(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

အိႏၵိယႏိုင္ငံ ဂဂၤါျမစ္ဆိပ္မွာ ေရခ်ိဳးေနတဲ့ အမ်ိဳးသမီး တစ္ဦးကို အမ်ိဳးသားႏွစ္ေယာက္က အၾကမ္းပတမ္း ဝင္ဆြဲကာ အတင္းအဓၶမျပဳက်င့္ခဲ့ပါတယ္။ အဆိုပါ ျဖစ္စဥ္တစ္ခုလုံးကို ဗီဒီယို႐ိုက္ကူးခဲ့တဲ့႐ုပ္သံ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး အိႏၵိယ တစ္ႏိုင္ငံလုံး တုန္လႈပ္ေျခာက္ျခားခဲ့ရပါတယ္။

အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းျပည္နယ္ ဘီဟာေဒသရွိ အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ဂဂၤါျမစ္ကမ္းမွာ ပုံမွန္အတိုင္း ေရခ်ိဳးေနစဥ္ အမ်ိဳးသားတစ္ဦးက ဆြဲလားရမ္းလားလုပ္ကာ အဓၶမျပဳက်င့္ခဲ့သည္ကို အေဖာ္အမ်ိဳးသားတစ္ဦးက ဗီဒီယို ႐ိုက္ကူးခဲ့ပါတယ္။ ႐ုပ္သံမွာ အဓၶမျပဳက်င့္ရန္ ႀကိဳးစားေနေသာ အမ်ိဳးသားကို အမ်ိဳးသမီးက ဂဂၤါျမစ္ဟာ နတ္သမီးဂဂၤါျဖစ္တာေၾကာင့္ ဒီလိုျပဳမူျခင္းက မေလးစားရာေရာက္တဲ့အတြက္ စဥ္းစားပါဦးဟု နားခ်ခဲ့ေပမယ့္ အမ်ိဳးသားက နားမေထာင္ပဲ အမ်ိဳးသမီးကို ႐ိုက္ႏွက္ကာ အဓၶမျပဳက်င့္ခဲ့ပါတယ္။

ဟိႏၵဴဘာသာမွာ ဂဂၤါျမစ္ဟာ အလြန္တရာျမင့္ျမတ္ၿပီး မိခင္ႏွင့္ေတာင္ ပမာႏႈိင္းရေအာင္ ႀကီးျမတ္သည္ဟု ယုံၾကည္ထားၾကျခင္းျဖစ္သည္။ အဓၶမျပဳက်င့္ခံရၿပီးေနာက္ အမ်ိဳးသမီးက ရဲစခန္းမွာ သြားေရာက္တိုင္တန္းခဲ့ပါတယ္။ ေဒသခံသတင္းမီဒီယာေတြရဲ႕ ေရးသားခ်က္အရ အမ်ိဳးသမီးက မုဒိန္းမႈျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ရာ ရဲစခန္းက တိုင္ခ်က္ကို ပꩻ္ခ်ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ႐ုပ္သံပ်ံ႕ႏွံ႔ခဲ့ၿပီး ေဝဖန္ေျပာဆိုမႈေတြရွိလာမွ ရဲေတြက က်ဴးလြန္သူ ႏွစ္ဦးကို ရွာေဖြၿပီး ဖမ္းဆီးခဲ့ပါတယ္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဆိပ်မှာ ရေချိုးနေတဲ့ အမျိုးသမီး တစ်ဦးကို အမျိုးသားနှစ်ယောက်က အကြမ်းပတမ်း ဝင်ဆွဲကာ အတင်းအဓ္ဓမပြုကျင့်ခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူးခဲ့တဲ့ရုပ်သံ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အိန္ဒိယ တစ်နိုင်ငံလုံး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဘီဟာဒေသရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဂင်္ဂါမြစ်ကမ်းမှာ ပုံမှန်အတိုင်း ရေချိုးနေစဉ် အမျိုးသားတစ်ဦးက ဆွဲလားရမ်းလားလုပ်ကာ အဓ္ဓမပြုကျင့်ခဲ့သည်ကို အဖော်အမျိုးသားတစ်ဦးက ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ ရုပ်သံမှာ အဓ္ဓမပြုကျင့်ရန် ကြိုးစားနေသော အမျိုးသားကို အမျိုးသမီးက ဂင်္ဂါမြစ်ဟာ နတ်သမီးဂင်္ဂါဖြစ်တာကြောင့် ဒီလိုပြုမူခြင်းက မလေးစားရာရောက်တဲ့အတွက် စဉ်းစားပါဦးဟု နားချခဲ့ပေမယ့် အမျိုးသားက နားမထောင်ပဲ အမျိုးသမီးကို ရိုက်နှက်ကာ အဓ္ဓမပြုကျင့်ခဲ့ပါတယ်။

ဟိန္ဒူဘာသာမှာ ဂင်္ဂါမြစ်ဟာ အလွန်တရာမြင့်မြတ်ပြီး မိခင်နှင့်တောင် ပမာနှိုင်းရအောင် ကြီးမြတ်သည်ဟု ယုံကြည်ထားကြခြင်းဖြစ်သည်။ အဓ္ဓမပြုကျင့်ခံရပြီးနောက် အမျိုးသမီးက ရဲစခန်းမှာ သွားရောက်တိုင်တန်းခဲ့ပါတယ်။ ဒေသခံသတင်းမီဒီယာတွေရဲ့ ရေးသားချက်အရ အမျိုးသမီးက မုဒိန်းမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲစခန်းက တိုင်ချက်ကို ပꩻ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရုပ်သံပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆိုမှုတွေရှိလာမှ ရဲတွေက ကျူးလွန်သူ နှစ်ဦးကို ရှာဖွေပြီး ဖမ်းဆီးခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top