ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 နာမည္ေက်ာ္မင္းသားႀကီး အာႏိုးဟာ သူ႔ရဲ႕
နာမည္ႀကီး ေၾကးရုပ္ႀကီးေရွ႕မွာ အိပ္စက္
ေနတဲ့ပုံကို လူမႈကြန္ယက္မွာတင္ကာ
"အခ်ိန္ေတြ ဘယ္ေလာက္မ်ား ေျပာင္းလဲသြားသလဲ"
ဆိုတဲ့စာသားေလးကို ဝမ္းနည္းစြာ ေရးသား
ခဲ့ပါတယ္။

အားလုံးသိၾကတဲ့အတိုင္း အာႏိုးဟာ ကမ႓ာေက်ာ္
ရုပ္ရွင္မင္းသားျဖစ္သလို ႏိုင္ငံေရးဘက္မွာလဲ
ေအာင္ျမင္ခဲ့ပါေသးတယ္။ သူဟာ ေရြးေကာက္ပြဲမွာ
အႏိုင္ရရွိခဲ့ၿပီး ကယ္လီဖိုးနီးယားၿမိဳ႕ေတာ္ဝန္
ျဖစ္ခဲ့ရပါေသးတယ္။

ကယ္လီဖိုးနီးယားၿမိဳ႕မွာ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔
သူ႔ရဲ႕ကိုယ္ပြား ေၾကးရုပ္ႀကီးကို ဖြင့္လွစ္ခဲ့စဥ္က
အနီးနားက ေဟာ္တယ္တစ္ခုမွာ တည္းခိုခဲ့
ပါတယ္။ အဲ့ဒီအခ်ိန္က သူဟာၿမိဳ႕ေတာ္ဝန္
တစ္ေယာက္ပါ။

ေဟာ္တယ္ဝန္ထမ္းတစ္ေယာက္က အာႏိုးကို
"ဘယ္အခ်ိန္မွာပဲ ျဖစ္ျဖစ္ ခင္ဗ်ားအခန္းလို
ေနမယ္ဆိုရင္ ဒီကိုလာၿပီး ငွားႏိုင္ပါတယ္၊
ခင္ဗ်ားအတြက္ အခန္းတစ္ခန္း ငွားေပးႏိုင္
ပါတယ္" လို႔ေျပာခဲ့ပါတယ္။

ေနာင္တစ္ႀကိမ္ေရြးေကာက္ပြဲမွာ အာႏိုးဟာ
ၿမိဳ႕ေတာ္ဝန္ရာထူးကေန ျပဳတ္ခဲ့တဲ့အခ်ိန္
ေဟာ္တယ္ကို ျပန္လာၿပီး အခန္းငွားခဲ့ပါတယ္။ ဒါေပမယ့္ ေဟာ္တယ္က
အခန္းမငွားႏိုင္ဘူးလို႔ ျငင္းပယ္လိုက္တယ္။
အကယ္၍ အခန္းငွားမယ္ဆိုရင္ေတာင္
ေစ်းႀကီးႀကီးေပးရလိမ့္မယ္လို႔ ျပန္ခံေျပာ
လိုက္ပါေသးတယ္။

ဒါ့ေၾကာင့္သူဟာ အိပ္ယာခင္းတစ္ခုဝယ္ၿပီး
သူ႔ရဲ႕ရုပ္ထုေအာက္နားမွား တစ္ညလုံးအိပ္
ခဲ့ပါတယ္။ ၿပီးေတာ့ သူေျပာခ်င္တဲ့အရာေတြကို
အခုလုိ ရွင္းျပခဲ့ပါတယ္။

"ကၽြန္ေတာ္ အေရးႀကီးတဲ့ လူႀကီးတစ္ေယာက္
ျဖစ္တဲ့အခ်ိန္တုန္းက သူတို႔ဟာ ကၽြန္ေတာ့ကို
အျမဲတမ္း ေျမႇက္ပင့္ခဲ့ၾကတယ္။ ကၽြန္ေတာ္
ရာထူးကေနျပဳတ္ေရာ သူတို႔ဟာ ကၽြန္ေတာ့္ကို
ေမ့ကုန္ၾကတယ္။ သူတို႔ကတိကို မတည္ၾက
ေတာ့ဘူး။ သင့္ ရာထူး၊ သင့္မွာ ပိုက္ဆံ
ရွိယုံ၊ သင့္မွာပါဝါရွိယုံ၊ သင့္မွာဗဟုသုတ
ရွိယုံနဲ႔ သင့္ကိုယ္သင္ ႀကီးက်ယ္ျပည့္စုံေနၿပီလို႔
မထင္လိုက္ပါတယ္။ ဒါဟာေနာက္ဆုံးမဟုတ္
ေသးဘူး။ ခင္ဗ်ားဟာ အေရးႀကီးတဲ့ ပုဂၢဳိလ္
ျဖစ္ေနတဲ့အခ်ိန္မွာ လူတိုင္းစီကေန သင္ယူေနပါ။
လူတိုင္းက သင့္သူငယ္ခ်င္းေတြပါ။ ဒါေပမယ့္
သင္ဟာ သူတို႔ကို အႀကိဳးမျပဳႏိုင္တဲ့အခ်ိန္
ေရာက္သြားရင္ သင္ဟာ ဘာမွမဟုတ္တဲ့
အလကားလူ ျဖစ္သြားပါလိမ့္မယ္"

"သင္ဟာ သင္ထင္သလို အျမဲတမ္း မျဖစ္ႏိုင္ဘူး။
ဘယ္အရာကမွ အျမဲတမ္း ၿပီးဆုံးမသြားႏိုင္ဘူး။
ဒါ့ေၾကာင့္အျမဲတမ္း သင္ယူေနပါ"

အင္တာနက္က ေတြ႕လို႔ ဘာသာျပန္ထားတာပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:လမင္း
# Unicode Version ျဖင့္ ဖတ္ပါ #
 နာမည်ကျော်မင်းသားကြီး အာနိုးဟာ သူ့ရဲ့
နာမည်ကြီး ကြေးရုပ်ကြီးရှေ့မှာ အိပ်စက်
နေတဲ့ပုံကို လူမှုကွန်ယက်မှာတင်ကာ
"အချိန်တွေ ဘယ်လောက်များ ပြောင်းလဲသွားသလဲ"
ဆိုတဲ့စာသားလေးကို ဝမ်းနည်းစွာ ရေးသား
ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း အာနိုးဟာ ကမ္ဘာကျော်
ရုပ်ရှင်မင်းသားဖြစ်သလို နိုင်ငံရေးဘက်မှာလဲ
အောင်မြင်ခဲ့ပါသေးတယ်။ သူဟာ ရွေးကောက်ပွဲမှာ
အနိုင်ရရှိခဲ့ပြီး ကယ်လီဖိုးနီးယားမြို့တော်ဝန်
ဖြစ်ခဲ့ရပါသေးတယ်။

ကယ်လီဖိုးနီးယားမြို့မှာ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့
သူ့ရဲ့ကိုယ်ပွား ကြေးရုပ်ကြီးကို ဖွင့်လှစ်ခဲ့စဉ်က
အနီးနားက ဟော်တယ်တစ်ခုမှာ တည်းခိုခဲ့
ပါတယ်။ အဲ့ဒီအချိန်က သူဟာမြို့တော်ဝန်
တစ်ယောက်ပါ။

ဟော်တယ်ဝန်ထမ်းတစ်ယောက်က အာနိုးကို
"ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ခင်ဗျားအခန်းလို
နေမယ်ဆိုရင် ဒီကိုလာပြီး ငှားနိုင်ပါတယ်၊
ခင်ဗျားအတွက် အခန်းတစ်ခန်း ငှားပေးနိုင်
ပါတယ်" လို့ပြောခဲ့ပါတယ်။

နောင်တစ်ကြိမ်ရွေးကောက်ပွဲမှာ အာနိုးဟာ
မြို့တော်ဝန်ရာထူးကနေ ပြုတ်ခဲ့တဲ့အချိန်
ဟော်တယ်ကို ပြန်လာပြီး အခန်းငှားခဲ့ပါတယ်။ ဒါပေမယ့် ဟော်တယ်က
အခန်းမငှားနိုင်ဘူးလို့ ငြင်းပယ်လိုက်တယ်။
အကယ်၍ အခန်းငှားမယ်ဆိုရင်တောင်
ဈေးကြီးကြီးပေးရလိမ့်မယ်လို့ ပြန်ခံပြော
လိုက်ပါသေးတယ်။

ဒါ့ကြောင့်သူဟာ အိပ်ယာခင်းတစ်ခုဝယ်ပြီး
သူ့ရဲ့ရုပ်ထုအောက်နားမှား တစ်ညလုံးအိပ်
ခဲ့ပါတယ်။ ပြီးတော့ သူပြောချင်တဲ့အရာတွေကို
အခုလို ရှင်းပြခဲ့ပါတယ်။

"ကျွန်တော် အရေးကြီးတဲ့ လူကြီးတစ်ယောက်
ဖြစ်တဲ့အချိန်တုန်းက သူတို့ဟာ ကျွန်တော့ကို
အမြဲတမ်း မြှေက်ပင့်ခဲ့ကြတယ်။ ကျွန်တော်
ရာထူးကနေပြုတ်ရော သူတို့ဟာ ကျွန်တော့်ကို
မေ့ကုန်ကြတယ်။ သူတို့ကတိကို မတည်ကြ
တော့ဘူး။ သင့် ရာထူး၊ သင့်မှာ ပိုက်ဆံ
ရှိယုံ၊ သင့်မှာပါဝါရှိယုံ၊ သင့်မှာဗဟုသုတ
ရှိယုံနဲ့ သင့်ကိုယ်သင် ကြီးကျယ်ပြည့်စုံနေပြီလို့
မထင်လိုက်ပါတယ်။ ဒါဟာနောက်ဆုံးမဟုတ်
သေးဘူး။ ခင်ဗျားဟာ အရေးကြီးတဲ့ ပုဂ္ဂိုလ်
ဖြစ်နေတဲ့အချိန်မှာ လူတိုင်းစီကနေ သင်ယူနေပါ။
လူတိုင်းက သင့်သူငယ်ချင်းတွေပါ။ ဒါပေမယ့်
သင်ဟာ သူတို့ကို အကြိုးမပြုနိုင်တဲ့အချိန်
ရောက်သွားရင် သင်ဟာ ဘာမှမဟုတ်တဲ့
အလကားလူ ဖြစ်သွားပါလိမ့်မယ်"

"သင်ဟာ သင်ထင်သလို အမြဲတမ်း မဖြစ်နိုင်ဘူး။
ဘယ်အရာကမှ အမြဲတမ်း ပြီးဆုံးမသွားနိုင်ဘူး။
ဒါ့ကြောင့်အမြဲတမ်း သင်ယူနေပါ"

အင်တာနက်က တွေ့လို့ ဘာသာပြန်ထားတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:လမင်း

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top