ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေဒၚေအာင္ဆန္းစုၾကည္ကို ၂၀၁၆ ခရီးစဥ္တြင္ ဂုဏ္ျပဳတပ္ဖြဲ႔ျဖင့္ ႀကိဳဆိုေနစဥ္ (ဓာတ္ပံု − အီးပီေအ)
ဝန္ႀကီးခ်ဳပ္ရွင္ဇုိအာေဘးႏွင့္ သီးျခားေတြ႕ဆံုရန္စီစဥ္ထား

 ႏိုင္ငံေတာ္၏အတိုင္ပင္ ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ သည္ တိုက်ိဳၿမိဳ႕၌ ျပဳလုပ္မည့္ မဲေခါင္ - ဂ်ပန္ထိပ္သီးညီလာခံ တက္ေရာက္ရန္ ယေန႔ (ေအာက္ တိုဘာ ၅ ရက္) တြင္ ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာမည္ျဖစ္သည္။

ေျခာက္ရက္ၾကာ ခရီးစဥ္အ တြင္း ေဒၚေအာင္ဆန္းစုၾကည္ သည္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာ ေဘးႏွင့္ သီးျခားေတြ႕ဆံုရန္စီစဥ္ ထားၿပီး စီးပြားေရး၊ ရင္းႏွီးျမႇဳပ္ႏွံ မႈ၊ လမ္းပန္းဆက္သြယ္ေရး၊ ရခိုင္ျပည္နယ္အေရးတို႔ ေဆြးေႏြး မည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစုိးဟန္က ေျပာသည္။


 ေဒၚေအာင္ဆန္းစုၾကည္၏ ဂ်ပန္ခရီးစဥ္တြင္ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္၊ စီမံကိန္းႏွင့္ ဘ႑ာေရးဒုဝန္ႀကီး ဦးဆက္ ေအာင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွ အဆင့္ျမင့္အရာရွိႀကီးမ်ား လိုက္ပါမည္ျဖစ္သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္သည္ ေအာက္တိုဘာ ၈ ရက္ မွ ၉ ရက္တြင္ျပဳလုပ္မည့္ (၁၀) ႀကိမ္ေျမာက္ မဲေခါင္ - ဂ်ပန္ထိပ္သီးညီလာခံ တက္ေရာက္မည္ျဖစ္ၿပီး ဖူကူရွီးမားစီရင္စုနယ္ေျမရွိ လယ္ယာစိုက္ခင္းမ်ားကို သြားေရာက္ ေလ့လာမည္ျဖစ္ေၾကာင္း Japan Today သတင္းဌာနက စက္တင္ဘာ ၃၀ရက္တြင္ ေဖာ္ျပသည္။

ျမန္မာႏုိင္ငံ ေက်းလက္ ေဒသမ်ားတြင္ လယ္ယာလုပ္ငန္း လုပ္ကိုင္သူရွားပါးေနမႈကိုအျပင္း အထန္ရင္ဆိုင္ေနရ၍ ဂ်ပန္ႏုိင္ငံ စိုက္ပ်ိဳးေရးက႑၌ အလုပ္သမားရွားပါးျခင္းကို ေျဖရွင္းသည့္ ႀကိဳးပမ္းေဆာင္ရြက္မႈႏွင့္ ဖြံ႕ၿဖိဳးေရးနမူနာမ်ားကို ေဒၚေအာင္ဆန္းစုၾကည္က ေလ့လာမည္ဟုဆိုသည္။

  ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္  သည္ အတိုက္အခံ ေခါင္းေဆာင္ ျဖစ္စဥ္က ဂ်ပန္ႏုိင္ငံသို႔ ၂၀၁၃ ဧၿပီတြင္ ၂၇ ႏွစ္အတြင္းပထမဆံုး အႀကိမ္အျဖစ္ ခုနစ္ရက္ၾကာသြား ေရာက္ခဲ့ၿပီး လက္ရွိအစိုးရဖြဲ႕ၿပီး ေနာက္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ ၂၀၁၆ ႏိုဝင္ဘာ၌ ငါးရက္ၾကာသြားေရာက္ခဲ့သည္။ ထို႔ေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္ အျဖစ္ ဒုတိယအႀကိမ္သြားေရာက္ ေသာ ဂ်ပန္ခရီးစဥ္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် သီးခြားတွေ့ဆုံရန်စီစဉ်ထား 

ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၆ ခရီးစဉ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေစဉ် (ဓာတ်ပုံ − အီးပီအေ)

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် တိုကျိုမြို့၌ ပြုလုပ်မည့် မဲခေါင် - ဂျပန်ထိပ်သီးညီလာခံ တက်ရောက်ရန် ယနေ့ (အောက် တိုဘာ ၅ ရက်) တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

ခြောက်ရက်ကြာ ခရီးစဉ်အ တွင်း ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးနှင့် သီးခြားတွေ့ဆုံရန်စီစဉ် ထားပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ရခိုင်ပြည်နယ်အရေးတို့ ဆွေးနွေး မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောသည်။


 ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီး ဦးဆက် အောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အောက်တိုဘာ ၈ ရက် မှ ၉ ရက်တွင်ပြုလုပ်မည့် (၁၀) ကြိမ်မြောက် မဲခေါင် - ဂျပန်ထိပ်သီးညီလာခံ တက်ရောက်မည်ဖြစ်ပြီး ဖူကူရှီးမားစီရင်စုနယ်မြေရှိ လယ်ယာစိုက်ခင်းများကို သွားရောက် လေ့လာမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက စက်တင်ဘာ ၃၀ရက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ကျေးလက် ဒေသများတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်သူရှားပါးနေမှုကိုအပြင်း အထန်ရင်ဆိုင်နေရ၍ ဂျပန်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၌ အလုပ်သမားရှားပါးခြင်းကို ဖြေရှင်းသည့် ကြိုးပမ်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးနမူနာများကို ဒေါ်အောင်ဆန်းစုကြည်က လေ့လာမည်ဟုဆိုသည်။

  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  သည် အတိုက်အခံ ခေါင်းဆောင် ဖြစ်စဉ်က ဂျပန်နိုင်ငံသို့ ၂၀၁၃ ဧပြီတွင် ၂၇ နှစ်အတွင်းပထမဆုံး အကြိမ်အဖြစ် ခုနစ်ရက်ကြာသွား ရောက်ခဲ့ပြီး လက်ရှိအစိုးရဖွဲ့ပြီး နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ၂၀၁၆ နိုဝင်ဘာ၌ ငါးရက်ကြာသွားရောက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင် အဖြစ် ဒုတိယအကြိမ်သွားရောက် သော ဂျပန်ခရီးစဉ်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top