ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အင္​းစိန္​ အက်ဥ္​း​ေထာင္​မွ ႏိုင္​ငံ​ေရး အက်ဥ္​းသားမ်ားအား ​ေဆးကု​သ​ေပး​ေနသည္​့ ဆရာ၀န္​တစ္​ဦး ၎ဖြင္​့လွစ္​ထားသည့္​ ေဆးခန္​းအတြင္​း အသတ္​ခံရမႈ ျဖစ္​ပြားခဲ​့​ေၾကာင္​း ​ေျမာက္​ပိုင္​းခ႐ိုင္​ ရဲတပ္​ဖြဲ႕မွ စံုစမ္​းသိရွိရသည္​။

​ေအာက္​တိုဘာ ၄ ရက္​ ည ၆ နာရီ​ေက်ာ္​ခန္​႔တြင္​ အင္​းစိန္​ၿမိဳ႕နယ္​ သရက္​ျခံ ၁ လမ္​းတြင္​ ​လင္​း​ေဆးကုခန္​း အမည္​ျဖင္​့ ​ေဆးခန္​း ဖြင္​့လွစ္​ထားသည္​့ ​ေဒါက္​တာထြန္​းလြင္​ (၇၁ ႏွစ္​) မွာ ​ေဆးခန္​းတြင္​ လူနာအား ၾကည္​့႐ႈေနစဥ္​ ၎ႏွင့္ တစ္​ရပ္​ကြက္ထဲ​ ေနထိုင္​သူ ၃၀ ႏွစ္​အရြယ္​ရွိ အမ်ဳိးသားတစ္​ဦးမွ ေဆးခန္းေရွ႕တြင္ ဖြင့္ထားသည့္ အကင္ဆုိင္မွ ဓားအား ယူေဆာင္ၿပီး ​ေဆးခန္​းအတြင္​း ၀င္​​ေရာက္​ကာ ​ေဒါက္​တာထြန္​းလြင္​၏ လည္ပင္းအား ဓားျဖင္​့ ၀င္​ထိုးခဲ့​ေၾကာင္​း ရဲတပ္​ဖြဲ႕၏ ကနဦး စစ္​​ေဆးခ်က္​မ်ားအရ သိရသည္​။

ဓားျဖင္​့ အထိုးခံရသျဖင္​့ ​ေဒါက္​တာ ထြန္းလြင္​မွာ ၀ဲဘက္​လည္​ပင္​း ထိုးသြင္​းဒဏ္​ရာျဖင္​့ အင္​းစိန္​​ေဆး႐ံုသို႔ ​ေရာက္​ရွိစဥ္​ ​ေသဆံုးသြားခဲ့​ေၾကာင္​း ​ေျမာက္​ပိုင္​းခ႐ိုင္​ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္​ဦး၏ ေျပာၾကားခ်က္အရ သိရသည္​။

ျဖစ္​စဥ္​မွ ​ေဒါက္​တာထြန္​းလြင္​အား ​ေဆးခန္​းအတြင္​း ၀င္​​ေရာက္​ကာ ဓားျဖင္​့၀င္​ထိုးခဲ့သူအား သက္​ဆိုင္​ရာ ၿမိဳ႕မရဲစခန္​းႏွင္​့ ခ႐ိုင္​ရဲတပ္​ဖြဲ႕၀င္​မ်ားမွ နာရီပိုင္​းအတြင္​း ဖမ္းဆီးရမိခဲ​့​ေၾကာင္​း သိရသည္​။

က်ဴးလြန္ခဲ့သူမွာ အဆိုပါ ရပ္ကြက္အတြင္း လူမိုက္တစ္ဦး ျဖစ္ေၾကာင္း ပတ္​၀န္းက်င္​တြင္​ ​ေနထိုင္​သူမ်ားထံမွ စံုစမ္​းသိရွိရသည္​။

အသတ္​ခံရသူ ​ေဒါက္​တာထြန္​းလြင္​မွာ အဆိုပါ ရပ္​ကြက္​အတြင္​း ​ေဆးခန္​း ဖြင္​့လွစ္​ထားသည္​မွာ ၁၅ ႏွစ္​​ေက်ာ္​ ၾကာျမင္​့ခဲ့ၿပီ ျဖစ္​​ၿပီး ၎မွာ အဆိုပါရပ္​ကြက္​အတြင္​း ငယ္​​ေမြးျခံ​ေပါက္​ ျဖစ္​​ေၾကာင္​းႏွင္​့ ယခင္​က တစ္​စံုတစ္ရာ အခ်င္​းမ်ားဖူးသူ မရွိ​ေၾကာင္း ပတ္​၀န္​းက်င္​​ေနသူမ်ားထံမွ စံုစမ္​းသိရွိရသည္​။

အသတ္ခံရသည့္ ဆရာ၀န္ႀကီးမွာ ၁၉၈၉ ခုႏွစ္ ကာလမ်ားမွ စတင္ကာ လက္ရိွအခ်ိန္အထိ အင္းစိန္ အက်ဥ္းေထာင္တြင္ ဆရာ၀န္အျဖစ္ ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ႏိုင္ငံေရး အက်ဥ္းသားမ်ားအား ေဆးကုသခဲ့သူျဖစ္ကာ ၎အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ႏိုင္ငံေရးအက်ဥ္းသားမ်ားက ၀မ္းနည္းေၾကာင္း Post မ်ား လူမႈကြန္ရက္စာမ်က္ႏွာ Facebook တြင္ တင္ခဲ့သည္ကို ေတြ႕ရသည္။

“လူသတ္သမားက အရင္တစ္ေခါက္က ေဆးခန္းထဲ ၀င္ၿပီး ဆရာမကို ပါး႐ိုက္တယ္။ အမႈျဖစ္လို႔ ေထာင္ႏွစ္လ က်သြားတယ္။ မႏွစ္ က အသက္ ၉၀ ေက်ာ္ သူ႔အဖြားက ေဆးခန္းမွာျပရင္း သံုးရက္အၾကာ သူ႔ေရာဂါနဲ႔သူ ဆံုးတာကို ဆရာ၀န္ကို ျပႆနာရွာတယ္။ အရက္သမားတစ္ဦး နာေရးကားေမာင္းသမား မယားနဲ႔ကြဲေနတယ္။ မေန႔က အေၾကာေဆးေတာင္ လာသြင္းလို႔ ဆရာက သြင္းေပးလိုက္ေသးတယ္။ ေဘးပတ္၀န္းက်င္က ဆရာ့ကို အတန္တန္ သတိေပးေပမယ့္ ဆရာက ေပါ့ဆေနလိုက္တယ္။ ဒီေန႔ ေဆးခန္း လူရွင္းေနတဲ့အခ်ိန္မွာ ေဆးခန္းေရွ႕က တစ္ေယာက္က အခ်က္ျပလိုက္တာနဲ႔ ေဆးခန္း မ်က္ေစာင္းထိုးက ေစ်းဆိုင္က ဓားကို ယူၿပီး ေဆးခန္းထဲ ၀င္သြားတယ္။ ေဘးပတ္၀န္းက်င္က စိုးရိမ္လို႔ လွမ္းေအာ္ၾကတယ္တဲ့။ ဒါေပမဲ့ မရေတာ့ဘူး။ ဆရာက လူနာကို အာ႐ံုစိုက္ေနခ်ိန္ ေခါင္းငံု႔ စမ္းသပ္ေနတုန္းမွာ လည္ပင္းကို ထိုးခ်ၿပီး ဆြဲလိုက္တယ္။ ဆရာက သတိမလြတ္ေတာ့ တစ္ခ်က္ ျပန္ထိုးလိုက္ေသးတယ္။ လူသတ္သမား က ေဆးခန္းလမ္း တည့္တည့္ ထြက္ေျပးသြားတယ္။ သူနာျပဳက တစ္ဖက္ခန္းထဲ ေရာက္ေနတယ္။ ေဆးခန္းလာျပတဲ့ သူေတြလည္း ေၾကာင္ေနတယ္။ လူသတ္သမား ထြက္ေျပးခ်ိန္မွာ ေနာက္ကေန ၀ုိင္းေအာ္ၾကတယ္။ ရဲကို အေၾကာင္းၾကားသူက ၾကားနဲ႔ ဆရာက ဂြမ္းေတြ စြတ္ၾကယ္နဲ႔ လည္ပင္းကို ပိတ္ၿပီး မလွမ္းမကမ္းက ေဆးခန္းကို လမ္းေလ်ွာက္ သြားႏိုင္ေသးတယ္။ အဲဒီ ေဆးခန္းက ဆရာ၀န္မေလး က ေဆး႐ံုကို အျမန္သြားပါဆိုေတာ့ ကားေခၚၿပီး ေဆး႐ံုသြားရင္း လမ္းမွာ ဆံုးသြားတယ္။ ရဲေတြက လူသတ္သမားကို ပိုက္စိတ္တိုက္ ရွာၾကတယ္။ အင္းစိန္ကမ္းနားမွာ မိသြားတယ္။ စိတ္မေကာင္းလြန္စြာ ျဖစ္ရပါတယ္။ ေထာင္ဆရာ၀န္ႀကီး ေဒါက္တာ ဦးထြန္းလြင္ (ၿငိမ္း) ဟာ ၂၀၁၃ ေဖေဖ ကင္ဆာနဲ႔ အသည္းအသန္ ျဖစ္ေတာ့ အိမ္အထိ လာေရာက္ ကုေပးခဲ့ဖူးပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားမွန္သမွ် အခမဲ့ ကုသေပးပါတယ္။ အလွဴခံရင္လည္း လက္မေႏွးပဲ အျမဲထည့္ေပးေလ့ ရွိပါတယ္။ ဆရာ့အိမ္ လက္ဖက္ရည္ဆိုင္ဟာ ႏိုင္ငံေရးသမားေတြ ေျခခ်ရာ ေနရာတစ္ခုပါပဲ။ လြန္စြာ စိတ္ထိခိုက္ရပါတယ္” ဟု Thandar Win ဆိုသည့္ Facebook အေကာင့္တစ္ခုတြင္ ေရးသားထားသည္။

အဆိုပါျဖစ္​စဥ္​မွ က်ဳးလြန္​သူအား အင္းစိန္​ၿမိဳ႕မရဲစခန္​းက ရာဇသတ္​ႀကီးပုဒ္​မ ၃၀၂ ျဖင္​့ အမႈဖြင္​့ ဖမ္​းဆီး စစ္​​ေဆးလ်က္​ရွိ​ေၾကာင္း သိရသည္​။

  ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သီဟ​ေအာင္​၊ မ်ိဳးထက္​ပိုင္​
#Unicode Version#

အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအား ဆေးကုသပေးနေသည့် ဆရာဝန်တစ်ဦး ၎င်းဖွင့်လှစ်ထားသည့် ဆေးခန်းအတွင်း အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၄ ရက် ည ၆ နာရီကျော်ခန့်တွင် အင်းစိန်မြို့နယ် သရက်ခြံ ၁ လမ်းတွင် လင်းဆေးကုခန်း အမည်ဖြင့် ဆေးခန်း ဖွင့်လှစ်ထားသည့် ဒေါက်တာထွန်းလွင် (၇၁ နှစ်) မှာ ဆေးခန်းတွင် လူနာအား ကြည့်ရှုနေစဉ် ၎င်းနှင့် တစ်ရပ်ကွက်ထဲ နေထိုင်သူ ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဆေးခန်းရှေ့တွင် ဖွင့်ထားသည့် အကင်ဆိုင်မှ ဓားအား ယူဆောင်ပြီး ဆေးခန်းအတွင်း ဝင်ရောက်ကာ ဒေါက်တာထွန်းလွင်၏ လည်ပင်းအား ဓားဖြင့် ဝင်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ သိရသည်။

ဓားဖြင့် အထိုးခံရသဖြင့် ဒေါက်တာ ထွန်းလွင်မှာ ဝဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှ ဒေါက်တာထွန်းလွင်အား ဆေးခန်းအတွင်း ဝင်ရောက်ကာ ဓားဖြင့်ဝင်ထိုးခဲ့သူအား သက်ဆိုင်ရာ မြို့မရဲစခန်းနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များမှ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်ခဲ့သူမှာ အဆိုပါ ရပ်ကွက်အတွင်း လူမိုက်တစ်ဦး ဖြစ်ကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အသတ်ခံရသူ ဒေါက်တာထွန်းလွင်မှာ အဆိုပါ ရပ်ကွက်အတွင်း ဆေးခန်း ဖွင့်လှစ်ထားသည်မှာ ၁၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၎င်းမှာ အဆိုပါရပ်ကွက်အတွင်း ငယ်မွေးခြံပေါက် ဖြစ်ကြောင်းနှင့် ယခင်က တစ်စုံတစ်ရာ အချင်းများဖူးသူ မရှိကြောင်း ပတ်ဝန်းကျင်နေသူများထံမှ စုံစမ်းသိရှိရသည်။

အသတ်ခံရသည့် ဆရာဝန်ကြီးမှာ ၁၉၈၉ ခုနှစ် ကာလများမှ စတင်ကာ လက်ရှိအချိန်အထိ အင်းစိန် အကျဉ်းထောင်တွင် ဆရာဝန်အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများအား ဆေးကုသခဲ့သူဖြစ်ကာ ၎င်းအသတ်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများက ဝမ်းနည်းကြောင်း Post များ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် တင်ခဲ့သည်ကို တွေ့ရသည်။

“လူသတ်သမားက အရင်တစ်ခေါက်က ဆေးခန်းထဲ ဝင်ပြီး ဆရာမကို ပါးရိုက်တယ်။ အမှုဖြစ်လို့ ထောင်နှစ်လ ကျသွားတယ်။ မနှစ် က အသက် ၉၀ ကျော် သူ့အဖွားက ဆေးခန်းမှာပြရင်း သုံးရက်အကြာ သူ့ရောဂါနဲ့သူ ဆုံးတာကို ဆရာဝန်ကို ပြဿနာရှာတယ်။ အရက်သမားတစ်ဦး နာရေးကားမောင်းသမား မယားနဲ့ကွဲနေတယ်။ မနေ့က အကြောဆေးတောင် လာသွင်းလို့ ဆရာက သွင်းပေးလိုက်သေးတယ်။ ဘေးပတ်ဝန်းကျင်က ဆရာ့ကို အတန်တန် သတိပေးပေမယ့် ဆရာက ပေါ့ဆနေလိုက်တယ်။ ဒီနေ့ ဆေးခန်း လူရှင်းနေတဲ့အချိန်မှာ ဆေးခန်းရှေ့က တစ်ယောက်က အချက်ပြလိုက်တာနဲ့ ဆေးခန်း မျက်စောင်းထိုးက ဈေးဆိုင်က ဓားကို ယူပြီး ဆေးခန်းထဲ ဝင်သွားတယ်။ ဘေးပတ်ဝန်းကျင်က စိုးရိမ်လို့ လှမ်းအော်ကြတယ်တဲ့။ ဒါပေမဲ့ မရတော့ဘူး။ ဆရာက လူနာကို အာရုံစိုက်နေချိန် ခေါင်းငုံ့ စမ်းသပ်နေတုန်းမှာ လည်ပင်းကို ထိုးချပြီး ဆွဲလိုက်တယ်။ ဆရာက သတိမလွတ်တော့ တစ်ချက် ပြန်ထိုးလိုက်သေးတယ်။ လူသတ်သမား က ဆေးခန်းလမ်း တည့်တည့် ထွက်ပြေးသွားတယ်။ သူနာပြုက တစ်ဖက်ခန်းထဲ ရောက်နေတယ်။ ဆေးခန်းလာပြတဲ့ သူတွေလည်း ကြောင်နေတယ်။ လူသတ်သမား ထွက်ပြေးချိန်မှာ နောက်ကနေ ဝိုင်းအော်ကြတယ်။ ရဲကို အကြောင်းကြားသူက ကြားနဲ့ ဆရာက ဂွမ်းတွေ စွတ်ကြယ်နဲ့ လည်ပင်းကို ပိတ်ပြီး မလှမ်းမကမ်းက ဆေးခန်းကို လမ်းလျှောက် သွားနိုင်သေးတယ်။ အဲဒီ ဆေးခန်းက ဆရာဝန်မလေး က ဆေးရုံကို အမြန်သွားပါဆိုတော့ ကားခေါ်ပြီး ဆေးရုံသွားရင်း လမ်းမှာ ဆုံးသွားတယ်။ ရဲတွေက လူသတ်သမားကို ပိုက်စိတ်တိုက် ရှာကြတယ်။ အင်းစိန်ကမ်းနားမှာ မိသွားတယ်။ စိတ်မကောင်းလွန်စွာ ဖြစ်ရပါတယ်။ ထောင်ဆရာဝန်ကြီး ဒေါက်တာ ဦးထွန်းလွင် (ငြိမ်း) ဟာ ၂၀၁၃ ဖေဖေ ကင်ဆာနဲ့ အသည်းအသန် ဖြစ်တော့ အိမ်အထိ လာရောက် ကုပေးခဲ့ဖူးပါတယ်။ နိုင်ငံရေးအကျဉ်းသားမှန်သမျှ အခမဲ့ ကုသပေးပါတယ်။ အလှူခံရင်လည်း လက်မနှေးပဲ အမြဲထည့်ပေးလေ့ ရှိပါတယ်။ ဆရာ့အိမ် လက်ဖက်ရည်ဆိုင်ဟာ နိုင်ငံရေးသမားတွေ ခြေချရာ နေရာတစ်ခုပါပဲ။ လွန်စွာ စိတ်ထိခိုက်ရပါတယ်” ဟု Thandar Win ဆိုသည့် Facebook အကောင့်တစ်ခုတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်မှ ကျုးလွန်သူအား အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

  ဖိုးသူတော် (www.phothutaw.com)
Credit:  သီဟအောင်၊ မျိုးထက်ပိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top