ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×







အဆီတွေ မစားပါနဲ့






# Unicode Version ဖြင့် ဖတ်ပါ #
အချို့    အလေ့ အထ တွေက  ကျန်းမာရေးနဲ့ ညီညွတ်တယ် ထင် လို့ လုပ်မိနေပေမဲ့   ကျန်းမာရေး အတွက် အထောက်အကူမပြုတဲ့အပြင်  ဆိုးကျိုး သက်ရောက်မှုတွေတောင်   ရှိစေပါ သေး တယ်။     သည်လို  အလေ့အထတွေ လဲ   ကိုယ် တိုင်မှာရောရှိနေလား ဆန်းစစ်ကြည့် လိုက် ပါဦး။

လေ့လာမှုတွေအရ ဒီအလေ့အထ တွေ က ကျန်းမာရေးအတွက်   အထောက် အကူမပြုနိုင်ပါဘူး။

မနက်စာကို   အများကြီးစားခြင်း

ကျန်းမာချင်တယ်ဆိုရင်    မနက်စာနဲ့ ညစာကိုလျှော့စားပြီး     နေ့လယ်စာကို များ များစားပေးပါ။ လူခန္ဓာကိုယ်က   အစာ တွေ ကို    အကောင်းဆုံး    ချေဖျက်ပေးနိုင်တဲ့  အ ချိန်က   နေ့လယ်  ၁၂းဝဝ  နာရီနဲ့   ၁းဝဝ    နာရီ အတွင်းပါ။   မနက်စာနဲ့ညစာကို အများ ကြီး စားတာက    ခန္ဓာကိုယ်ကို    ဝန်ပိစေပြီး အ စာ ခြေစနစ်ကို    ထိခိုက်စေနိုင်ပါတယ်။   ဒါ ကြောင့် မနက်စာနဲ့ ညစာကိုလျှော့စား ပါ။ နေ့လယ်စာကို    များများစားပေးပါ။

တစ်နေ့ကို ရေရှစ်ခွက်သောက်ခြင်း

ရေ   ကို    ဆာ   မှ   သောက်  တာ  က    အ ကောင်း ဆုံးပါ။   ရေမဆာဘဲ  တစ်နေ့   ရှစ် ခွက်  သောက်ရမယ်ဆိုတဲ့  ပုံသေနည်းကြီး အတိုင်းမဖြစ်မနေမသောက်စေချင်တာပါ။ ရေကို အလွန်အကျွံ  သောက်တာက    အဝ လွန်တာ၊ အရေပြားပြဿနာနဲ့   အခြား သော ကျန်းမာရေး ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင့် အနေနဲ့ တကယ်ကို    ရေငတ်တာ   ဆိုရင်တော့ သောက် ပါ။   ရေမဆာဘဲ တစ်နေ့   ရှစ်ခွက် ပြည့် အောင်  သောက်မယ်   ဆိုတဲ့   ဆန္ဒနဲ့ တော့မသောက်ပါနဲ့။

အဆီတွေ မစားပါနဲ့

ခန္ဓာကိုယ်အတွက်   အဆီဓာတ်က    လို အပ်ပေမဲ့ အလွန်အကျွံဆိုရင်တော့ ဘာမှ မကောင်းပါဘူး။  ကျန်းမာရေးနဲ့ညီညွတ် တဲ့ အဆီတွေဖြစ်နေရင်တောင်  အများကြီး   မ စားပါနဲ့။    မုန်ညင်းဆီ၊ အုန်းဆီ၊  အခွံမာသီး တွေကနေ   ရတဲ့ အဆီတွေ၊  ထောပတ်သီး ဆီတွေက    ကျန်းမာရေးအတွက်  ကောင်း တယ်ဆိုပေမဲ့      အလွန်အကျွံ   မစားပါနဲ့။

ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်မယ်

နေ့စဉ်ပုံမှန်  လုံလောက်တဲ့   အိပ်စက် ချိန် လေးထားပါ။  တစ်ပတ်လုံး  အိပ်ရေး ပျက်ခံထားပြီး   ပိတ်ရက်ကျမှ  အတိုးချ အိပ် မယ်ဆိုပြီး မလုပ်ပါနဲ့။  ညတိုင်း   နောက် အ ကျ ဆုံးဆိုရင်တောင်   ၁ဝး၃၀    နာရီမှာ   အိပ် ရာဝင်ပါ။  မနက်တိုင်း      ၆းဝဝ   နာရီထက် နောက်မကျဘဲ    ထပေးပါ။    ဒါက   ကျန်းမာ ရေးနဲ့   ညီညွတ်တဲ့   အိပ်စက်မှုပုံစံ   တစ်ရပ် ဖြစ် တာကြောင့်    အလေ့အထ  ဖြစ်အောင် မွေးမြူပေးပါ။

နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာ

နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်ဖြစ် တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောနေ တတ် ကြပါတယ်။ ဒါကအခုနောက်ပိုင်းမှာ  ကျန်း မာရေးအလေ့အထ   တစ်ခုလို့ပြောလာကြ ပါတယ်။   နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာ က တကယ်ရော  ကျန်းမာရေးညီညွတ်ရဲ့ လား။ နေ့တိုင်း    လေ့ကျင့်ခန်းလုပ်တဲ့အခါ    ကြွက် သား တွေ၊ အရိုးအဆစ်တွေကို  ထိခိုက် စေ နိုင်သလို    ကိုယ်လက်ကိုက်ခဲတာ     အခန့် မသင့်ရင် ဖျားတာမျိုးအထိဖြစ်နိုင်ပါ တယ်။

  ဖိုးသူတော် (www.phothutaw.com)
Credit:မအေးသီမွန်[Ref: Cu rejoy]
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top