ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ခါတုန္းက တာ၀တႎသာနတ္ျပည္က နတ္သမီးေလးတစ္ပါးဟာ လူ႔ျပည္ကို နတ္မ်က္စိနဲ႔ၾကည့္မိသတဲ့။ အဲဒီလိုၾကည့္မိတဲ့အခါ လူ႔ျပည္မွာ ၀ါတြင္းကာလျဖစ္တာမို႔ လူေတြအမ်ားႀကီး ဥပုသ္ေစာင့္ၾကတာကို ေတြ႕ရတာေပါ့။

အဲဒီအခါ နတ္သမီးေလးက သိၾကားမင္းႀကီးကို
အရွင္သိၾကားမင္း၊ လူ႔ျပည္မွ လူေတြဒီေလာက္ ဥပုသ္ေစာင့္ၾကရင္ သူတို႔ကြယ္လြန္တဲ့အခါ နတ္ျပည္ေရာက္ၾကမွာမို႔ နတ္ျပည္မွာေနစရာမွ ရွိပါဦးမလားလို႔ ေလွ်ာက္ထားလုိက္တယ္။

သိၾကားမင္းက တရားေတာ္နဲ႔အညီ ဥပုသ္ေစာင့္တတ္မွ ကုသိုလ္ကရတာ။ ကုသုိလ္ရမွ နတ္ျပည္ေရာက္ႏုိင္တာ။ ဥပုသ္ေစာင့္တိုင္း နတ္ျပည္ေရာက္ႏုိင္တာ မဟုတ္ဘူး။ သင္မယံုၾကည္ရင္ လူေတြ ဥပုသ္ေစာင့္တတ္ မေစာင့္တတ္နဲ႔ ဥပုသ္ေစာင့္တဲ့သူေတြထဲက နတ္ျပည္ေရာက္ႏုိင္တဲ့သူ ပါမပါကို ငါလက္ေတြ႕ျပမယ္လို႔ နတ္သမီးေလးကိုေျပာပါတယ္။

အဲဒီေနာက္ သိၾကားမင္းဟာ မိမိကိုယ္ကို အသက္(၆၀)ေက်ာ္ အဘိုးႀကီးအသြင္ ဖန္ဆင္းလုိက္ၿပီး နတ္သမီးေလးကိုေတာ့ (၁၆)ႏွစ္အရြယ္ အပ်ဳိမေလးလို ဖန္ဆင္းကာ လူ႔ျပည္ကို ဆင္းသက္လုိက္တယ္။

လူ႔ျပည္ေရာက္တဲ့အခါ ဥပုသ္သည္ေတြ စုေ၀းေနတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြနဲ႔ ဇရပ္ေတြဘက္ကိုစံုတြဲခုတ္ၿပီး သြားလာလည္ပတ္ၾကသတဲ့။ အဲဒီအခါ ဇရပ္တစ္ေဆာင္ေပၚမွာ အမ်ဳိးသမီးတစ္စုဟာ ဥပုသ္ေစာင့္တယ္ဆိုၿပီး စုေ၀း၀ိုင္းဖြဲ႕ကာ သူမ်ားအတင္းေတြ ေျပာေနၾကတယ္။ အဲဒီအနား လူေယာင္ဖန္ဆင္းတဲ့ သိၾကားမင္းတို႔စံုတြဲ ေရာက္သြားတဲ့အခါ ဇရပ္ေပၚက အမ်ဳိးသမီးတစ္စုက (၁၆)ႏွစ္ရြယ္ သမီးပ်ဳိေလးကို

” ဟဲ့သူငယ္မ ညည္းနဲ႔အဘိုးႀကီး ဘာေတာ္သလဲ။ ညည္းအေဖလား ေယာက္်ားလား” လို႔ စပ္စပ္စုစု ေမးၾကသတဲ့။

မိန္းမပ်ဳိေယာင္ေဆာင္ထားတဲ့ နတ္သမီးက

“အဘိုးႀကီးဟာ ကၽြန္မရဲ႕ခင္ပြန္းပါရွင့္”

လုိ႔ ေျဖတဲ့အခါ ဥပုသ္ေစာင့္တဲ့ အမ်ဳိးသမီးေတြက ေမးေငါ့ၿပီး

” ၾကည့္စမ္းပါဦးေတာ္ ရုပ္ကေလး
သနားကမား ပ်ဳိပ်ဳိရြယ္ရြယ္ကေလးနဲ႔ ဒီေသခါနီး အဘိုးႀကီးကိုပဲ ယူရသလား။ တကယ္ဆိုရင္ ရြယ္တူတန္းတူ ယူေရာေပါ့ေအ။
ဟိုအဘိုးႀကီးကလည္း ေသခါနီးမွ ရိကၡာယူရတယ္လို႔။ ႏြားအိုျမက္ႏုႀကိဳက္ဆိုတာ ဒါမ်ဳိးေပါ့”

လို႔ တစ္ေယာက္တစ္ေပါက္ အတင္းေျပာၾကသတဲ့။

အဲဒီကေန ေနာက္တစ္ေနရာကို ေရာက္သြားတဲ့အခါ အမ်ဳိးသားေတြစုၿပီးေနတဲ့ ေက်ာင္းေဆာင္တစ္ခုအနားကို ေရာက္သြားတယ္။ အဲဒီနားကို သူတို႔စံုတြဲ ေရာက္သြားတယ္ဆိုရင္ပဲ ေယာက္်ားေတြက

” ၾကည့္စမ္းေဟ့ မလုိက္တဲ့စံုတြဲကြာ။ အဘိုးႀကီးကလည္း မေခဘူးေနာ္။ ေကာင္မေလးကို မုန္႔ေပးၿပီးႀကိဳက္တာေနမွာ။ ေကာင္မေလးကေတာ့ ကံဆိုးတာပဲ။ မၾကာခင္မွာ မုဆိုးမ ျဖစ္ေတာ့မယ္။ ဟဲ့ေကာင္ မုဆုိးမျဖစ္သြားရင္ တို႔သြားၿပီး တန္းစီၾကရင္ မေကာင္းဘူလား “လို႔ မၾကားတၾကား သေရာ္ၾကသတဲ့။

အဲဒီေက်ာင္းေဆာင္ဘက္က ထြက္ၿပီးေနာက္ ေရအုိးစင္ တစ္ခုနားကို ေရာက္သြားတယ္။ အဲဒီေရအုိးစင္နားမွာ အဘြားအိုတစ္ဦးဟာဘယ္သူနဲ႔မွ် စကားမေျပာဘဲ မ်က္စိမွိတ္ၿပီး စိပ္ပုတီးကိုပဲ အသာစိပ္ေနသတဲ့။

မိန္းမပ်ဳိေယာင္ေဆာင္ထားတဲ့ နတ္သမီးေလးက အဖြားအိုနားကိုသြားၿပီး

” အဖြား ဒီေရအိုးစင္မွာ ေရရွိသလား။ ကၽြန္မခင္ပြန္း ေရဆာေနလို႔ပါရွင္”

လို႔ ခြင့္ေတာင္းတဲ့အခါ အဘြားအိုက

” ရွိပါတယ္ သူငယ္မရယ္။ သေဘာရွိေသာက္ပါ။ ကုသိုလ္လုိခ်င္လုိ႔ အဘြားကိုယ္တုိင္ ခပ္ထားတာပါ ”

လို႔ ေျပာပါတယ္။ ၿပီးေတာ့မွ အဘိုးႀကီးေယာင္ေဆာင္ထားတဲ့ သိၾကားမင္းကို တစ္ခ်က္ေလာက္ၾကည့္လုိက္ၿပီး

” ေၾသာ္ေမာင္ႀကီးရယ္ သူငယ္မရဲ႕ ခင္ပြန္းသည္ကိုး။ ဒီလိုေပါ့ေအရယ္ ေရွးကေရစက္ဆိုတာ အမ်ဳိးမ်ဳိးဆံုစည္းရတာပဲ။ စိတ္ေကာင္းေကာင္းထားၿပီး ဖခင္နဲ႔တူေသာ ခင္ပြန္းရယ္လုိ႔ သေဘာထားရမွာပဲ။ ရိုရိုေသေသျပဳစုေပါ့ကြယ္ “လို႔ ဆံုးမစကားေျပာပါတယ္။

အဲဒီေနာက္ေတာ့ သိၾကားမင္းနဲ႔ နတ္သမီးေလးတို႔ဟာ နတ္ျပည္ကုိျပန္သြားသတ့ဲ။

နတ္ျပည္ေရာက္တဲ့အခါ သိၾကားမင္းက ” ကိုင္း ဘယ့္ႏွယ့္ရွိစ၊ လူ႔ျပည္မွာ ဥပုသ္ေစာင့္တဲ့ သူေတြကေတာ့မ်ားပါရဲ႕၊ အမ်ားစုက ေစတနာမသန္႔ၾကဘူး။ ရိုးရိုးသားသား ကုသိုလ္လိုလားၿပီး ဥပုသ္ေစာင့္တဲ့သူက နည္းတယ္။

ဒါေၾကာင့္ အခု ဥပုသ္ေစာင့္တဲ့သူေတြထဲမွာ ေနာက္ဆံုးေတြ႕တဲ့ အဘြားအိုတစ္ေယာက္ပဲ နတ္ျပည္ေရာက္လိမ့္မယ္။ က်န္လူေတြကေတာ့ ထံုးစံအတိုင္း ေအာက္ျပည္သြားၾကရမွာပဲ” လို႔ နတ္သမီးေလးကို ေျပာျပပါတယ္။

ဥပုသ္ေစာင့္ျခင္းရဲ႕ အသြင္သ႑ာန္နဲ႔ အႏွစ္သာရ မတူကြဲျပားပံုကို ခြဲျခား ေဖာ္ျပလုိတာပါ။ အႏွစ္သာရမပါတဲ့ အသြင္သ႑ာန္ဆိုတာ တကယ္ေတာ့ အကာသက္သက္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္​း​ေရးသူ

ဓမၼမိတ္​​ေဆြမ်ား ​ေကာင္​းက်ိဳး တရား တိုးပြားၾကပါ​ေစ

#Unicode Version#
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။

လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကိုစုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေးဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို

” ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား” လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

“အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်”

လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး

” ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့”

လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက

” ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား “လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး

” အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်”

လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

” ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ ”

လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး

” သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် “လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။

နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက ” ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ” လို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: မူရင်းရေးသူ

ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top