ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





Credit: Zin Moe

#Unicode Version#
11.10.2018့နံနကိပိုင်းက မော်လမြိုင်မြို့ဘိုကုန်းရပ် ရွှေဗျိုင်ဖြူ ဘုရား အတွင်းထားရှိသည့် အလျှ ူ ခံပုံအားဖောက်ထွင်းခိုးယူမှုဖြစ်ပွားကာ သူခိုးတွေကို ဖမ်းမိပြီး ရဲစခန်းအပ် လိုက်ရာ ယခုရဲစခန်းတွင် သူခိုးများ မရှိတော့ကြောင်း မေးမြန်းမှုနှင့် ပတ်သတ်၍

အဆိုပါသူခိုး ၂ယောက်မှာ ကလေးသူငယ်တရားခံများ ဖြစ်ပြီး ခိုးမှုဖြင့် အမိန့်ချမှတ်ခံရပြီး လူငယ်သင်တန်းကျောင်းတွင်ပြစ်ဒဏ်(၃)နှစ်ကျခံနေရစဉ်လူငယ်သင်တန်း ကျောင်းမှ ထွက်ပြေးလာကြသူများ ဖြစ်ပါသည်။

တစ်ဦးမှာ ဆိုင်ကယ်ခိုးမှုဖြင့် ၃နှစ်ပြစ်ဒဏ်ကျခံရသည့် ဝေလင်းဦး(၁၆)နှစ် ဖြစ်ပြီး နောက်တစ်ဦးမှာ ညီဇော် (၁၅)နှစ် ဖြစ်ကာ ဝေလင်းဦးနှင့်အတူ ထွက်ပြေးလာသူ ဖြစ်ပါသည်။ သင်တန်းကျောင်းမှ ထွက်ပြေးလာပြီးနောက် ရွှေဗျိုင်းဖြူ ဘုရား အလှူ ခံပုံး ဖောက်ရန်ကြိုးစားစဉ် ဖမ်းမိပြီး ရဲစခန်းသို့ အပ်ပေးသည်ဟု သိရပြီး ရဲစခန်းမှလည်း စစ်ဆေးပြီးနောက် လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် တရားခံများ ဖြစ်ကြောင်းသိရသည့်အတွက် လုပ်ထုံးလုပ်နည်းအရ တရားခံများအား လူငယ်သင်တန်းကျောင်း သို့ပြန်လည် အပ်နှံလိုက်ပြီး ဖြစ်ပါကြောင်း သိရှိနိုင်ရန် တင်ပြပေးလိုက်ပါသည်။

တချို့အသံထွက်နေသလို တရားခံများအား ပြန်လွှတ်ပေးလိုက်ခြင်း မဟုတ်ပါကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိ ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zin Moe
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top