ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေအာက္တိုဘာ(၃)ရက္ေန႔ ည(၁၁)နာရီ (၂၀)အခ်ိန္ ပါရမီေဆး႐ုံမွာ ႐ုတ္တရက္ ေသဆုံးသြားခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသားေခ်ာ မင္းေသြးရဲ့ နာေရးသတင္းကိုေတာ့ ပရိသတ္ႀကီး ၾကားသိၾကမယ္ထင္ပါတယ္။

ဘယ္သူမွမထင္ထားခဲ့တာေၾကာင့္ ပရိသတ္ေတြေကာ အႏုပညာေလာကသားအားလုံးပါ ယူၾကဳံးမရျဖစ္ကာ ဝမ္းနည္းပူေဆြးခဲ့ရတာေတြ႕ရပါတယ္။ အေပ်ာ္တမ္း ေဘာလုံးကန္ရင္း နားခ်ိန္မွာ ႏွလုံးရပ္ဆုံးပါးသြားခဲ့တာျဖစ္ၿပီး ငါးမိနစ္အတြင္း ေဆး႐ုံပို႔ခဲ့ေပမယ့္ မမွီခဲ့ဘူးလို႔ ဆုံးပါးခ်ိန္အနားမွာ အတူရွိေနတဲ့ Presenter ေကာင္းထက္ေဇာ္က ေျပာခဲ့တာျဖစ္ပါတယ္ ။

ဘယ္သူမွမေမၽွာ္လင့္ထားတာေၾကာင့္ မိသားစုပါမက ပရိသတ္ေတြေရာ အႏုပညာရွင္ေမာင္ႏွမေတြပါ ဝမ္းနည္းေၾကကြဲေနၾကတာလည္းျဖစ္ပါတယ္။အခုခါမွာေတာ့ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္ကိုယ္တိုင္ ေနအိမ္သို႔လာေရာက္ကာ သတင္းလာေမးခဲ့တာျဖစ္ပါတယ္။

အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား ကလည္း သူတို႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ယူၾကဳံးမရ စိတ္မေကာင္းျဖစ္တဲ့ အေၾကာင္းေလးေတြကို ေရးသားေဖာ္ျပထားတာလည္းေတြ႕ရပါတယ္။

ေနတိုး နဲ႔ မင္းေသြး တို႔ညီအကို ႏွစ္ေယာက္စလုံးက ျပည္သူခ်စ္ အႏုပညာရွင္ေတြ ျဖစ္ၾကတာမို႔ အႏုပညာရွင္မိသားစုထဲက ၾကယ္တစ္ပြင့္ ေႂကြလြင့္သြားသလိုပါပဲေနာ္ ။ Rest In Peace ပါ ကိုမင္းေသြးေရ ။ပရိသတ္ေတြတြက္ ဦးေဇာ္ေဇာ္နဲ႔ ေနတိုးတို႔ရဲ့ ပုံရိပ္ေတြကို မၽွေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Honey Tun

#Unicode Version#
အောက်တိုဘာ(၃)ရက်နေ့ ည(၁၁)နာရီ (၂၀)အချိန် ပါရမီဆေးရုံမှာ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ သရုပ်ဆောင်မင်းသားချော မင်းသွေးရဲ့ နာရေးသတင်းကိုတော့ ပရိသတ်ကြီး ကြားသိကြမယ်ထင်ပါတယ်။

ဘယ်သူမှမထင်ထားခဲ့တာကြောင့် ပရိသတ်တွေကော အနုပညာလောကသားအားလုံးပါ ယူကြုံးမရဖြစ်ကာ ဝမ်းနည်းပူဆွေးခဲ့ရတာတွေ့ရပါတယ်။ အပျော်တမ်း ဘောလုံးကန်ရင်း နားချိန်မှာ နှလုံးရပ်ဆုံးပါးသွားခဲ့တာဖြစ်ပြီး ငါးမိနစ်အတွင်း ဆေးရုံပို့ခဲ့ပေမယ့် မမှီခဲ့ဘူးလို့ ဆုံးပါးချိန်အနားမှာ အတူရှိနေတဲ့ Presenter ကောင်းထက်ဇော်က ပြောခဲ့တာဖြစ်ပါတယ် ။

ဘယ်သူမှမမျှော်လင့်ထားတာကြောင့် မိသားစုပါမက ပရိသတ်တွေရော အနုပညာရှင်မောင်နှမတွေပါ ဝမ်းနည်းကြေကွဲနေကြတာလည်းဖြစ်ပါတယ်။အခုခါမှာတော့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် နေအိမ်သို့လာရောက်ကာ သတင်းလာမေးခဲ့တာဖြစ်ပါတယ်။

အနုပညာရှင်တော်တော်များများ ကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ယူကြုံးမရ စိတ်မကောင်းဖြစ်တဲ့ အကြောင်းလေးတွေကို ရေးသားဖော်ပြထားတာလည်းတွေ့ရပါတယ်။

နေတိုး နဲ့ မင်းသွေး တို့ညီအကို နှစ်ယောက်စလုံးက ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ကြတာမို့ အနုပညာရှင်မိသားစုထဲက ကြယ်တစ်ပွင့် ကြွေလွင့်သွားသလိုပါပဲနော် ။ Rest In Peace ပါ ကိုမင်းသွေးရေ ။ပရိသတ်တွေတွက် ဦးဇော်ဇော်နဲ့ နေတိုးတို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Honey Tun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top