(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×




































၁၉၉၅ခုနွစ္ စစ္အစိုးရလက္ထက္က သိမ္းဆည္းထားေသာ လယ္ဧက ၅၉၉ဧကကို မူလပိုင္ရွင္ လယ္သမားမ်ားသို့ ယခုတိုင္ျပန္လည္မေပးအပ္သည့္အတြက္ (၄)ၾကိမ္ေျမာက္(ယခုအစိုးရလက္ထက္တြင္ ပထမအၾကိမ္ေျမာက္)ဆႏၵျပ
ေဖၚထုတ္ပြဲကိုေအာက္တိုဘာ(၅)ရက္ေန့နံနက္(၁၀)နာရီကျပုလုပ္ေၾကာငိးသတင္းရရွိသည္။
နစ္နာသူ လယ္သမား(၆၃)ဦးကို လယ္သမားအေရးေဆာင္ရြက္သူ ဦးဝင္းခ်ိဳႏွင့္ဦးေဇာ္ရမ္းတို့က ဦးေဆာင္၍ ပဲခူးေကာလိပ္မွ လႊတ္ေတာ္
ရုံးေရွ႕ထိဆႏၵျပလမ္းေလ်ာက္ေဟာေျပာခ့ဲသည္။
      ပဲခူးျမိ့ဳ ရပ္ကြက္ၾကီး(၈/၉)အတြင္း ရန္ကုန္/မႏၵေလးလမ္းမၾကီး နေဘးရွိ လယ္ေျမမ်ားကိုလြန္ခ့ဲသည့္ ၂၃နွွစ္ ကထည္းက မူလလယ္သမားမ်ားထံမွ စစ္အစိုးရတာဝန္ရွိသူမ်ားမွ သိမ္းဆည္းခ့ဲျပီး မည့္သည့္စီမံကိန္းမွ မလုပ္ေဆာင္ခ့ဲဘဲ
သီးနွံစိုက္ပ်ိဳးခြင့္လည္းမေပးခ့ဲသျဖင့္ နိူင္ငံေတာ္အတြက္ ၾကီးမားေသာဆံုးရွုံးမႈ႕ကို ျဖစ္ေပၚေစခ့ဲေၾကာင္း လယ္သမားအေရးေဆာင္ရြက္သူဦးေဇာ္ရမ္းကေျပာသည္။
 ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ယခုလယ္ယာေျမကိစၥမ်ားအတြက္စတင္ေဆာင္ရြက္ဆႏၵျပခ့ဲသျဖင့္ ေထာင္က်ခ့ဲဘူးသူ ဦးဝင္းခ်ိဳမွ
“NLD ပါတီကတာဝန္ရွိသူေတြဟာ သူတို႕တတ္ႏိူင္သေလာက္ အေကာင္းဆံုး ေဆာင္
ရြက္ႀကမွာျဖစ္တယ္။တခ်ိဳ႕ကိစၥေတြဟာ သူတို႕မသိႀကေသးလို႕ျဖစ္မွာပါ” လို႕ ႏွလံုးသြင္းခဲ႕တာႀကာေပါ့ေလ။

အခုေတာ့အဲသလိုႏွလံုးသြင္းဖို႕မျဖစ္ႏိူင္ေတာ့။ပဲခူးတိုင္းေဒသႀကီးပဲခူးျမိဳ႕မွာ(၁၉၉၅)ခုႏစ္မတိုင္ခင္ကတည္းကစီမံကိန္းအေႀကာင္းျပသိမ္းထားတဲ႕ေျမ။စီမံကိန္းအေႀကာင္းျပျပီး
ကိုယ္က်ိဳးရွာေနသလိုျဖစ္ေနတဲ႕အတြက္ဝန္ႀကီးခ်ဳပ္ဦးဥာဏ္ဝင္းလက္ထက္(၂၀၁၃)
ခုႏွစ္တုန္းက အဓမၼေျမသိမ္းခံရတဲ႕ျပည္သူေတြရဲ႕သေဘာထားကို အုပ္ခ်ဳပ္သူေတြသိဖို႕
က်ေနာ္ကိုယ္တိုင္ဦးေဆာင္ျပီးဆႏၵျပလိုက္တာက်ေနာ္ကိုယ္တိုင္ပဲခူးေထာင္ထဲကိုေရာက္သြားပါေလေရာ။ဒါေပမဲ႕ဘာစီမံကိန္းမွလည္းမလုပ္။မူလအမည္ေပါက္ေျမပိုင္ရွင္ေတြလက္ထဲျပန္ေပးဖို႕ကိုလည္းမသိသလို၊ေသာက္ဂရုမစိုက္သလိုပံုစံနဲ႕ေနလာလိုက္တာ
(၂၀၁၈)အခုအခ်ိန္ထိပါဘဲ။အရင္အစိုးရနဲ႕ဝန္ႀကီးခ်ဳပ္ကျပည္သူ႕ဖက္ကမရပ္တည္ေပမဲ႕ေဒၚေအာင္ဆန္းစုႀကည္ဦးေဆာင္တဲ႕NLDအစိုးရတက္ရင္ဒီကိစၥေတြကိုေျဖရွင္းေပးမွာပါလို႕သေဘာထားခဲ႕တဲ႕ထဲမွာက်ေနာ္တို႕လည္းပါပါတယ္။ အခုေတာ့အ့ဲလိုသေဘာမထားနိူင္လို့ က်ေနာ္ပါလာရပါျပီ” ဟု ဆိုသည္။
     NLDအစိုးရ လက္ထက္တြင္ သိမ္းဆည္းထားေသာဧက ၅၉၉မွ ၁၆၀ဧကကို ကုမၼဏီတစ္ခုမွေလလံေအာင္ထားသည္ဟု ၾကား သိရေသာ္လည္းပြင့္လင္းျမင္သာမႈ႕မရွိေၾကာင္း ၊က်န္ရွိေျမမ်ားနွင့္ပါတ္သက္၍လည္း မည္သို့ဆက္လက္ေဆာင္ရြက္မည္ကို မသိရွိ ရေသးေၾကာင္း ။ ႏိူင္ငံေတာ္အတြက္ အမွန္တကယ္အသံုးျပဳမည္ဆိုပါကလည္း လိုအပ္သေလာက္အသံုးျပဳ၍က်န္ေျမမ်ားကိုျပန္ေပးေစ လိုေၾကာင္းလယ္သမားအေရးေဆာင္ရြက္သူ ဦးခင္ေမာင္ထိုက္က ဆိုသည္ ဆႏၵျပဳ ေဟာေျပာထုတ္ေဖာ္ပြဲကို လႊတ္ေတာ္ရုံးေရွ႕တြင္ ေန့လည္ ၂း၃၀ အခ်ိန္က အဆံုးသတ္ျပီးဆံုးသြားသည္ဟု သတင္းရရွိသည္။
                                               

ဖိုးသူေတာ္ (www.phothutaw.com)
Credit:     ေဖၾကည္
# Unicode Version ျဖင့္ ဖတ္ပါ #
၁၉၉၅ခုနှစ် စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသော လယ်ဧက ၅၉၉ဧကကို မူလပိုင်ရှင် လယ်သမားများသို့ ယခုတိုင်ပြန်လည်မပေးအပ်သည့်အတွက် (၄)ကြိမ်မြောက်(ယခုအစိုးရလက်ထက်တွင် ပထမအကြိမ်မြောက်)ဆန္ဒပြ
ဖေါ်ထုတ်ပွဲကိုအောက်တိုဘာ(၅)ရက်နေ့နံနက်(၁၀)နာရီကပြုလုပ်ကြောငိးသတင်းရရှိသည်။
နစ်နာသူ လယ်သမား(၆၃)ဦးကို လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုနှင့်ဦးဇော်ရမ်းတို့က ဦးဆောင်၍ ပဲခူးကောလိပ်မှ လွှတ်တော်
ရုံးရှေ့ထိဆန္ဒပြလမ်းလျောက်ဟောပြောခဲ့သည်။
      ပဲခူးမြိ့ု ရပ်ကွက်ကြီး(၈/၉)အတွင်း ရန်ကုန်/မန္ဒလေးလမ်းမကြီး နဘေးရှိ လယ်မြေများကိုလွန်ခဲ့သည့် ၂၃နှစ် ကထည်းက မူလလယ်သမားများထံမှ စစ်အစိုးရတာဝန်ရှိသူများမှ သိမ်းဆည်းခဲ့ပြီး မည့်သည့်စီမံကိန်းမှ မလုပ်ဆောင်ခဲ့ဘဲ
သီးနှံစိုက်ပျိုးခွင့်လည်းမပေးခဲ့သဖြင့် နိူင်ငံတော်အတွက် ကြီးမားသောဆုံးရှုံးမှု့ကို ဖြစ်ပေါ်စေခဲ့ကြောင်း လယ်သမားအရေးဆောင်ရွက်သူဦးဇော်ရမ်းကပြောသည်။
 ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယခုလယ်ယာမြေကိစ္စများအတွက်စတင်ဆောင်ရွက်ဆန္ဒပြခဲ့သဖြင့် ထောင်ကျခဲ့ဘူးသူ ဦးဝင်းချိုမှ
“NLD ပါတီကတာဝန်ရှိသူတွေဟာ သူတို့တတ်နိူင်သလောက် အကောင်းဆုံး ဆောင်
ရွက်ကြမှာဖြစ်တယ်။တချို့ကိစ္စတွေဟာ သူတို့မသိကြသေးလို့ဖြစ်မှာပါ” လို့ နှလုံးသွင်းခဲ့တာကြာပေါ့လေ။
အခုတော့အဲသလိုနှလုံးသွင်းဖို့မဖြစ်နိူင်တော့။ပဲခူးတိုင်းဒေသကြီးပဲခူးမြို့မှာ(၁၉၉၅)ခုနစ်မတိုင်ခင်ကတည်းကစီမံကိန်းအကြောင်းပြသိမ်းထားတဲ့မြေ။စီမံကိန်းအကြောင်းပြပြီး
ကိုယ်ကျိုးရှာနေသလိုဖြစ်နေတဲ့အတွက်ဝန်ကြီးချုပ်ဦးဉာဏ်ဝင်းလက်ထက်(၂၀၁၃)
ခုနှစ်တုန်းက အဓမ္မမြေသိမ်းခံရတဲ့ပြည်သူတွေရဲ့သဘောထားကို အုပ်ချုပ်သူတွေသိဖို့
ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးဆန္ဒပြလိုက်တာကျနော်ကိုယ်တိုင်ပဲခူးထောင်ထဲကိုရောက်သွားပါလေရော။ဒါပေမဲ့ဘာစီမံကိန်းမှလည်းမလုပ်။မူလအမည်ပေါက်မြေပိုင်ရှင်တွေလက်ထဲပြန်ပေးဖို့ကိုလည်းမသိသလို၊သောက်ဂရုမစိုက်သလိုပုံစံနဲ့နေလာလိုက်တာ
(၂၀၁၈)အခုအချိန်ထိပါဘဲ။အရင်အစိုးရနဲ့ဝန်ကြီးချုပ်ကပြည်သူ့ဖက်ကမရပ်တည်ပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLDအစိုးရတက်ရင်ဒီကိစ္စတွေကိုဖြေရှင်းပေးမှာပါလို့သဘောထားခဲ့တဲ့ထဲမှာကျနော်တို့လည်းပါပါတယ်။ အခုတော့အဲ့လိုသဘောမထားနိူင်လို့ ကျနော်ပါလာရပါပြီ” ဟု ဆိုသည်။
     NLDအစိုးရ လက်ထက်တွင် သိမ်းဆည်းထားသောဧက ၅၉၉မှ ၁၆၀ဧကကို ကုမ္မဏီတစ်ခုမှလေလံအောင်ထားသည်ဟု ကြား သိရသော်လည်းပွင့်လင်းမြင်သာမှု့မရှိကြောင်း ၊ကျန်ရှိမြေများနှင့်ပါတ်သက်၍လည်း မည်သို့ဆက်လက်ဆောင်ရွက်မည်ကို မသိရှိ ရသေးကြောင်း ။ နိူင်ငံတော်အတွက် အမှန်တကယ်အသုံးပြုမည်ဆိုပါကလည်း လိုအပ်သလောက်အသုံးပြု၍ကျန်မြေများကိုပြန်ပေးစေ လိုကြောင်းလယ်သမားအရေးဆောင်ရွက်သူ ဦးခင်မောင်ထိုက်က ဆိုသည် ဆန္ဒပြု ဟောပြောထုတ်ဖော်ပွဲကို လွှတ်တော်ရုံးရှေ့တွင် နေ့လည် ၂း၃၀ အချိန်က အဆုံးသတ်ပြီးဆုံးသွားသည်ဟု သတင်းရရှိသည်။
                                               

ဖိုးသူတော် (www.phothutaw.com)
Credit:     ဖေကြည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top