(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×










Credit: Popin

#Unicode Version#
သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုထူးချွန်တာကြောင့် အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇေရဲထက်ကတော့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ပြီး ရိုးရိုးသားသားနေထိုင်သူတစ်ဦးပါ။

လတ်တလောမှာတော့ ဇေရဲထက်က သူ ၇နှစ်ကြာအောင် စုဆောင်းထားတာလေးနဲ့ အိမ်တစ်လုံးဆောက်ခဲ့တဲ့အကြောင်းကို ချစ်ရတဲ့ပရိသတ်တွေအတွက် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ငွေကြေးစုဆောင်းတတ်ခြင်းရဲ့ ကောင်းကြိုးတွေကို လက်တွေ့ပြလိုက်တဲ့ ဇေရဲထက်ရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို အတုယူလေးစားစရာပါပဲ။ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်ရဲ့ အမိုက်စားအိမ်အသစ်ကြီးရဲ့ပုံရိပ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇေရဲထက်ကတော့ “လူတစ်ယောက်အတွက် အရေးကြီးဆုံးက အိမ်ပါးးကျနော်လေ ဒီတစ်လုံးလေးရဖို့ ၇နှစ်ကြာအောင်စုခဲ့ရတယ်းးးး ဖြူစင်စွာနဲ့ ကျနော်ရှာခဲ့ပြီးရလာတဲ့အိမ်လေး

ပြီးတော့ စိတ်ချမ်းသာမိတယ်းးးကိုရှိန်းးကိုစည်သူ ကျေးဇူးပါ” ဆိုပြီး သူ့ရဲ့အိမ်အသစ်လေးအတွက် ကြည်နူးပီတိဖြစ်စွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဇေရဲထက်ရဲ့ အိမ်အသစ်ကြီးက တကယ့်အမိုက်စားနော်…

အခုလိုမျိုး ကြိုးစားစုဆောင်းပြီး အိမ်ဆောက်ခဲ့တဲ့ ဇေရဲထက်ရဲ့စိတ်ဓါတ်ကိုတော့ ခင်မင်ရတဲ့ အနုပညာရှင်တွေကလည်း ချီးမွမ်းစကား ဆိုခဲ့ကြပါတယ်။

ဇေရဲထက်ကတော့ လတ်တလောမှာ ရုပ်ရှင်တွေဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး တစ်ခြားသောအနုပညာလှုပ်ရှားမှုတွေလည်း ပြုလုပ်ဖြစ်နေတာပါ။

ချစ်ပရိသတ်တွေလည်း ကြိုးစားပြီးလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို လက်တွေ့သက်သေပြပြီ

း မိမိစိတ်တိုင်းကျ အိမ်အသစ်ကြီးကို ဖန်တီးခဲ့တဲ့ ဇေရဲထက်ကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top