ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အင္းစိန္​​ၿမိဳ႕နယ္​ ပိႏၷဲကုန္းရပ္​ကြက္​ သရက္​ၿခံ (၁) လမ္းတြင္​ ​ေဆးခန္းဖြင့္ထားသည့္ အသက္​ ၇၁ ႏွစ္​ခန္႔အ႐ြယ္​ ​ေဒါက္​တာ ထြန္းလြင္​ ကို ဓားျဖင့္ ထိုးသတ္​ခဲ့ သည့္ အသက္​ ၃၃ ႏွစ္​ခန္႔အ႐ြယ္​ အမ်ိဳးသားက ရဲစခန္း၌​ လာ​ေရာက္​အဖမ္းခံခဲ့​ေၾကာင္း ရန္​ကုန္​ တိုင္းေဒသႀကီး ရဲတပ္​ဖြဲ႕မႉး႐ုံးမွ ယေန ့သတင္းထုတ္ျပန္ထားပါသည္။

အင္းစိန္​အက်ဥ္း​ေထာင္​တြင္​ ဆရာဝန္​အျဖစ္​တာဝန္​ ထမ္းေဆာင္​ခဲ့ဖူးၿပီး ​လက္​ရွိတြင္​​ ေဆးခန္းဖြင့္ထားသည့္​ ​ေဒါက္​တာ ထြန္းလြင္​ ကို ​ေအာက္​တိုဘာ ၄ ရက္​ ညေန ၆ နာရီ ခန္႔က ၎၏​ေဆးခန္းတြင္​ ​ေဆးကု​ေနစဥ္​ အဆိုပါလမ္းတြင္​ ​ေနထို​င္​သူ အသက္​ ၃၃ ႏွစ္​ခန္႔အ႐ြယ္​ ဘိုဘို(ခ)လြင္​ဘိုဘို​ေက်ာ္​က ဆရာဝန္​၏လည္​ပင္းကို ဓားျဖင့္ထိုးကာ ထြက္​​ေျပးသြားခဲ့ျခင္းျဖစ္သည္​။

ယင္းသို႔ ဓားျဖင့္ထိုးခံရ​ေသာ​ေၾကာင့္ ေဒါက္​တာထြန္းလြင္​၏လည္​ပင္းတြင္​ ထိုးသြင္းဒဏ္​ရာရရွိခဲ့ၿပီး အင္းစိန္​​ေဆး႐ုံတြင္​ အတြင္းလူနာအျဖစ္​ ကုသမႈခံယူ​ေန စဥ္​ ည ၇ နာရီ​ေက်ာ္​တြင္ ​ေသဆုံးသြားခဲ့ေၾကာင္း သိရသည္​။

ဓားျဖင့္ ထိုးကာ ထြက္ေျပးသြားသူကို ဖမ္းဆီးရမိရန္​ ရဲတပ္​ဖြဲ႕က စုံစမ္း​ေနစဥ္​ ယင္းေန႔ ည ၉ နာရီခြဲခန္႔တြင္​ ျပစ္​မႈက်ဴးလြန္သူ ဘိုဘို(ခ)လြင္​ဘိုဘို​ေက်ာ္​က​ အင္းစိန္​ၿမိဳ႕မရဲစ ခန္းတြင္​ လာ​ေရာက္​ အဖမ္းခံခဲ့ျခင္း ျဖစ္​​ေၾကာင္း သိရျပီး၊ အင္းစိန္ၿမိဳ႕မရဲစခန္းမွ (ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္​​ေဆး​လ်က္ရွိေၾကာင္း သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် သရက်ခြံ (၁) လမ်းတွင် ဆေးခန်းဖွင့်ထားသည့် အသက် ၇၁ နှစ်ခန့်အရွယ် ဒေါက်တာ ထွန်းလွင် ကို ဓားဖြင့် ထိုးသတ်ခဲ့ သည့် အသက် ၃၃ နှစ်ခန့်အရွယ် အမျိုးသားက ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်ထားပါသည်။

အင်းစိန်အကျဉ်းထောင်တွင် ဆရာဝန်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ ထွန်းလွင် ကို အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီ ခန့်က ၎င်း၏ဆေးခန်းတွင် ဆေးကုနေစဉ် အဆိုပါလမ်းတွင် နေထိုင်သူ အသက် ၃၃ နှစ်ခန့်အရွယ် ဘိုဘို(ခ)လွင်ဘိုဘိုကျော်က ဆရာဝန်၏လည်ပင်းကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဓားဖြင့်ထိုးခံရသောကြောင့် ဒေါက်တာထွန်းလွင်၏လည်ပင်းတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေ စဉ် ည ၇ နာရီကျော်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဓားဖြင့် ထိုးကာ ထွက်ပြေးသွားသူကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော်က အင်းစိန်မြို့မရဲစ ခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး၊ အင်းစိန်မြို့မရဲစခန်းမှ (ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top