ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မ်က္စိစြံတယ္ဆိုတာ အေပၚမ်က္ခြံ (သို႔) ေအာက္မ်က္ခြံမွာ အဖုေလးေတြထြက္လာျခင္းျဖစ္ပါတယ္။ ဒီအဖုေလးက နီလာမယ္၊ ေရာင္လာမယ္၊ နာလာပါမယ္။***

ကၽြႏု္ပ္တို႔ရဲ႕မ်က္ခြံမွာ မ်က္စိနဲ႔မျမင္ႏိုင္တဲ့ ဂလင္းမ်ားစြာရွိပါတယ္။ ဒီဂလင္းေတြက ထြက္တဲ့ အဆီက မ်က္လံုးစုိစြတ္မႈကို ထိန္းေပးထားပါတယ္။ မ်က္လံုးမွာရွိတဲ့ ဂလင္းတစ္ခုပိတ္ဆိုတဲ့အခါမွာ မ်က္စိစြံျခင္း ျဖစ္လာပါတယ္။

တစ္ခါတေလမွာ အဆီေဟာင္းေတြ၊ အေရျပားဆဲလ္ေတြနဲ႔ေသေနတဲ့ ပိုးေကာင္ေလးေတြက ဂလင္းထဲမွာပိတ္ဆို႔ၿပီး အဆီေတြအျပင္မထြက္ႏုိင္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဂလင္းကႀကီးလာၿပီး မ်က္စိစြံျခင္း ျဖစ္လာပါတယ္။

မ်က္စိစြံရင္ ဘာလုပ္သင့္သလဲ?

မ်က္စိစြံတာက ကုသလို႔ေပ်ာက္ကင္းပါတယ္။ မ်က္စိစြံရင္ ေလွ်ာ္ဖြတ္ၿပီးသား သန္႔ရွင္းေသာအဝတ္စေႏြးေႏြးနဲ႔ အုပ္ထားႏုိင္ပါတယ္။ ပူေႏြးမႈက ဂလင္းပိတ္ဆို႔မႈကိုဖယ္ရွားေပးၿပီး အဆီေတြျပန္စီးထြက္ႏုိင္ေအာင္ကူညီေပးပါတယ္။ ေရေႏြးေႏြးထဲမွာ အဝတ္စကိုႏွစ္ထားၿပီးေနာက္ ေရေတြျပန္ညႇစ္ၿပီးမွ မ်က္စိေပၚအုပ္ပါ။ ေရအရမ္းမပူဖို႔ဂ႐ုျပဳပါ။ သက္ေတာင့္သက္သာအနားယူၿပီး မ်က္လံုးေပၚေရေႏြးဝတ္အုပ္ထားပါ။ အဝတ္စေအးသြားရင္ ေရေႏြးထဲျပန္စိမ္ၿပီးမွ ျပန္အုပ္ေပးပါ။ တစ္ေန႔လွ်င္ 2-3 ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။

မ်က္စိစြံျခင္းက သက္သာမလာဘဲ ပိုဆိုးလာရင္ေတာ့ ဆရာဝန္သြားျပဖုိ႔လိုပါတယ္။ ဆရာဝန္က သင့္ေတာ္တဲ့လိမ္းေဆး ၫႊန္ၾကားပါလိမ့္မယ္။

မ်က္စိစြံေနတဲ့အဖုကို မေပါက္ထြက္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?

မ်က္စိစြံတဲ့အဖုကို မေပါက္ေစဖို႔အတြက္ မ်က္လံုးကိုလက္နဲ႔မထိပါနဲ႔။ ပိုးဝင္မွာစိုးလို႔ပါ။ လက္ကို ပံုမွန္ေဆးေၾကာပါ။

အခ်ိဳ႕ကေလးေတြဟာ မၾကာခဏ မ်က္စိစြံတတ္ပါတယ္။ ဒါကေတာ့ အသားအေရအမ်ိဳးအစားေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္နဲ႔တုိင္ပင္ၿပီး ကာကြယ္၊ ကုသႏိုင္ပါတယ္။***


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe
# Unicode Version ျဖင့္ ဖတ္ပါ #
 မျက်စိစွံတယ်ဆိုတာ အပေါ်မျက်ခွံ (သို့) အောက်မျက်ခွံမှာ အဖုလေးတွေထွက်လာခြင်းဖြစ်ပါတယ်။ ဒီအဖုလေးက နီလာမယ်၊ ရောင်လာမယ်၊ နာလာပါမယ်။***

ကျွနု်ပ်တို့ရဲ့မျက်ခွံမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဂလင်းများစွာရှိပါတယ်။ ဒီဂလင်းတွေက ထွက်တဲ့ အဆီက မျက်လုံးစိုစွတ်မှုကို ထိန်းပေးထားပါတယ်။ မျက်လုံးမှာရှိတဲ့ ဂလင်းတစ်ခုပိတ်ဆိုတဲ့အခါမှာ မျက်စိစွံခြင်း ဖြစ်လာပါတယ်။

တစ်ခါတလေမှာ အဆီဟောင်းတွေ၊ အရေပြားဆဲလ်တွေနဲ့သေနေတဲ့ ပိုးကောင်လေးတွေက ဂလင်းထဲမှာပိတ်ဆို့ပြီး အဆီတွေအပြင်မထွက်နိုင်ဖြစ်စေပါတယ်။ ဒါကြောင့် ဂလင်းကကြီးလာပြီး မျက်စိစွံခြင်း ဖြစ်လာပါတယ်။

မျက်စိစွံရင် ဘာလုပ်သင့်သလဲ?

မျက်စိစွံတာက ကုသလို့ပျောက်ကင်းပါတယ်။ မျက်စိစွံရင် လျှော်ဖွတ်ပြီးသား သန့်ရှင်းသောအဝတ်စနွေးနွေးနဲ့ အုပ်ထားနိုင်ပါတယ်။ ပူနွေးမှုက ဂလင်းပိတ်ဆို့မှုကိုဖယ်ရှားပေးပြီး အဆီတွေပြန်စီးထွက်နိုင်အောင်ကူညီပေးပါတယ်။ ရေနွေးနွေးထဲမှာ အဝတ်စကိုနှစ်ထားပြီးနောက် ရေတွေပြန်ညှစ်ပြီးမှ မျက်စိပေါ်အုပ်ပါ။ ရေအရမ်းမပူဖို့ဂရုပြုပါ။ သက်တောင့်သက်သာအနားယူပြီး မျက်လုံးပေါ်ရေနွေးဝတ်အုပ်ထားပါ။ အဝတ်စအေးသွားရင် ရေနွေးထဲပြန်စိမ်ပြီးမှ ပြန်အုပ်ပေးပါ။ တစ်နေ့လျှင် 2-3 ကြိမ်လောက် ပြုလုပ်ပေးပါ။

မျက်စိစွံခြင်းက သက်သာမလာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်သွားပြဖို့လိုပါတယ်။ ဆရာဝန်က သင့်တော်တဲ့လိမ်းဆေး ညွှန်ကြားပါလိမ့်မယ်။

မျက်စိစွံနေတဲ့အဖုကို မပေါက်ထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ?

မျက်စိစွံတဲ့အဖုကို မပေါက်စေဖို့အတွက် မျက်လုံးကိုလက်နဲ့မထိပါနဲ့။ ပိုးဝင်မှာစိုးလို့ပါ။ လက်ကို ပုံမှန်ဆေးကြောပါ။

အချို့ကလေးတွေဟာ မကြာခဏ မျက်စိစွံတတ်ပါတယ်။ ဒါကတော့ အသားအရေအမျိုးအစားကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကာကွယ်၊ ကုသနိုင်ပါတယ်။***


ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top