iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးေတြဟာ အိမ္မွာျဖစ္ျဖစ္၊ ေက်ာင္းမွာျဖစ္ျဖစ္၊ လူထူထပ္တဲ့ေနရာေတြမွာျဖစ္ျဖစ္ ဓာတ္မတည့္မႈေတြ ျဖစ္ေပၚတတ္ပါတယ္။ အခုဆိုရင္ေတာ့ ဓာတ္မတည့္မႈေတြအျဖစ္မ်ားတတ္တဲ့

အေၾကာင္းရင္းေတြကို ေဖာ္ျပေပးမွာျဖစ္ၿပီး ကိုယ့္ရဲ႕သားသားမီးမီးေလးေတြရဲ႕ ဓာတ္မတည့္မႈေတြကို ဘယ္လိုေလၽွာ႔ခ်မလဲဆိုတာ အေျဖရွာၾကည့္လိုက္ၾကရေအာင္…။

ပန္းဝတ္မႈန္ေတြ


ေလထဲမွာေရာပါလာတဲ့ ပန္းဝတ္မႈန္ေတြေၾကာင့္လည္း ဓာတ္မတည့္မႈေတြျဖစ္ၿပီး ယားယံမႈေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ပန္းဝတ္မႈန္ေတြ ပ်ံ႕ႏွံ႔တတ္တဲ့အခ်ိန္မွာ ဝတ္မႈန္ေတြနဲ႔ မထိေတြ႕ေအာင္ ေနတတ္ဖို႔ အေရးႀကီးပါတယ္။ ဝတ္မႈန္ေတြဟာ မနက္ ၅ နာရီကေန ၈ နာရီေလာက္အထိ ပ်ံ႕ႏွံ႔တတ္တာမို႔လို႔ အဲ့ဒီအခ်ိန္အတြင္းမွာ ပန္းဝတ္မႈန္ေတြနဲ႔ မထိေတြ႕ႏိုင္တဲ့ေနရာမွာ ေနသင့္ပါတယ္။ ကားစီးေနတဲ့အခ်ိန္ ကားျပတင္းေပါက္ပိတ္ထားတာပဲျဖစ္ျဖစ္၊ ေလအရမ္းတိုက္တဲ့ေန႔ေတြဆိုရင္ အိမ္ထဲမွာေနတာျဖစ္ျဖစ္ ျပဳလုပ္သင့္ပါတယ္။

ဖုန္မႈန္႔ေတြ


ဖုန္မႈန္႔ေတြဟာ ဓာတ္မတည့္မႈေတြ ျဖစ္ေပၚဖို႔ အလြယ္ကူဆုံးပါပဲ။ သင့္အိမ္မွာ ဖုန္မႈန္႔ေတြကပ္ၿငိႏိုင္တဲ့ ပိုးမႊားေတြကို ေလၽွာ႔ခ်သင့္ပါတယ္။ ဒီလိုေလၽွာ႔ခ်ဖို႔အတြက္ ေရေငြ႕စုပ္စက္ကို သုံးၿပီး စိုထိုင္းမႈေတြကို အပတ္တိုင္းဖယ္ရွားသင့္ပါတယ္။ အိပ္ခန္းေတြဟာ ဖုန္မႈန္႔ေတြကပ္ၿငိဖို႔အတြက္ အေကာင္းဆုံးေနရာျဖစ္ပါတယ္။ ေမြ႕ရာေတြကို ပလတ္စတစ္နဲ႔ ဒါမွမဟုတ္ ဓာတ္မတည့္တာကို ကာကြယ္ႏိုင္တဲ့အဝတ္တစ္ခုခုနဲ႔ ဖုံးအုပ္ထားသင့္ပါတယ္။

အိမ္ေမြးတိရစၧာန္
 

သင့္ရဲ႕သားသားမီးမီးေတြမွာ အိမ္ေမြးတိရစၧာန္ေတြေၾကာင့္ ဓာတ္မတည့္တာျဖစ္တတ္တယ္ဆိုရင္ေတာ့ ေျဖရွင္းဖို႔မလြယ္ကူပါဘူး။ တိရစၧာန္ေတြရဲ႕အေမြးေတြကို ဖယ္ရွားဖို႔ဆိုတာ အရမ္းခက္ခဲပါတယ္။ ျဖစ္ႏ္ိုင္မယ္ဆိုရင္ တိရစၧာန္ေလးေတြကို အိမ္မွာမေမြးခင္ အရင္စမ္းၿပီး အတူတူ အခ်ိန္ေပးၾကည့္သင့္ပါတယ္။

ေရေမႊး


ေရေမႊးေတြမွာပါဝင္တဲ့ အေမႊးနံ႔ေတြကို ဓာတ္မတည့္တတ္တဲ့ ကေလးေတြကေတာ့ ထိေတြ႕မိတာနဲ႔ အခ်ိန္ၾကာေလ ဓာတ္မတည့္တာ ပိုဆိုးလာတတ္ပါတယ္။ ကေလးေတြကို ေရေမႊးေၾကာင့္ယားယံမႈျဖစ္တတ္တာကေန ကာကြယ္မယ္ဆိုရင္ မိဘကိုယ္တိုင္က ေရေမႊးမဆြတ္ဖို႔ လိုအပ္ပါလိမ့္မယ္။

ေလထုညစ္ညမ္းျခင္း


သင့္အိမ္အျပင္မွာေတာ့ ေလကိုသန္႔စင္ေအာင္ လုပ္ဖို႔မျဖစ္နိင္ပါဘူး။ ဒါေပမဲ့ အိမ္ထဲမွာေတာ့ ေလကိုသန္႔စင္ေအာင္ လုပ္ႏိုင္ပါတယ္။ အိမ္ကိုသန္႔သန္႔ရွင္းရွင္းထားၿပီး ေလဝင္ေလထြက္ေကာင္းေအာင္ထားပါ။

မႈိေတြ


မႈိဆိုတာ ဓာတ္မတည့္မႈေၾကာင့္ ယားယံတာေတြျဖစ္ျခင္းရဲ႕အစပါပဲ။ အိပ္ခန္းေတြနဲ႔ အိမ္ေအာက္ထပ္ေတြလိုမ်ိဳး စိုထိုင္းတတ္တဲ့ေနရာေတြမွာ မႈိေတြကိုေတြ႕ခဲ့ရင္ ဖယ္ရွားဖို႔ အရမ္းအေရးႀကီးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Wint Wah (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးတွေဟာ အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ လူထူထပ်တဲ့နေရာတွေမှာဖြစ်ဖြစ် ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အခုဆိုရင်တော့ ဓာတ်မတည့်မှုတွေအဖြစ်များတတ်တဲ့

အကြောင်းရင်းတွေကို ဖော်ပြပေးမှာဖြစ်ပြီး ကိုယ့်ရဲ့သားသားမီးမီးလေးတွေရဲ့ ဓာတ်မတည့်မှုတွေကို ဘယ်လိုလျှော့ချမလဲဆိုတာ အဖြေရှာကြည့်လိုက်ကြရအောင်…။

ပန်းဝတ်မှုန်တွေ

လေထဲမှာရောပါလာတဲ့ ပန်းဝတ်မှုန်တွေကြောင့်လည်း ဓာတ်မတည့်မှုတွေဖြစ်ပြီး ယားယံမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းဝတ်မှုန်တွေ ပျံ့နှံ့တတ်တဲ့အချိန်မှာ ဝတ်မှုန်တွေနဲ့ မထိတွေ့အောင် နေတတ်ဖို့ အရေးကြီးပါတယ်။ ဝတ်မှုန်တွေဟာ မနက် ၅ နာရီကနေ ၈ နာရီလောက်အထိ ပျံ့နှံ့တတ်တာမို့လို့ အဲ့ဒီအချိန်အတွင်းမှာ ပန်းဝတ်မှုန်တွေနဲ့ မထိတွေ့နိုင်တဲ့နေရာမှာ နေသင့်ပါတယ်။ ကားစီးနေတဲ့အချိန် ကားပြတင်းပေါက်ပိတ်ထားတာပဲဖြစ်ဖြစ်၊ လေအရမ်းတိုက်တဲ့နေ့တွေဆိုရင် အိမ်ထဲမှာနေတာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

ဖုန်မှုန့်တွေ

ဖုန်မှုန့်တွေဟာ ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ဖို့ အလွယ်ကူဆုံးပါပဲ။ သင့်အိမ်မှာ ဖုန်မှုန့်တွေကပ်ငြိနိုင်တဲ့ ပိုးမွှားတွေကို လျှော့ချသင့်ပါတယ်။ ဒီလိုလျှော့ချဖို့အတွက် ရေငွေ့စုပ်စက်ကို သုံးပြီး စိုထိုင်းမှုတွေကို အပတ်တိုင်းဖယ်ရှားသင့်ပါတယ်။ အိပ်ခန်းတွေဟာ ဖုန်မှုန့်တွေကပ်ငြိဖို့အတွက် အကောင်းဆုံးနေရာဖြစ်ပါတယ်။ မွေ့ရာတွေကို ပလတ်စတစ်နဲ့ ဒါမှမဟုတ် ဓာတ်မတည့်တာကို ကာကွယ်နိုင်တဲ့အဝတ်တစ်ခုခုနဲ့ ဖုံးအုပ်ထားသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်

သင့်ရဲ့သားသားမီးမီးတွေမှာ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဓာတ်မတည့်တာဖြစ်တတ်တယ်ဆိုရင်တော့ ဖြေရှင်းဖို့မလွယ်ကူပါဘူး။ တိရစ္ဆာန်တွေရဲ့အမွေးတွေကို ဖယ်ရှားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တိရစ္ဆာန်လေးတွေကို အိမ်မှာမမွေးခင် အရင်စမ်းပြီး အတူတူ အချိန်ပေးကြည့်သင့်ပါတယ်။

ရေမွှေး

ရေမွှေးတွေမှာပါဝင်တဲ့ အမွှေးနံ့တွေကို ဓာတ်မတည့်တတ်တဲ့ ကလေးတွေကတော့ ထိတွေ့မိတာနဲ့ အချိန်ကြာလေ ဓာတ်မတည့်တာ ပိုဆိုးလာတတ်ပါတယ်။ ကလေးတွေကို ရေမွှေးကြောင့်ယားယံမှုဖြစ်တတ်တာကနေ ကာကွယ်မယ်ဆိုရင် မိဘကိုယ်တိုင်က ရေမွှေးမဆွတ်ဖို့ လိုအပ်ပါလိမ့်မယ်။

လေထုညစ်ညမ်းခြင်း

သင့်အိမ်အပြင်မှာတော့ လေကိုသန့်စင်အောင် လုပ်ဖို့မဖြစ်နိင်ပါဘူး။ ဒါပေမဲ့ အိမ်ထဲမှာတော့ လေကိုသန့်စင်အောင် လုပ်နိုင်ပါတယ်။ အိမ်ကိုသန့်သန့်ရှင်းရှင်းထားပြီး လေဝင်လေထွက်ကောင်းအောင်ထားပါ။

မှိုတွေ

မှိုဆိုတာ ဓာတ်မတည့်မှုကြောင့် ယားယံတာတွေဖြစ်ခြင်းရဲ့အစပါပဲ။ အိပ်ခန်းတွေနဲ့ အိမ်အောက်ထပ်တွေလိုမျိုး စိုထိုင်းတတ်တဲ့နေရာတွေမှာ မှိုတွေကိုတွေ့ခဲ့ရင် ဖယ်ရှားဖို့ အရမ်းအရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Wint Wah (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top