ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ငါးႏွစ္ကေလးက ဓားကိုင္ျပီး ခ်က္ျပဳတ္ဖို႔ဆိုတာ မိဘတိုင္းမလုိလားတဲ့ ေၾကာက္စရာအေတြးပါ။ ဒါေပမယ့္ အဲ့ဒါေတြဟာ Chie ဆိုတဲ့ အမ်ိဳးသမီးရဲ႕ သမီးေလးအတြက္ ငယ္လြန္းတဲ့အရြယ္မွာကတည္းက လုပ္ႏုိင္တဲ့အရာေတြပါ။ ဟာနာဆိုတဲ့ ကေလးမေလးဟာ (၅)ႏွစ္သမီးအရြယ္ကတည္းက မိသားစုအတြက္ ထမင္းပြဲျပင္ျပီး အိမ္အလုပ္ေတြ လုပ္ေနတတ္ခဲ့ပါတယ္။


Elite Readers
Chie ဟာ ရင္သားကင္ဆာရိွတာေၾကာင့္ ခင္ပြန္းသည္ Shingo Yasutake အတြက္ ရင္ေသြးေမြးေပးႏုိင္ဖို႔ မေမွ်ာ္လင့္ခဲ့ေပမယ့္ ကံေကာင္းစြာ သမီးေလးတစ္ေယာက္ေမြးႏုိင္ခဲ့ပါတယ္။ မိခင္တစ္ဦးျဖစ္လာခဲ့တဲ့ Chie ဟာ မိဘတစ္ဦးအေနနဲ႔ ခံစားခ်က္ေတြကို ေရးဖို႔ ဘေလာ့ဂ္တစ္ခုလုပ္ခဲ့ျပီး သမီးေလးကို ဘယ္ေလာက္တန္ဖိုးထားေၾကာင္းေတြလည္း ေရးသားခဲ့ပါတယ္။ ဒါေပမယ့္လည္း Yasutake မိသားစုအတြက္ အရာရာဟာ ပန္းခင္းလမ္းမဟုတ္ခဲ့ပါဘူး။


Elite Readers

ဟာနာ (၉)လသားအရြယ္ေလာက္မွာ မိခင္ျဖစ္သူ Chie ဟာ ကင္ဆာေရာဂါျပန္ထလာခဲ့ပါတယ္။ သူမရဲ႕ ဘေလာ့ဂ္မွာ “ကင္ဆာ ရိွသည္ျဖစ္ေစ မရိွသည္ျဖစ္ေစ ကၽြန္မက အရင္ေသရမွာပါ။ ေနာင္တမရိွဘဲ ေသခ်င္ပါတယ္” လို႔ ေရးခဲ့ပါတယ္။ သိပ္ေနရေတာ့မွာ မဟုတ္တဲ့ Chie ဟာ သမီးျဖစ္သူဟာနာအတြက္ ကုိယ့္အားကိုယ္ကိုးေစျပီး တစ္ဘဝလံုးစာ အသံုးဝင္မယ့္ အတတ္ပညာေတြကို သင္ေပးသြားခ်င္ခဲ့ပါတယ္။ ဟာနာကို အခ်က္အျပဳတ္တတ္ေစခ်င္ခဲ့တာပါ။


Elite Readers
“ဟာနာေရ.. အခ်က္အျပဳတ္တတ္တာက ဘဝမွာ အရမ္းအေရးပါတယ္။ ဒါေၾကာင့္သမီးကို ဓားကိုင္နည္းေတြ၊ အိမ္အလုပ္ေတြ သင္ေပးခဲ့ခ်င္တယ္။ ဒီလိုမတတ္မျဖစ္အရာေတြကို မသိရင္ ပညာေရးဆိုတာ မျပည့္စံုဘူး။ ဒါေတြတတ္ရင္ သမီးဘယ္ေရာက္ေရာက္ ရွင္သန္ႏုိင္မယ္” လို႔ Chie က ေရးခဲ့ပါတယ္။ ဟာနာဟာ အသက္ (၄)ႏွစ္အရြယ္နဲ႔ ခ်က္ျပဳတ္တတ္ေနခဲ့ပါျပီ။ (၂၀၀၈)ခုႏွစ္ ဟာနာ (၅)ႏွစ္မျပည့္ခင္မွာ Chie လည္း ကင္ဆာကို တြန္းလွန္တဲ့တိုက္ပြဲ က်ဆံုးခဲ့ပါတယ္။

ေလာကႀကီးထဲက ထြက္သြားခဲ့ေပမယ့္ ဟာနာရဲ႕ ရင္ထဲမွာ သူ႔မိခင္နဲ႔ အမွတ္တရေတြ က်န္ေနခဲ့ဆဲပါ။ Chie ဟာ သမီးေလးအတြက္ အေကာင္းဆံုးလုပ္ေပးသြားခဲ့ပါတယ္။ ဟာနာဟာ (၅)ႏွစ္မျပည့္ခင္မွာပဲ အိမ္အလုပ္ေတြ လုပ္ေနပါျပီ။ မီဆိုစြပ္ျပဳတ္ကိုလည္း ကၽြမ္းက်င္စြာ ခ်က္တတ္ပါတယ္။ ကေလးမေလးရဲ႕ ေန႔စဥ္ဘဝမွာ ေစာေစာထ၊ မနက္စာျပင္၊ ေခြးေက်ာင္း၊ ေက်ာင္းမသြားခင္ စႏၵရားတီးသင္၊ ေက်ာင္းျပီးလို႔ အိမ္ျပန္ရင္ ေလွ်ာ္ဖြပ္၊ ေရခ်ိဳးခန္းသန္႔ရွင္းေရးလုပ္၊ ဖခင္ျပန္မလာခင္ ညစာခ်က္၊ အားလံုးျပီးမွ အိမ္စာလုပ္ပါတယ္။


Elite Readers
သူမမိခင္အတြက္ စာမွာ “အေမေရ တစ္ခုေျပာခ်င္တယ္၊ သမီး ထမင္းဘူးေတာင္ ေကာင္းေကာင္းျပင္တတ္ေနျပီ၊ အံ့ၾသစရာမေကာင္းဘူးလား၊ သမီး မငိုေတာ့ဘူး၊ အေကာင္းဆံုးႀကိဳးစားေနပါတယ္” လို႔ ေရးခဲ့ပါတယ္။ (၅)ႏွစ္အရြယ္နဲ႔ တကယ့္ကို သိတတ္တဲ့ ကေလးေလးပါ။ ဖခင္ Shingo ဟာ ဇနီးသည္ရဲ႕ ဘေလာ့ဂ္က သမီးျဖစ္သူအတြက္ စာေတြကို စာအုပ္ျပန္ထုတ္ခဲ့ရာ အေရာင္းရဆံုးစာရင္း ဝင္ခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံက သူတို႔မိသားစုရဲ႕ အျဖစ္အပ်က္ေလးကို ျဖစ္ရပ္မွန္ဇာတ္လမ္းျပန္႐ိုက္ထားတာလည္း ရိွပါတယ္။ ဇာတ္လမ္းနာမည္ကေတာ့ Hanachan no misoshiru ျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:White (Shwemom)
# Unicode Version ျဖင့္ ဖတ္ပါ #
ငါးနှစ်ကလေးက ဓားကိုင်ပြီး ချက်ပြုတ်ဖို့ဆိုတာ မိဘတိုင်းမလိုလားတဲ့ ကြောက်စရာအတွေးပါ။ ဒါပေမယ့် အဲ့ဒါတွေဟာ Chie ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေးအတွက် ငယ်လွန်းတဲ့အရွယ်မှာကတည်းက လုပ်နိုင်တဲ့အရာတွေပါ။ ဟာနာဆိုတဲ့ ကလေးမလေးဟာ (၅)နှစ်သမီးအရွယ်ကတည်းက မိသားစုအတွက် ထမင်းပွဲပြင်ပြီး အိမ်အလုပ်တွေ လုပ်နေတတ်ခဲ့ပါတယ်။

Elite Readers
Chie ဟာ ရင်သားကင်ဆာရှိတာကြောင့် ခင်ပွန်းသည် Shingo Yasutake အတွက် ရင်သွေးမွေးပေးနိုင်ဖို့ မမျှော်လင့်ခဲ့ပေမယ့် ကံကောင်းစွာ သမီးလေးတစ်ယောက်မွေးနိုင်ခဲ့ပါတယ်။ မိခင်တစ်ဦးဖြစ်လာခဲ့တဲ့ Chie ဟာ မိဘတစ်ဦးအနေနဲ့ ခံစားချက်တွေကို ရေးဖို့ ဘလော့ဂ်တစ်ခုလုပ်ခဲ့ပြီး သမီးလေးကို ဘယ်လောက်တန်ဖိုးထားကြောင်းတွေလည်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း Yasutake မိသားစုအတွက် အရာရာဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။

Elite Readers

ဟာနာ (၉)လသားအရွယ်လောက်မှာ မိခင်ဖြစ်သူ Chie ဟာ ကင်ဆာရောဂါပြန်ထလာခဲ့ပါတယ်။ သူမရဲ့ ဘလော့ဂ်မှာ “ကင်ဆာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်မက အရင်သေရမှာပါ။ နောင်တမရှိဘဲ သေချင်ပါတယ်” လို့ ရေးခဲ့ပါတယ်။ သိပ်နေရတော့မှာ မဟုတ်တဲ့ Chie ဟာ သမီးဖြစ်သူဟာနာအတွက် ကိုယ့်အားကိုယ်ကိုးစေပြီး တစ်ဘဝလုံးစာ အသုံးဝင်မယ့် အတတ်ပညာတွေကို သင်ပေးသွားချင်ခဲ့ပါတယ်။ ဟာနာကို အချက်အပြုတ်တတ်စေချင်ခဲ့တာပါ။

Elite Readers
“ဟာနာရေ.. အချက်အပြုတ်တတ်တာက ဘဝမှာ အရမ်းအရေးပါတယ်။ ဒါကြောင့်သမီးကို ဓားကိုင်နည်းတွေ၊ အိမ်အလုပ်တွေ သင်ပေးခဲ့ချင်တယ်။ ဒီလိုမတတ်မဖြစ်အရာတွေကို မသိရင် ပညာရေးဆိုတာ မပြည့်စုံဘူး။ ဒါတွေတတ်ရင် သမီးဘယ်ရောက်ရောက် ရှင်သန်နိုင်မယ်” လို့ Chie က ရေးခဲ့ပါတယ်။ ဟာနာဟာ အသက် (၄)နှစ်အရွယ်နဲ့ ချက်ပြုတ်တတ်နေခဲ့ပါပြီ။ (၂၀၀၈)ခုနှစ် ဟာနာ (၅)နှစ်မပြည့်ခင်မှာ Chie လည်း ကင်ဆာကို တွန်းလှန်တဲ့တိုက်ပွဲ ကျဆုံးခဲ့ပါတယ်။

လောကကြီးထဲက ထွက်သွားခဲ့ပေမယ့် ဟာနာရဲ့ ရင်ထဲမှာ သူ့မိခင်နဲ့ အမှတ်တရတွေ ကျန်နေခဲ့ဆဲပါ။ Chie ဟာ သမီးလေးအတွက် အကောင်းဆုံးလုပ်ပေးသွားခဲ့ပါတယ်။ ဟာနာဟာ (၅)နှစ်မပြည့်ခင်မှာပဲ အိမ်အလုပ်တွေ လုပ်နေပါပြီ။ မီဆိုစွပ်ပြုတ်ကိုလည်း ကျွမ်းကျင်စွာ ချက်တတ်ပါတယ်။ ကလေးမလေးရဲ့ နေ့စဉ်ဘဝမှာ စောစောထ၊ မနက်စာပြင်၊ ခွေးကျောင်း၊ ကျောင်းမသွားခင် စန္ဒရားတီးသင်၊ ကျောင်းပြီးလို့ အိမ်ပြန်ရင် လျှော်ဖွပ်၊ ရေချိုးခန်းသန့်ရှင်းရေးလုပ်၊ ဖခင်ပြန်မလာခင် ညစာချက်၊ အားလုံးပြီးမှ အိမ်စာလုပ်ပါတယ်။

Elite Readers
သူမမိခင်အတွက် စာမှာ “အမေရေ တစ်ခုပြောချင်တယ်၊ သမီး ထမင်းဘူးတောင် ကောင်းကောင်းပြင်တတ်နေပြီ၊ အံ့သြစရာမကောင်းဘူးလား၊ သမီး မငိုတော့ဘူး၊ အကောင်းဆုံးကြိုးစားနေပါတယ်” လို့ ရေးခဲ့ပါတယ်။ (၅)နှစ်အရွယ်နဲ့ တကယ့်ကို သိတတ်တဲ့ ကလေးလေးပါ။ ဖခင် Shingo ဟာ ဇနီးသည်ရဲ့ ဘလော့ဂ်က သမီးဖြစ်သူအတွက် စာတွေကို စာအုပ်ပြန်ထုတ်ခဲ့ရာ အရောင်းရဆုံးစာရင်း ဝင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက သူတို့မိသားစုရဲ့ အဖြစ်အပျက်လေးကို ဖြစ်ရပ်မှန်ဇာတ်လမ်းပြန်ရိုက်ထားတာလည်း ရှိပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Hanachan no misoshiru ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:White (Shwemom)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top