ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ႏိုင္ငံျခားေဆး၀ါးမ်ားကို တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ေနျခင္းအပါအ၀င္ ျပည္တြင္း၌ ႏိုင္ငံျခားေဆး၀ါးကုမၸဏီမ်ား ရင္းႏွီးျမွဳပ္ႏွံၿပီး ထုတ္လုပ္ႏိုင္ေအာင္ ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္း ကုန္သည္မ်ားႏွင့္လုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠ႒ ေဒါက္တာသင္းႏြယ္၀င္း ကေျပာသည္။

"အရင္တုန္းကေဆး၀ါးကို တင္သြင္းတယ္။ ျဖန္႔ျဖဴးေရာင္းခ်တဲ့ အဆင့္မွာပဲရွိတယ္။ အခုႏိုင္ငံေတာ္ရဲ့ ေျဖ ေလ်ာ့မႈေတြ၊ အားေပးမႈေတြပိုမ်ားလာတဲ့အတြက္ ထုတ္လုပ္ေရးေတြလည္း တိုးတက္လာတယ္။ ျပည္တြင္းမွာ တင္ကိုပဲ အေနာက္တိုင္းေဆး၀ါးထုတ္လုပ္တဲ့လုပ္ငန္းကို လုပ္ကိုင္ႏိုင္တဲ့အဆင့္အတန္းျဖစ္လာေအာင္လို႔ ျပည္ တြင္းကေနၿပီး ဥပေဒေတြ လုပ္ထံုးလုပ္နည္းေတြေျဖေလ်ာ့ေပးတဲ့အတြက္ ျပည္တြင္းကေန တိုင္းရင္းသားလုပ္ ငန္းရွင္ေတြေကာ၊ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းရွင္မႈ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီေတြေကာ အခုဆိုရင္ ျပည္ တြင္းေဆး၀ါးထုတ္လုပ္တဲ့ ကုမၸဏီ ၁၃ခုျဖစ္လာၿပီ" ဟု ေဒါက္တာသင္းႏြယ္၀င္း ကေျပာသည္။

ေအာက္တိုဘာ ၁၁ရက္က ႏိုဗိုတယ္လ္ ဟိုတယ္တြင္ "The Overview of Business Laws in Myanmar" ရွင္းလင္းေဟာေျပာပြဲ အခမ္းအနားကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန၊ ျမန္မာႏိုင္ငံ ေဆးႏွင့္ေဆးပစၥည္းကုန္သည္မ်ားႏွင့္လုပ္ငန္းရွင္မ်ားအသင္းတို႔ ပူးေပါင္းျပဳလုပ္ခဲ့သည္။

လက္ရွိအခ်ိန္တြင္ ျပည္ပမွတင္သြင္းေသာ ေဆး၀ါးမ်ားသည္ ေဒၚလာေစ်းျမင့္တက္ခ်ိန္တြင္ ၀ယ္ယူရာ၌ ေဆး၀ါးေစ်းႏႈန္းမ်ား ျမင့္တက္ႏိုင္ေၾကာင္းသိရၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ တရုတ္၊ ထိုင္း၊ အိႏၵိယ၊ အာဆီ ယံႏိုင္ငံမ်ား၊ ကိုးရီးယား၊ ဂ်ပန္၊ ဥေရာပႏွင့္ အေနာက္ႏိုင္ငံအခ်ိဳ႕မွ ေဆး၀ါးမ်ားကို တင္းသြင္းျဖန္႔ျဖဴး ေရာင္းခ် ေနေၾကာင္း သိရသည္။

"ေဒၚလာေစ်းျမင့္တက္မႈေပၚမွာ မူတည္ၿပီး ကြၽန္မတို႔ကလည္း ဟုတ္ပါတယ္။ ကိုယ့္ရဲ့ေဆးေစ်းႏႈန္းကို တြက္ခ်က္ ရတာျဖစ္ပါတယ္။ တကယ္လို႔ ကိုယ္က၀ယ္ထားတာေတာ္ေတာ္နဲ႔ မကုန္ေသးဘူး။ ၃ႏွစ္စာေလာက္ကုန္ေသး တယ္ဆိုရင္ ကိုယ့္ေဆးအေနနဲ႔ ေစ်းႏႈန္းက သိပ္ေျပာင္းလဲစရာမလိုဘူးေပါ့" ဟု ေဒါက္တာသင္းႏြယ္၀င္း က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.mizzimaburmese.com
# Unicode Version ျဖင့္ ဖတ္ပါ #
 နိုင်ငံခြားဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းအပါအဝင် ပြည်တွင်း၌ နိုင်ငံခြားဆေးဝါးကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသင်းနွယ်ဝင်း ကပြောသည်။

"အရင်တုန်းကဆေးဝါးကို တင်သွင်းတယ်။ ဖြန့်ဖြူးရောင်းချတဲ့ အဆင့်မှာပဲရှိတယ်။ အခုနိုင်ငံတော်ရဲ့ ဖြေ လျော့မှုတွေ၊ အားပေးမှုတွေပိုများလာတဲ့အတွက် ထုတ်လုပ်ရေးတွေလည်း တိုးတက်လာတယ်။ ပြည်တွင်းမှာ တင်ကိုပဲ အနောက်တိုင်းဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့အဆင့်အတန်းဖြစ်လာအောင်လို့ ပြည် တွင်းကနေပြီး ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဖြေလျော့ပေးတဲ့အတွက် ပြည်တွင်းကနေ တိုင်းရင်းသားလုပ် ငန်းရှင်တွေကော၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်မှု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကော အခုဆိုရင် ပြည် တွင်းဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၃ခုဖြစ်လာပြီ" ဟု ဒေါက်တာသင်းနွယ်ဝင်း ကပြောသည်။

အောက်တိုဘာ ၁၁ရက်က နိုဗိုတယ်လ် ဟိုတယ်တွင် "The Overview of Business Laws in Myanmar" ရှင်းလင်းဟောပြောပွဲ အခမ်းအနားကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသော ဆေးဝါးများသည် ဒေါ်လာဈေးမြင့်တက်ချိန်တွင် ဝယ်ယူရာ၌ ဆေးဝါးဈေးနှုန်းများ မြင့်တက်နိုင်ကြောင်းသိရပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အာဆီ ယံနိုင်ငံများ၊ ကိုးရီးယား၊ ဂျပန်၊ ဥရောပနှင့် အနောက်နိုင်ငံအချို့မှ ဆေးဝါးများကို တင်းသွင်းဖြန့်ဖြူး ရောင်းချ နေကြောင်း သိရသည်။

"ဒေါ်လာဈေးမြင့်တက်မှုပေါ်မှာ မူတည်ပြီး ကျွန်မတို့ကလည်း ဟုတ်ပါတယ်။ ကိုယ့်ရဲ့ဆေးဈေးနှုန်းကို တွက်ချက် ရတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကဝယ်ထားတာတော်တော်နဲ့ မကုန်သေးဘူး။ ၃နှစ်စာလောက်ကုန်သေး တယ်ဆိုရင် ကိုယ့်ဆေးအနေနဲ့ ဈေးနှုန်းက သိပ်ပြောင်းလဲစရာမလိုဘူးပေါ့" ဟု ဒေါက်တာသင်းနွယ်ဝင်း က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.mizzimaburmese.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top