ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လက္စားေခ်တာအမ်ိဳးမ်ိဳးထဲမွာ ဒီလက္စားေခ်တာကေတာ့ အေတာ့္ကိုၾကမ္းတမ္းတယ္လို႔ဆိုရမွာပါ။ ဘရာဇီးႏိုင္ငံ ရီ႐ိုဒီဂ်ေနး႐ိုး ၿမိဳ႕ရဲ႕ ေဒသခံရဲတပ္ရင္းက တပ္ၾကပ္တစ္ေယာက္ျဖစ္တဲ့ ရဲေမ ဂ်ဳလီယာ နဲ႔အဖြဲ႕ဟာ မူးယစ္ဂိုဏ္းတစ္ခုျဖစ္တဲ့ Comando Vermelho ေခါင္းေဆာင္ ေဒါက္ဂလပ္စ္ ဒိုနာတို ပီယာရာ ကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

အဲ့ဒါကို မေက်နပ္တဲ့ ဗာမယ္လ္ဟို အဖြဲ႕သားေတြဟာ ႏိုင္ငံျခားက အမည္မေဖာ္လိုသူ Hacker တစ္ေယာက္နဲ႔ေပါင္းၿပီး တပ္ၾကပ္ႀကီး ဂ်ဴလီယာ ကိုလက္စားေျခဖို႔အမ်ိဳးမ်ိဳးႀကံစည္ခဲ့ၾကတယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ဟာ တပ္ၾကပ္ ဂ်ဳလီယာ ရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို ဟက္ၿပီး ဂ်ဳလီယာရဲ႕ မက္ေဆ့ခ်္ေဘာက္ထဲက ကိုယ္လုံးတီးပုံေတြကို လူမႈကြန္ယက္ေပၚမွာ ဖြခဲ့ၾကပါေတာ့တယ္။

ဟက္ကာ နဲ႔ အဖြဲ႕သားေတြဟာ ဂ်ီေမးလ္အတုေတြ နဲ႔ ေဖ့ဘုတ္အေကာင့္တုေတြအမ်ားအျပားအသုံးျပဳခဲ့ၿပီး ဂ်ဳလီယာ ရဲ႕ ပုံေတြကိုလူမႈကြန္ယက္ေပၚမွာ ေအာင္ေအာင္ျမင္ျမင္ပဲဖြႏိုင္ခဲ့ၾကတယ္။ ဘရာဇီးလ္လူမႈကြန္ယက္အသုံးျပဳသူ ေသာင္းဂဏန္းဆီပုံေတြျပန႔္ႏွံ႔လာေတာ့မွ ဂ်ဳလီယာ နဲ႔ ရဲတပ္ဖြဲ႕က သိခဲ့တာျဖစ္ပါတယ္။ ပုံေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတဲ့အခ်ိန္မွာေတာ့ အေတာ္ေလးေနာက္က်ေနခဲ့ၿပီျဖစ္ၿပီး ပုံေတြဟာ Google ေပၚေတာင္ေရာက္ရွိေနခဲ့ပါၿပီ။

Google ေပၚက ပုံတစ္ခ်ိဳ႕ကိုဖ်က္ခ်ႏိုင္ခဲ့ေပမယ့္ ဝက္ဘ္ဆိုဒ္အမ်ားအျပားနဲ႔ ေဖ့ဘုတ္ေပၚမွာေတာ့ ဂ်ဳလီယာ ရဲ႕ပုံေတြအမ်ားႀကီးက်န္ရွိေနပါေသးတယ္။ ျဖန႔္လိုက္တဲ့ ႏိုင္ငံျခားသား Hacker နဲ႔ အဖြဲ႕ဝင္ေတြကိုေတာ့ ဒီေန႔ထိဖမ္းမမိေသးဘူးလို႔သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: we.com.mm

#Unicode Version#
လက်စားချေတာအမျိုးမျိုးထဲမှာ ဒီလက်စားချေတာကတော့ အတော့်ကိုကြမ်းတမ်းတယ်လို့ဆိုရမှာပါ။ ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေးရိုး မြို့ရဲ့ ဒေသခံရဲတပ်ရင်းက တပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရဲမေ ဂျုလီယာ နဲ့အဖွဲ့ဟာ မူးယစ်ဂိုဏ်းတစ်ခုဖြစ်တဲ့ Comando Vermelho ခေါင်းဆောင် ဒေါက်ဂလပ်စ် ဒိုနာတို ပီယာရာ ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲ့ဒါကို မကျေနပ်တဲ့ ဗာမယ်လ်ဟို အဖွဲ့သားတွေဟာ နိုင်ငံခြားက အမည်မဖော်လိုသူ Hacker တစ်ယောက်နဲ့ပေါင်းပြီး တပ်ကြပ်ကြီး ဂျူလီယာ ကိုလက်စားခြေဖို့အမျိုးမျိုးကြံစည်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ တပ်ကြပ် ဂျုလီယာ ရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဟက်ပြီး ဂျုလီယာရဲ့ မက်ဆေ့ချ်ဘောက်ထဲက ကိုယ်လုံးတီးပုံတွေကို လူမှုကွန်ယက်ပေါ်မှာ ဖွခဲ့ကြပါတော့တယ်။

ဟက်ကာ နဲ့ အဖွဲ့သားတွေဟာ ဂျီမေးလ်အတုတွေ နဲ့ ဖေ့ဘုတ်အကောင့်တုတွေအများအပြားအသုံးပြုခဲ့ပြီး ဂျုလီယာ ရဲ့ ပုံတွေကိုလူမှုကွန်ယက်ပေါ်မှာ အောင်အောင်မြင်မြင်ပဲဖွနိုင်ခဲ့ကြတယ်။ ဘရာဇီးလ်လူမှုကွန်ယက်အသုံးပြုသူ သောင်းဂဏန်းဆီပုံတွေပြန့်နှံ့လာတော့မှ ဂျုလီယာ နဲ့ ရဲတပ်ဖွဲ့က သိခဲ့တာဖြစ်ပါတယ်။ ပုံတွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အချိန်မှာတော့ အတော်လေးနောက်ကျနေခဲ့ပြီဖြစ်ပြီး ပုံတွေဟာ Google ပေါ်တောင်ရောက်ရှိနေခဲ့ပါပြီ။

Google ပေါ်က ပုံတစ်ချို့ကိုဖျက်ချနိုင်ခဲ့ပေမယ့် ဝက်ဘ်ဆိုဒ်အများအပြားနဲ့ ဖေ့ဘုတ်ပေါ်မှာတော့ ဂျုလီယာ ရဲ့ပုံတွေအများကြီးကျန်ရှိနေပါသေးတယ်။ ဖြန့်လိုက်တဲ့ နိုင်ငံခြားသား Hacker နဲ့ အဖွဲ့ဝင်တွေကိုတော့ ဒီနေ့ထိဖမ်းမမိသေးဘူးလို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: we.com.mm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top