ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အခါတစ္ပါးမွာ အရွင္မဟာေမာဂၢလႅာန္မေထရ္ျမတ္က နတ္ျပည္ခရီးကို လွည့္လည္ၾကည့္ရွဳေတာ္မူတဲ့အခါ တန္ခိုးႀကီးမားတဲ့ နတ္သမီးတစ္ပါးရဲ့ ဗိမာန္တံခါးဝမွာ ရပ္ေတာ္မူလိုက္ပါတယ္။ ဗိမာန္ရွင္ နတ္သမီးက ထြက္လာၿပီး မေထရ္ျမတ္ကို ရိုရုိေသေသ လာေရာက္ရွိခိုးပါတယ္။

” နတ္သမီး.. သင့္ရဲ့ စည္းစိမ္က ႀကီးက်ယ္ခန္းနားလွပါတယ္။ ဘယ္လိုကုသိုလ္ေကာင္းမႈကံကို ျပဳလို႔ ဒီစည္းစိမ္ကို ရခဲ့တာပါလဲ” လို႔ မေထျမတ္က မိမိကိုလာေရာက္ရွိခိုးတဲ့ ဗိမာန္ရွင္နတ္သမီးကို ေမးေတာ္မူပါတယ္။

ဗိမာန္ရွင္နတ္သမီးက ကိုယ္ျပဳခဲ့တဲ့ေကာင္းမႈက မျဖစ္စေလာက္ နည္းပါးလြန္းေတာ့ ရွက္ပါသတဲ့။ ဒါေၾကာင့္ မေထရ္ျမတ္ရဲ့ ေမးခြန္းကို ” ဒီအေၾကာင္းကို တပည့္ေတာ္ကို မေမးပါနဲ႔ဘုရား “လို႔ ျပန္လည္ေျဖၾကားလိုက္ပါတယ္။

သို႔ေသာ္လည္း မေထရ္ျမတ္က “ေျပာသာ ေျပာပါ နတ္သမီး ရွက္မေနပါနဲ႔”လို႔ ေျပာျပဖို႔ ဆက္လက္တိုက္တြန္းေတာ္မူေတာ့ ဗိမာန္ရွင္နတ္သမီးေလးက ခပ္ရွက္ရွက္နဲ႔ပဲ ေလွ်ာက္ထားရပါေတာ့တယ္။

“အရွင္ဘုရား တပည့္ေတာ္မဟာ ဒါနေကာင္းမႈကို မျပဳခဲ့ပါဘူး၊ ရတနာသံုးပါး မိဘဆရာသမားတို႔ကို ပူေဇာ္မႈလည္း မျပဳခဲ့ပါဘူး၊ တရားေတာ္ကိုလည္း မနာဖူးပါဘူး၊ တပည့္ေတာ္ ဒီစည္းစိမ္ႀကီးရတာ မွန္ကန္ေသာစကားကို အခါခပ္သိမ္းေျပာဆိုခဲ့ပါတယ္ ဘုရား..” လို႔ေလွ်ာက္ထားခဲ့ပါတယ္။

မေထရ္ျမတ္ဟာ ဒီအေၾကာင္းကို မွတ္သားၿပီး ေရွ႕ဆက္ၾကြေတာ္မူပါတယ္။ တျခားဗိမာန္ရွိနတ္သမီးေတြကိုလည္း ေမးေတာ္မူခဲ့ပါေသးတယ္။ သူတို႔ေကာင္းမႈကို ရွက္လို႔လွ်ိဳ႕ဝွက္ထားခ်င္ၾကေပမယ့္ မေထရ္ျမတ္ရဲ့စကားကို မလြန္ဆန္ဝ့ံၾကတာမို႔ ျပန္လည္ေလွ်ာက္ၾကားခဲ့ပါတယ္။

” အရွင္ဘုရား တပည့္ေတာ္မဟာ ဒါန သီလစတဲ့ေကာင္းမႈေတြကို ျပဳျခင္း မရွိခဲ့ပါဘုရား၊ တပည့္ေတာ္မဟာ ကႆပဘုရားရွင္လက္ထက္မွာ သူတစ္ပါးရဲ့ ကၽြန္မျဖစ္ခဲ့ပါတယ္ဘုရား..၊ တပည့္ေတာ္မရဲ့ အိမ္ရွင္သခင္က အလြန္ၾကမ္းတမ္း ခက္ထန္လွပါတယ္ဘုရား..၊ ဆြဲကိုင္မိရာ ထင္ေခ်ာင္း မီးစေတြနဲ႔ ေခါင္းေပါက္သည္အထိ ရိုက္နက္တတ္ပါတယ္ဘုရား..၊
တပည့္ေတာ္ သူ႔အေပၚ ေဒါသထြက္လာတိုင္း ‘သူက မင့္ရဲ့သခင္ပဲ၊ မင္းကို လက္ေျခ နားႏွာေတြပါျဖတ္ပစ္ႏိုင္ေလာက္ေအာင္ မင္းကို အစိုးရတယ္၊ မင္း သူ႔ကို စိတ္မဆိုးပါနဲ႔ ‘ လို႔ ကိုယ့္ကိုယ္ကို ဒီလိုဆံုးမရင္း ေဒါသကိုပယ္ေဖ်ာက္ခဲ့ပါတယ္ဘုရား.. ဒီလို ေဒါသကို ေျဖေဖ်ာက္ႏိုင္ခဲ့လို႔လည္း ဒီစည္းစိမ္ကို တပ္ည့္ေတာ္ ရရွိတာပါဘုရား…”

အေၾကာင္းအရာကို မွတ္သားရင္း တတိယ၊ စတုတၳဗိမာန္ပိုင္ရွင္ နတ္သမီးေတြကို ဆက္လက္ေမးျမန္းေတာ္မူပါတယ္။ ေျဖရမွာရွက္ၾကေပမယ့္ မေထရ္ကိုေလးစားလို႔ ေျဖေပးၾကပါတယ္။

တတိယနတ္သမီးက.. ” အရွင္ဘုရား တပည့္ေတာ္မကေတာ့ ၾကံခင္းေစာင့္ရင္ ရဟန္းတစ္ပါးကို ၾကံတစ္ေခ်ာင္းေလာက္သာ လွဴခဲ့ဖူးတာပါဘုရား”

စတုတၳနတ္သမီးကေတာ့ ” တပည့္ေတာ္မကေတာ့ တည္သီးတစ္လံုးသာ လွဴဒါန္းခဲ့တာပါဘုရား”

အျခားေသာ ဗိမာန္ပိုင္ရွင္နတ္သမီးမ်ားကို ဆက္လက္ေမးေတာ္မူမွာ..သခြါးသီးတစ္လံုးလွဴခဲ့လို၊ ဖက္သက္သီးလွဴခဲ့လို႔၊ ၾကာစြယ္လွဴခဲ့လို႔၊ တမာရြက္တစ္ဆုပ္လွဴဒါန္းခဲ့လို႔ စသျဖင့္ မိမိျပဳခဲ့တဲ့ အနည္းငယ္ေသာ ဒါနေၾကာင့္ ဒီစည္းစိမ္ကို ရရွိေၾကာင္း ေလွ်ာက္ထားၾကပါတယ္။

အရွင္မဟာေမာဂၢလႅာန္မေထရ္ျမတ္ဟာ နတ္သမီးေတြ ရွက္ရွက္နဲ႔ ေျပာခဲ့တဲ့ အေၾကာင္းအရာေတြကို မွတ္သားခဲ့ၿပီး လူ႔ျပည္ျပန္ေရာက္ေတာ့ ျမတ္စြာဘုရားကို ဒီလိုေလွ်ာက္ထားပါတယ္။

“အရွင္ဘုရား မွန္မွန္ကန္ကန္စကားေျပာရံု၊ ကိုယ့္ေဒါသအမ်က္ကို ေျဖေဖ်ာက္ႏိုင္ရံု၊ အလြန္နည္းတဲ့ တည္သီး ဖက္သက္သီး ႀကံေခ်ာင္းစတာေတြကို လွဴဒါန္းရံုမွ်နဲ႔ နတ္စည္းစိမ္ကို ရႏိုင္ပါသလားအရွင္ဘုရား”

” ေမာဂၢလႅာန္.. ဘာေၾကာင့္ ငါဘုရားကို ေမးေနတာလဲ၊ ငါ့ရွင္ကို နတ္သမီးေတြက ဒီအေၾကာင္းကို ေျပာခဲ့ၿပီးၿပီမဟုတ္လား”

” မွန္ပါအရွင္ဘုရား..ဒီမွ်ေလာက္ေကာင္းမႈကုသိုလ္ျဖင့္ နတ္စည္းစိမ္ရႏိုင္သည္ ထင္ပါသည္အရွင္ဘုရား..”

လူအမ်ားစုက အလွဴကို ႀကီးႀကီးက်ယ္က်ယ္ေပးမွ ေက်ာင္းေဆာက္ ဘုရားတည္စတဲ့ေကာင္းမႈကို လုပ္မွသာလွ်င္ နတ္ျပည္ေရာက္ႏိုင္တယ္လို႔ ယူဆေနတတ္ၾကပါတယ္။

အခုေျပာခဲ့တဲ့ ဝတၳဳမွာပါတဲ့ နတ္သမီးမ်ားမွာ ေျပာပေလာက္တဲ့ ေကာင္းမႈႀကီးေတြ မရွိၾကပါဘူး..။ လူသားတိုင္း လိုက္နာႏိုင္၊ ေပးကမ္းစြန္႔ၾကဲနိုင္တဲ့ အရာေတြေလာကသာသူတို႔လုပ္ျဖစ္ခဲ့ပါတယ္။ ဒီလိုကုသိုလ္ေတြေၾကာင့္လည္း နတ္စည္းစိမ္ကုိ ရႏိုင္ပါတယ္။

ဒါေၾကာင့္ ျမတ္စြာဘုရားရွင္က ” ခ်စ္သား ေမာဂၢလႅာန္ အမွန္သစၥာစကားေျပာရံု၊ အမ်က္ေဒါသကို ပယ္စြန္႔ရံု၊ အနည္းငယ္ကို လွဴဒါန္ရံုမွ်နဲ႔ နတ္ေလာကကို ေရာက္ႏိုင္ပါတယ္..” လို႔ မိန္႔ေတာ္မူခဲ့ပါတယ္။

ေအာက္ဂါထာကို ဆက္လက္မိန္႔ေတာ္မူပါတယ္..

သစၥံ ဘေဏ န ကုေဇၥ်ယ၊ ဒဇၨာ အပၸမၸိ ယာစိေတာ၊
ဧေတဟိ တီဟိ ဌာေနဟိ၊ ဂေစၧ ေဒဝါန သႏၲိေက။

အမွန္ကိုသာ ေျပာဆိုရာ၏၊ ျပင္းစြာအမ်က္ မထြက္ေစရာ၊ ေတာင္းခံလာက နည္းလွေစကာ ေပးစြန္႔ရာ၏၊ သံုးျဖာစုေပါင္း ဤအေၾကာင္းေၾကာင့္ နတ္ေပါင္းစံရာ နတ္တို႔ရြာသို႔ ေသခ်ာကိုယ္တိုင္ သြားေရာကႏိုင္၏။

ဒီေဒသာနာေတာ္ရဲ့ အဆံုးမွာ လူအမ်ား ေသာတာပတၱိဖိုလ္စသည္ကို ေရာက္ရွိခဲ့ပါတယ္။

ကိုယ္ျပဳတဲ့ ေကာင္းမႈကို နည္းတယ္ဆိုၿပီး အထင္မေသးမိဖို႔တင္ျပျခင္းပါ။

မွတ္ခ်က္။ ။ ဓမၼပဒအ႒ကထာ ဒုတြဲ ၂၀၃၊ မဟာေမာဂၢလႅာနေတၳရပၪွဝတၳဳ..မွ
ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version ျဖင့္ ဖတ္ပါ #
အခါတစ်ပါးမှာ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်က နတ်ပြည်ခရီးကို လှည့်လည်ကြည့်ရှုတော်မူတဲ့အခါ တန်ခိုးကြီးမားတဲ့ နတ်သမီးတစ်ပါးရဲ့ ဗိမာန်တံခါးဝမှာ ရပ်တော်မူလိုက်ပါတယ်။ ဗိမာန်ရှင် နတ်သမီးက ထွက်လာပြီး မထေရ်မြတ်ကို ရိုရိုသေသေ လာရောက်ရှိခိုးပါတယ်။

” နတ်သမီး.. သင့်ရဲ့ စည်းစိမ်က ကြီးကျယ်ခန်းနားလှပါတယ်။ ဘယ်လိုကုသိုလ်ကောင်းမှုကံကို ပြုလို့ ဒီစည်းစိမ်ကို ရခဲ့တာပါလဲ” လို့ မထေမြတ်က မိမိကိုလာရောက်ရှိခိုးတဲ့ ဗိမာန်ရှင်နတ်သမီးကို မေးတော်မူပါတယ်။

ဗိမာန်ရှင်နတ်သမီးက ကိုယ်ပြုခဲ့တဲ့ကောင်းမှုက မဖြစ်စလောက် နည်းပါးလွန်းတော့ ရှက်ပါသတဲ့။ ဒါကြောင့် မထေရ်မြတ်ရဲ့ မေးခွန်းကို ” ဒီအကြောင်းကို တပည့်တော်ကို မမေးပါနဲ့ဘုရား “လို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။

သို့သော်လည်း မထေရ်မြတ်က “ပြောသာ ပြောပါ နတ်သမီး ရှက်မနေပါနဲ့”လို့ ပြောပြဖို့ ဆက်လက်တိုက်တွန်းတော်မူတော့ ဗိမာန်ရှင်နတ်သမီးလေးက ခပ်ရှက်ရှက်နဲ့ပဲ လျှောက်ထားရပါတော့တယ်။

“အရှင်ဘုရား တပည့်တော်မဟာ ဒါနကောင်းမှုကို မပြုခဲ့ပါဘူး၊ ရတနာသုံးပါး မိဘဆရာသမားတို့ကို ပူဇော်မှုလည်း မပြုခဲ့ပါဘူး၊ တရားတော်ကိုလည်း မနာဖူးပါဘူး၊ တပည့်တော် ဒီစည်းစိမ်ကြီးရတာ မှန်ကန်သောစကားကို အခါခပ်သိမ်းပြောဆိုခဲ့ပါတယ် ဘုရား..” လို့လျှောက်ထားခဲ့ပါတယ်။

မထေရ်မြတ်ဟာ ဒီအကြောင်းကို မှတ်သားပြီး ရှေ့ဆက်ကြွတော်မူပါတယ်။ တခြားဗိမာန်ရှိနတ်သမီးတွေကိုလည်း မေးတော်မူခဲ့ပါသေးတယ်။ သူတို့ကောင်းမှုကို ရှက်လို့လျှို့ဝှက်ထားချင်ကြပေမယ့် မထေရ်မြတ်ရဲ့စကားကို မလွန်ဆန်ဝံ့ကြတာမို့ ပြန်လည်လျှောက်ကြားခဲ့ပါတယ်။

” အရှင်ဘုရား တပည့်တော်မဟာ ဒါန သီလစတဲ့ကောင်းမှုတွေကို ပြုခြင်း မရှိခဲ့ပါဘုရား၊ တပည့်တော်မဟာ ကဿပဘုရားရှင်လက်ထက်မှာ သူတစ်ပါးရဲ့ ကျွန်မဖြစ်ခဲ့ပါတယ်ဘုရား..၊ တပည့်တော်မရဲ့ အိမ်ရှင်သခင်က အလွန်ကြမ်းတမ်း ခက်ထန်လှပါတယ်ဘုရား..၊ ဆွဲကိုင်မိရာ ထင်ချောင်း မီးစတွေနဲ့ ခေါင်းပေါက်သည်အထိ ရိုက်နက်တတ်ပါတယ်ဘုရား..၊
တပည့်တော် သူ့အပေါ် ဒေါသထွက်လာတိုင်း ‘သူက မင့်ရဲ့သခင်ပဲ၊ မင်းကို လက်ခြေ နားနှာတွေပါဖြတ်ပစ်နိုင်လောက်အောင် မင်းကို အစိုးရတယ်၊ မင်း သူ့ကို စိတ်မဆိုးပါနဲ့ ‘ လို့ ကိုယ့်ကိုယ်ကို ဒီလိုဆုံးမရင်း ဒေါသကိုပယ်ဖျောက်ခဲ့ပါတယ်ဘုရား.. ဒီလို ဒေါသကို ဖြေဖျောက်နိုင်ခဲ့လို့လည်း ဒီစည်းစိမ်ကို တပ်ည့်တော် ရရှိတာပါဘုရား…”

အကြောင်းအရာကို မှတ်သားရင်း တတိယ၊ စတုတ္ထဗိမာန်ပိုင်ရှင် နတ်သမီးတွေကို ဆက်လက်မေးမြန်းတော်မူပါတယ်။ ဖြေရမှာရှက်ကြပေမယ့် မထေရ်ကိုလေးစားလို့ ဖြေပေးကြပါတယ်။

တတိယနတ်သမီးက.. ” အရှင်ဘုရား တပည့်တော်မကတော့ ကြံခင်းစောင့်ရင် ရဟန်းတစ်ပါးကို ကြံတစ်ချောင်းလောက်သာ လှူခဲ့ဖူးတာပါဘုရား”

စတုတ္ထနတ်သမီးကတော့ ” တပည့်တော်မကတော့ တည်သီးတစ်လုံးသာ လှူဒါန်းခဲ့တာပါဘုရား”

အခြားသော ဗိမာန်ပိုင်ရှင်နတ်သမီးများကို ဆက်လက်မေးတော်မူမှာ..သခွါးသီးတစ်လုံးလှူခဲ့လို၊ ဖက်သက်သီးလှူခဲ့လို့၊ ကြာစွယ်လှူခဲ့လို့၊ တမာရွက်တစ်ဆုပ်လှူဒါန်းခဲ့လို့ စသဖြင့် မိမိပြုခဲ့တဲ့ အနည်းငယ်သော ဒါနကြောင့် ဒီစည်းစိမ်ကို ရရှိကြောင်း လျှောက်ထားကြပါတယ်။

အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ဟာ နတ်သမီးတွေ ရှက်ရှက်နဲ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကို မှတ်သားခဲ့ပြီး လူ့ပြည်ပြန်ရောက်တော့ မြတ်စွာဘုရားကို ဒီလိုလျှောက်ထားပါတယ်။

“အရှင်ဘုရား မှန်မှန်ကန်ကန်စကားပြောရုံ၊ ကိုယ့်ဒေါသအမျက်ကို ဖြေဖျောက်နိုင်ရုံ၊ အလွန်နည်းတဲ့ တည်သီး ဖက်သက်သီး ကြံချောင်းစတာတွေကို လှူဒါန်းရုံမျှနဲ့ နတ်စည်းစိမ်ကို ရနိုင်ပါသလားအရှင်ဘုရား”

” မောဂ္ဂလ္လာန်.. ဘာကြောင့် ငါဘုရားကို မေးနေတာလဲ၊ ငါ့ရှင်ကို နတ်သမီးတွေက ဒီအကြောင်းကို ပြောခဲ့ပြီးပြီမဟုတ်လား”

” မှန်ပါအရှင်ဘုရား..ဒီမျှလောက်ကောင်းမှုကုသိုလ်ဖြင့် နတ်စည်းစိမ်ရနိုင်သည် ထင်ပါသည်အရှင်ဘုရား..”

လူအများစုက အလှူကို ကြီးကြီးကျယ်ကျယ်ပေးမှ ကျောင်းဆောက် ဘုရားတည်စတဲ့ကောင်းမှုကို လုပ်မှသာလျှင် နတ်ပြည်ရောက်နိုင်တယ်လို့ ယူဆနေတတ်ကြပါတယ်။

အခုပြောခဲ့တဲ့ ဝတ္ထုမှာပါတဲ့ နတ်သမီးများမှာ ပြောပလောက်တဲ့ ကောင်းမှုကြီးတွေ မရှိကြပါဘူး..။ လူသားတိုင်း လိုက်နာနိုင်၊ ပေးကမ်းစွန့်ကြဲနိုင်တဲ့ အရာတွေလောကသာသူတို့လုပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုကုသိုလ်တွေကြောင့်လည်း နတ်စည်းစိမ်ကို ရနိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်က ” ချစ်သား မောဂ္ဂလ္လာန် အမှန်သစ္စာစကားပြောရုံ၊ အမျက်ဒေါသကို ပယ်စွန့်ရုံ၊ အနည်းငယ်ကို လှူဒါန်ရုံမျှနဲ့ နတ်လောကကို ရောက်နိုင်ပါတယ်..” လို့ မိန့်တော်မူခဲ့ပါတယ်။

အောက်ဂါထာကို ဆက်လက်မိန့်တော်မူပါတယ်..

သစ္စံ ဘဏေ န ကုဇ္ဈေယ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော၊
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

အမှန်ကိုသာ ပြောဆိုရာ၏၊ ပြင်းစွာအမျက် မထွက်စေရာ၊ တောင်းခံလာက နည်းလှစေကာ ပေးစွန့်ရာ၏၊ သုံးဖြာစုပေါင်း ဤအကြောင်းကြောင့် နတ်ပေါင်းစံရာ နတ်တို့ရွာသို့ သေချာကိုယ်တိုင် သွားရောကနိုင်၏။

ဒီဒေသာနာတော်ရဲ့ အဆုံးမှာ လူအများ သောတာပတ္တိဖိုလ်စသည်ကို ရောက်ရှိခဲ့ပါတယ်။

ကိုယ်ပြုတဲ့ ကောင်းမှုကို နည်းတယ်ဆိုပြီး အထင်မသေးမိဖို့တင်ပြခြင်းပါ။

မှတ်ချက်။ ။ ဓမ္မပဒအဋ္ဌကထာ ဒုတွဲ ၂၀၃၊ မဟာမောဂ္ဂလ္လာနတ္ထေရပဉှဝတ္ထု..မှ
ဖိုးသူတော် (www.phothutaw.com)
Credit:xyznews





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top