ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကမာၻေပၚမွာ သူ႔အလိုလုိနဲ႔ ထူးဆန္ အံ့ၾသဖြယ္ျဖစ္တည္ေနတဲ့ ေနရာေတြ အမ်ားအျပားရွိေနပါတယ္။ အခုေနာက္ပိုင္းမွာ ဒီလိုေနရာေတြကို ဖန္တီးႏိုင္စြမ္းရွိတဲ့ သူေတြက ေသခ်ာမြမ္းမံျပင္ဆင္ျပီး အသံုးခ်လာၾကတာကိုလည္း ေတာ္ေတာ္ေလးေတြ႔ရတယ္။

အခုလည္း South Africa ႏိုင္ငံရဲ႕ Limpopo မွာ သက္တမ္း အႏွစ္ (၆,၀၀၀) ရွိျပီျဖစ္တဲ့ Baobab (ႏွစ္ရွည္ အပင္ၾကီးမ်ိဳး) ပင္ အေခါင္းထဲက ဘားဆိုင္ အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။



Elitereader
လြန္ခဲ့ ႏွစ္ေထာင္ခ်ီကတည္းက အပင္ၾကီးမွာ သဘာ၀အတိုင္း အေခါင္းေပါက္ၾကီး ျဖစ္လာခဲ့ပါတယ္။ သဘာ၀မိခင္ၾကီးကပဲ အပင္ၾကီးရဲ႕ အတြင္းမွာ ဂူေပါက္ေတြ၊ လိႈဏ္ဂူေတြကို ဖန္ဆင္းေပးခဲ့တယ္။ ဒါေၾကာင့္ ဒီေနရာမွာ ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီျပီ ျဖစ္တဲ့ အပင္ၾကီးရဲ႕ အတြင္းပိုင္းေတြကို ခံစားေလ့လာႏိုင္ရုံမက ၾကီးမားတဲ့ အကာအကြယ္ေပးမႈကိုပါ ခံစားရမွာပါ။ ဆန္းသစ္တဲ့ အရက္ဘား တစ္ခုလိုဖြဲ႔စည္းလိုက္တဲ့အခါမွာေတာ့ ႏိုင္ငံရဲ႕ ဆြဲေဆာင္မႈတစ္ခုလိုပါ ျဖစ္သြားပါေတာ့တယ္။

ႏွစ္ (၆,၀၀၀) ပင္ၾကီးထဲက ဘားရဲ႕ ၀င္ေပါက္


AWM

အတြင္းပိုင္း အျပင္အဆင္


Bigbaobab

ဘားဆိုင္ရဲ႕ အခင္းအက်င္း


Bigbaobab

အျပင္ဘက္ေနရာ အေနအထား


Bigbaobab
တျပိဳင္တည္း (၁၅) ေယာက္ ၀င္ႏိုင္တဲ့ ဒီ ဘားမွာ အတြင္းမွာလည္းေသာက္ႏိုင္သလို အပင္ၾကီးရဲ႕ အရိပ္မွာ ေအးေအးလူလူ က်က်နန ထိုင္ျပီးလည္း သံုးေဆာင္ႏိုင္တယ္။ ဘားရဲ႕ရွိရာ အပင္ ပတ္၀န္းက်င္ကလည္း က်ယ္ေျပာတဲ့အတြက္ မဂၤလာပြဲတစ္ခ်ိဳ႕နဲ႔ အခမ္းအနားတစ္ခ်ိဳ႕ က်င္ပဖို႔အတြက္ ေပၚျပဴလာျဖစ္တဲ့ေနရာ တစ္ခုျဖစ္တယ္။

ညအိပ္လိုသူေတြက ေတာင္ေပၚ သစ္သားအိမ္ေလးေတြကို ဘြတ္ကင္ ၾကိဳယူထားႏိုင္ပါတယ္….


Bigbaobab
Sunland ရဲ႕ Baobab အပင္ၾကီးဟာ Sunland Mango ဆိုတဲ့ လယ္ထဲမွာ ရွိျပီး လာေရာက္ ေသာက္သံုးတဲ့ လူေတြအေနနဲ႔ ညအိပ္ ညေနေနႏိုင္ဖို႔အတြက္ ေတာင္ေပၚသစ္သား အိမ္ကေလး (၅) လံုးလည္း ျပင္ဆင္ထားရွိ ေပးထားပါတယ္။ ေတာင္တက္ခ်င္တဲ့ သူေတြအတြက္လည္း သိပ္ကို သင့္ေတာ္တဲ့ ေနရာျဖစ္တယ္။ ေတာလမ္းေတြ၊ ေတာင္လမ္းေတြ၊ ေရတံခြန္ေတြနဲ႔၀န္ရံထားျပီး ေတာင္းတက္ဘီးေတြ နင္းလို႔ရတဲ့ လမ္းေၾကာင္းေတြလည္း ပတ္၀န္းက်င္မွာ ရွိေနပါတယ္။

ကမာၻလွည့္ ဧည္သည့္ေတြကို ဆြဲေဆာင္တဲ့ ေနရာတစ္ခု မျဖစ္ခင္ ကတည္းက Sunland Big Baobab ဆိုတဲ့ ဒီေနရာကို (၁၉၈၉) ခုႏွစ္မွာ Doug နဲ႔ Heather van Heerden တို႔က ၀ယ္ယူခဲ့တယ္လို႔ သိရပါတယ္။ ၀ယ္ျပီး ကတည္းက သရက္ပင္ေတြ၊ ထန္းပင္ေတြကို ထိုေနရာပတ္ပတ္လည္မွာ စိုက္ပ်ိဳးခဲ့ၾကတယ္ဆိုတာကို ေဖာ္ျပလိုက္ရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Matthew  (Shwemom)
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာပေါ်မှာ သူ့အလိုလိုနဲ့ ထူးဆန် အံ့သြဖွယ်ဖြစ်တည်နေတဲ့ နေရာတွေ အများအပြားရှိနေပါတယ်။ အခုနောက်ပိုင်းမှာ ဒီလိုနေရာတွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ သူတွေက သေချာမွမ်းမံပြင်ဆင်ပြီး အသုံးချလာကြတာကိုလည်း တော်တော်လေးတွေ့ရတယ်။

အခုလည်း South Africa နိုင်ငံရဲ့ Limpopo မှာ သက်တမ်း အနှစ် (၆,၀၀၀) ရှိပြီဖြစ်တဲ့ Baobab (နှစ်ရှည် အပင်ကြီးမျိုး) ပင် အခေါင်းထဲက ဘားဆိုင် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။


Elitereader
လွန်ခဲ့ နှစ်ထောင်ချီကတည်းက အပင်ကြီးမှာ သဘာဝအတိုင်း အခေါင်းပေါက်ကြီး ဖြစ်လာခဲ့ပါတယ်။ သဘာဝမိခင်ကြီးကပဲ အပင်ကြီးရဲ့ အတွင်းမှာ ဂူပေါက်တွေ၊ လှိုဏ်ဂူတွေကို ဖန်ဆင်းပေးခဲ့တယ်။ ဒါကြောင့် ဒီနေရာမှာ နှစ်ပေါင်း ထောင်နဲ့ချီပြီ ဖြစ်တဲ့ အပင်ကြီးရဲ့ အတွင်းပိုင်းတွေကို ခံစားလေ့လာနိုင်ရုံမက ကြီးမားတဲ့ အကာအကွယ်ပေးမှုကိုပါ ခံစားရမှာပါ။ ဆန်းသစ်တဲ့ အရက်ဘား တစ်ခုလိုဖွဲ့စည်းလိုက်တဲ့အခါမှာတော့ နိုင်ငံရဲ့ ဆွဲဆောင်မှုတစ်ခုလိုပါ ဖြစ်သွားပါတော့တယ်။

နှစ် (၆,၀၀၀) ပင်ကြီးထဲက ဘားရဲ့ ဝင်ပေါက်

AWM

အတွင်းပိုင်း အပြင်အဆင်

Bigbaobab

ဘားဆိုင်ရဲ့ အခင်းအကျင်း

Bigbaobab

အပြင်ဘက်နေရာ အနေအထား

Bigbaobab
တပြိုင်တည်း (၁၅) ယောက် ဝင်နိုင်တဲ့ ဒီ ဘားမှာ အတွင်းမှာလည်းသောက်နိုင်သလို အပင်ကြီးရဲ့ အရိပ်မှာ အေးအေးလူလူ ကျကျနန ထိုင်ပြီးလည်း သုံးဆောင်နိုင်တယ်။ ဘားရဲ့ရှိရာ အပင် ပတ်ဝန်းကျင်ကလည်း ကျယ်ပြောတဲ့အတွက် မင်္ဂလာပွဲတစ်ချို့နဲ့ အခမ်းအနားတစ်ချို့ ကျင်ပဖို့အတွက် ပေါ်ပြူလာဖြစ်တဲ့နေရာ တစ်ခုဖြစ်တယ်။

ညအိပ်လိုသူတွေက တောင်ပေါ် သစ်သားအိမ်လေးတွေကို ဘွတ်ကင် ကြိုယူထားနိုင်ပါတယ်….

Bigbaobab
Sunland ရဲ့ Baobab အပင်ကြီးဟာ Sunland Mango ဆိုတဲ့ လယ်ထဲမှာ ရှိပြီး လာရောက် သောက်သုံးတဲ့ လူတွေအနေနဲ့ ညအိပ် ညနေနေနိုင်ဖို့အတွက် တောင်ပေါ်သစ်သား အိမ်ကလေး (၅) လုံးလည်း ပြင်ဆင်ထားရှိ ပေးထားပါတယ်။ တောင်တက်ချင်တဲ့ သူတွေအတွက်လည်း သိပ်ကို သင့်တော်တဲ့ နေရာဖြစ်တယ်။ တောလမ်းတွေ၊ တောင်လမ်းတွေ၊ ရေတံခွန်တွေနဲ့ဝန်ရံထားပြီး တောင်းတက်ဘီးတွေ နင်းလို့ရတဲ့ လမ်းကြောင်းတွေလည်း ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

ကမ္ဘာလှည့် ဧည်သည့်တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု မဖြစ်ခင် ကတည်းက Sunland Big Baobab ဆိုတဲ့ ဒီနေရာကို (၁၉၈၉) ခုနှစ်မှာ Doug နဲ့ Heather van Heerden တို့က ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဝယ်ပြီး ကတည်းက သရက်ပင်တွေ၊ ထန်းပင်တွေကို ထိုနေရာပတ်ပတ်လည်မှာ စိုက်ပျိုးခဲ့ကြတယ်ဆိုတာကို ဖော်ပြလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Matthew  (Shwemom)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top