္ႏိုုင္တဲ့ဘက္ကေန ပါ၀င္လႈပ္ရွားသင့္ပါတယ္။

စိတ္ဓါတ္ရႊင္လန္းၿပီး သန္႔သန္႔ ျပန္႔ျပန္႔ ေနထိုုင္သင့္ပါတယ္။

အသက္ႀကီးသူမၽားအားလံုုး ကၽန္းမာခၽမ္းေျမ႕ ႏိုုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thandar Han .
# Unicode Version ျဖင့္ ဖတ္ပါ #
၁ ။ အိုဖေါ် ( လင် မယား အို )

၂ ။ အို သိုက် ( နေအိမ် )

၃ ။ အို စာ ( ငွေကြေး )

၄ ။ အို ရေး ( ကျန်းမာရေး )

၅ ။ အို စိတ် ( စိတ်နေ စိတ်ထား )

ကျွန်တော်တို့အားလုံး အိုရမဲ့လူတွေကြီးကြီးပါ။

ခုမအိုသေးပေမဲ့ ဖတ်ထားရင်
ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊
ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။

အကြံလည်းပေးလို့ရတာပေါ့၊
အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊
ဘာသာရေး ရှု့ထောင့်ကနေမဟုတ်ပဲ လက်တွေ့
ဘဝရှု့ထောင့်ကနေ ဆွေးနွေးကြည့်ရအောင်.... ။

၁။ အိုဖေါ် : လင်အိုမယားအို
မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။

အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့
တစ်ယောက်မျကနှာ တစ်ယောက်ကြည့်မရတာမျို း
မဖြစ်သင့်ဘူး။

ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက်
ပိုရပ်တည်တာမျို း မဖြစ်ရဘူး။

ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့
အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့
အလွန်အရေးကြီးပါတယ်။

ငယ်ငယ်တုန်းကတော့ ယော့က်ျားက ပိုက်ဆံရှာ၊
ယော့က်ျား အင်အားကောင်းတော့ အပြင်မှာ
ပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊
အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး
အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျို းဟာ၊

အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ
သားသမီးတွေ ကြီးလာရင် သားသမီးများက
အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့
အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။

ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ
ကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင်
ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။

၂။ အိုသိုက် : နေဖို့ထိုင်ဖို့ အိမ်တစ်လုံး
ရှိထားဖို့လိုပါတယ်။

အဲဒီအိမ်ကိုလည်း မသေမချင်း ထိမ်းထားဖို့လိုပါလိမ့်မယ်။
ကိုယ်က မကြာမှီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။

မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ ( သို့ )
ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာ
မတန်ဘူး။

၃။ အိုစာ : အိုစာမင်းစာကို ဆိုလိုပါတယ်။
ရွှေဖြစ်ဖြစ် ၊ ပိုက်ဆံဖြစ်ဖြစ်
ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။

သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနီး မရှိဘူးဆိုပြီး
အကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင်
အိမ်ကဆင်းသွားရနိုင်တယ်။

အချစ်ရဲ့သဘာဝဟာ နောင်မျို းဆက်ကိုပဲ ဆင့်ပွားပါတယ်။

သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့
မွေးရာပါ သဘာဝဖြစ်ပါတယ်။

မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့
သွန်သင်ယူရတယ်။မွေးမြူ ယူရပါတယ်။
အဲဒါကြောင့် မသေချာတတ်ဘူး။

မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို
'အပြုံ းမပျက်' ကျွေးမွေးနိုင်ပေမဲ့၊
သားသမီး (၁၀ ) ယောက်ဟာ မိဘနှစ်ပါးကို
'ဆူပုတ်လောက်အောင်' ကျွေးမွေးရတယ် ဆိုတဲ့
စကားပုံတစ်ခုကို ကြားဖူးပါတယ်။

ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။

၄။ အိုရေး : အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို
အတိုကောက်ရေးလိုက်တာပါ။

အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။

မနက်တိုင်းလမ်းလျှောက်တာမျို း
အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျို း
ပါဝင်သင့်ပါတယ်။

ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှ
အတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။

ကိုယ့်ရဲ့ ကျန်းမာရေးကောင်းမွန်ခြင်းဟာ
ကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ
လာဘ်တစ်ပါးဖြစ်ပါတယ်။

သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင်
သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။

၅။ အိုစိတ် : အိုလာရင် စိတ်နေစိတ်ထား
မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။

ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။

သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။

မမေ့မလျော့ နေထိုင်သင့်ပါတယ်။
တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊
တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျို းမွေးမြူ ရပါမယ်။

ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊
ကူညီမူ ၊ လှုပ်ရှားမူတွေ ၊ ဘာသာရေးပွဲတွေ
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားသင့်ပါတယ်။

စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။

အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Thandar Han .
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top