iMyanmarHouse.com - Best Property Website for Myanmar
×

ယမန္ႏွစ္ကတည္းက ရန္ကုန္တိုင္းအစိုးရ ဝယ္ယူခဲ့သည့္ ဟြန္ဒိုင္းမီနီဘတ္စ္ေက်ာင္း ကားအစီးေရ ၂၀၀ ကို ျပန္ဝယ္ရန္ ရန္ကုန္တုိင္းေဒသႀကီးအစိုးရ အဖြဲ႕က ျမန္မာႏုိင္ငံလုိင္စင္ရ ကန္ထ႐ိုက္တာမ်ား အမ်ားႏွင့္ ဆုိင္ေသာ ကုမၸဏီလီမိတက္သို႔ လြန္ခဲ့သည့္လပိုင္းက ကမ္းလွမ္းထားေၾကာင္းကုမၸဏီဥကၠ႒ ေရႊသံလြင္ ဦးေက်ာ္ဝင္းက ေျပာသည္။

ေက်ာင္းကားအစီးေရ ၁၃၀ ေက်ာ္ကို လက္ရွိအထိ မေျပးဆြဲႏုိင္ဘဲ တုိင္းေဒသႀကီး အစိုးရအဖြဲ႕ ႐ံုးေဘး ရွင္ေစာပုယာဥ္ရပ္နားကြင္းအတြင္း ရပ္ထားရမႈေၾကာင့္ လႊတ္ေတာ္၌ပင္ ေမးခြန္းထုတ္ခံရၿပီးေနာက္ ေက်ာင္းကားသတင္းစာရွင္းလင္းပြဲ ေပၚေပါက္လာျခင္းျဖစ္သည္။

ေက်ာင္းကားအမ်ားပိုင္ ကုမၸဏီဖြဲ႕စည္းေရး ေက်ာင္းကား လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုေဆြး ေႏြးပြဲကို ေအာက္တုိဘာ ၇ ရက္ က ေရႊသံလြင္ကုမၸဏီပိုင္ တာေမြ ၿမိဳ႕နယ္ ေရႊထြဋ္တင္ကြင္း၌ ျပဳ လုပ္ရာ လက္ရွိ ေက်ာင္းကားလုပ္ ငန္းရွင္ ၃၀၀ ခန္႔ တက္ေရာက္ခဲ့ သည္။

‘‘သူတုိ႔ (အစိုးရ) ဝယ္တဲ့ေဈးက ငါးဘီလီယံလားမသိရွိတယ္။ အဲဒီ ဝယ္တဲ့အတုိင္းပဲ ကြၽန္ေတာ္တုိ႔က ဝယ္ရမွာ။ အခုေပါက္ေဈး သိန္း ၃၀၀ ရွိလည္း သိန္း ၃၀၀ နဲ႔ ဝယ္ရမွာ မဟုတ္ဘူး။ အဲဒီဝယ္ထားတဲ့ ငါးဘီလီယံအတုိင္းပဲ ကြၽန္ ေတာ္တုိ႔က ဝယ္ရမွာ။ ဝယ္မယ္ လို႔လည္း၊ ဝယ္ပါ့မယ္လုိ႔လည္း ေျပာထားတာ’’ဟု ဦးေက်ာ္ဝင္းက ဆုိသည္။

အဆုိပါ ေက်ာင္းကားမ်ား ေျပးဆြဲျခင္းလုပ္ငန္းကို အမ်ားပိုင္ ကုမၸဏီ ဖြဲ႕စည္းလုပ္ကိုင္ခြင့္ျပဳရန္ ရန္ကုန္တုိင္း အစိုးရအဖြဲ႕ႏွင့္ YRTA တာဝန္ရွိသူမ်ားထံ တင္ျပခဲ့ရာ သေဘာတူညီမႈရရွိထားသည္ ဟု ၎က ဆုိသည္။

‘‘ကြၽန္ေတာ္တုိ႔က ဒီလုပ္ငန္း လုပ္တဲ့ ကုမၸဏီလည္း မဟုတ္ပါ ဘူး။ ကြၽမ္းက်င္တာလည္း မဟုတ္ပါဘူး။ လက္ရွိ ေက်ာင္းကားလုပ္ ေနတဲ့ လုပ္ငန္းရွင္ေတြကို လုၿပီး ေတာ့ လုပ္တဲ့သေဘာမ်ိဳးလည္း သက္ေရာက္မွာစိုးတဲ့အတြက္ လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းၿပီး လုပ္ဖို႔ ရန္ကုန္တုိင္းအစိုးရအဖြဲ႕နဲ႔ YRTA တာဝန္ရွိသူေတြကို ေသခ်ာရွင္းျပခဲ့ပါတယ္။ သူတုိ႔ကလည္း သေဘာတူပါတယ္။ အားလံုးစု ေပါင္းၿပီး လုပ္မယ္ဆိုရင္ ေကာင္း ပါတယ္လို႔ ေျပာတဲ့အတြက္ ဖိတ္ေခၚရျခင္းျဖစ္ပါတယ္’’ဟု ေက်ာင္းကားလုပ္ငန္းရွင္မ်ား ေဆြးေႏြးပြဲ ႏွင့္ ပတ္သက္၍ ဦးေက်ာ္ဝင္းက ရွင္းျပသည္။

ေဆြးေႏြးပြဲ တက္ေရာက္ရန္ ရန္ကုန္ၿမိဳ႕ရွိ ေက်ာင္းကား လုပ္ငန္းရွင္ ၁,၀၀၀ ေက်ာ္ကို ဖိတ္ၾကားထားေသာ္လည္း ၃၀၀ ခန္႔ တက္ေရာက္ခဲ့ၿပီး မြန္းလြဲ ၃ နာရီမွ ည ၇ နာရီအထိ ေလးနာရီၾကာ ေဆြးေႏြးခဲ့သည္။

အမ်ားပိုင္ကုမၸဏီသို႔ ရွယ္ ယာရွင္အျဖစ္ ဝင္ေရာက္ပါက တစ္ႏုိင္တစ္ပိုင္ လုပ္ကိုင္ေနသည့္ လက္ရွိ ေက်ာင္းကားလုပ္ငန္းရွင္ မ်ား၏ လစဥ္ဝင္ေငြ အခက္အခဲ ရွိလာႏုိင္သည့္အျပင္ အမ်ားပိုင္ ကုမၸဏီသို႔မဝင္ဘဲ ကိုယ္ပိုင္ဆက္ လက္လုပ္ကိုင္ပါကလည္း မီနီ ဘတ္စ္ အစီး ၂၀၀ ျဖင့္ ေက်ာင္း ကားအမ်ားပိုင္ကုမၸဏီက ယွဥ္ ၿပိဳင္ေဈးကြက္ယူမႈမ်ား ရွိလာမည္ ကို စိုးရိမ္ေနေၾကာင္း လုပ္ငန္းရွင္ အမ်ားစုက ေျပာသည္။

‘‘ကြၽန္မတုိ႔ အခုဆို တစ္လ ေလးသိန္းက်န္တယ္။ ဒီေလးသိန္းနဲ႔ပဲ ေနထုိင္စားေသာက္စရိတ္ကို သံုးေနရတာ။ အမ်ားပိုင္ဝင္လိုက္ ရင္ တစ္လခ်င္း ရပါ့မလား။ ႏွစ္ ကုန္မွ ရမယ္ဆုိရင္ အဆင္မေျပ ႏိုင္ဘူး။ ဒါေတြ သိရဖို႔ လိုပါ တယ္’’ဟု ေက်ာင္းကားလုပ္ငန္း ရွင္ ေဒၚလတ္လတ္က ဆုိသည္။

၂၀၁၆ ကစကာ ေက်ာင္းကားမ်ားႏွင့္ ပတ္သက္ၿပီး မူဝါဒအမ်ိဳးမ်ိဳးေျပာင္းလဲမႈေၾကာင့္ ေက်ာင္းကားလုပ္ငန္းရွင္အမ်ားစု သည္ အေႂကြးတင္မႈ၊ အရင္းမ ေက်မႈမ်ားရွိေနၿပီး ယခုတစ္ဖန္ အမ်ားပိုင္ကုမၸဏီျဖင့္ ေဈးကြက္ ၿပိဳင္ဆုိင္ခုိင္းျခင္းက လုပ္ငန္းရွင္ မ်ားကို အခက္ေတြ႕ေစေၾကာင္း ကမာရြတ္တီတီစီတြင္ ေက်ာင္းကားေျပးဆြဲေနသည့္ ေဒၚမိုးမိုး လြင္က ဆုိသည္။

ေဆြးေႏြးပြဲတြင္ ေက်ာင္း ကားလုပ္ငန္းရွင္မ်ား တင္ျပခဲ့ ေသာ စိုးရိမ္မႈမ်ားကို မွတ္သား ကာ ေက်ာင္းကားလုပ္ငန္းရွင္မ်ား ၏ ေဈးကြက္ကို လုမည္မဟုတ္ ေၾကာင္း၊ အမ်ားပိုင္ကုမၸဏီက ေျပးဆြဲမည့္ ေက်ာင္းကားမ်ားကို မျဖစ္မေနစီးရန္၊ အစိုးရမွတစ္ဆင့္ ၫႊန္ၾကားေပးရန္ ေက်ာင္းကား အမ်ားပိုင္ကုမၸဏီအေနျဖင့္ ေျပာ ၾကားမည္မဟုတ္ေၾကာင္း ဦးေက်ာ္ဝင္းက ေက်ာင္းကားလုပ္ငန္းရွင္ မ်ားကို ေျပာၾကားသည္။

လက္ရွိတြင္ အထက္ပါ ကုမၸဏီက ေက်ာင္းကားအမ်ားပိုင္ကုမၸဏီ ျဖစ္ေျမာက္ေရးေကာ္မတီကို ဖြဲ႕စည္းကာ ေက်ာင္းကားေျပးဆြဲလုပ္ကိုင္မည့္ အစီအစဥ္အေသးစိတ္ကို ဆက္လက္ညႇိႏိႈင္း မည္ျဖစ္ကာ ကုမၸဏီမွတ္ပံုတင္ၿပီး ပါက အစုရွယ္ယာတစ္ခုလွ်င္ က်ပ္ ၁၀,၀၀၀ ျဖင့္ ေရာင္းခ်ရန္ လ်ာထားသည္ဟု ကုမၸဏီဥကၠ႒ဦးေက်ာ္ဝင္းက ဆုိသည္။

မထသစနစ္ကို ဖ်က္သိမ္း ခဲ့ရာမွ ရရွိေသာ က်ပ္ငါး ဘီလီယံခန္႔ျဖင့္ ဟြန္ဒိုင္းမီနီဘတ္စ္ယာဥ္၂၀၀ ကို ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕က ၂၀၁၇ ဇူလုိင္တြင္ ဝယ္ယူ ခဲ့သည္။ ၂၀၁၇ မကုန္မီ ေက်ာင္းကားမ်ားကို Royal Gol-den Hand ကုမၸဏီအား အစိုးရ ႏွင့္ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္မႈစနစ္ (Public Private Partn-ership) ျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေက်ာင္း၂၂ ေက်ာင္းတြင္ ေျပးဆြဲမည္ဟုတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့သည္။ သို႔ေသာ္ Royal Golden Hand ကုမၸဏီအေနျဖင့္ ေက်ာင္းကား ေျပးဆြဲမႈ အဆင္မေျပျဖစ္ကာ ၂၀၁၈ ဇြန္လတြင္မွ ကမာရြတ္ တီတီစီႏွင့္ ရန္ကင္းတီတီစီတုိ႔တြင္ ေက်ာင္းကားသစ္ ၆၅ စီးကို YRTAကြပ္ကဲမႈျဖင့္ ေျပးဆြဲႏုိင္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
ယမန်နှစ်ကတည်းက ရန်ကုန်တိုင်းအစိုးရ ဝယ်ယူခဲ့သည့် ဟွန်ဒိုင်းမီနီဘတ်စ်ကျောင်း ကားအစီးရေ ၂၀၀ ကို ပြန်ဝယ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့် ဆိုင်သော ကုမ္ပဏီလီမိတက်သို့ လွန်ခဲ့သည့်လပိုင်းက ကမ်းလှမ်းထားကြောင်းကုမ္ပဏီဥက္ကဋ္ဌ ရွှေသံလွင် ဦးကျော်ဝင်းက ပြောသည်။

ကျောင်းကားအစီးရေ ၁၃၀ ကျော်ကို လက်ရှိအထိ မပြေးဆွဲနိုင်ဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဘေး ရှင်စောပုယာဉ်ရပ်နားကွင်းအတွင်း ရပ်ထားရမှုကြောင့် လွှတ်တော်၌ပင် မေးခွန်းထုတ်ခံရပြီးနောက် ကျောင်းကားသတင်းစာရှင်းလင်းပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျောင်းကားအများပိုင် ကုမ္ပဏီဖွဲ့စည်းရေး ကျောင်းကား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေး နွေးပွဲကို အောက်တိုဘာ ၇ ရက် က ရွှေသံလွင်ကုမ္ပဏီပိုင် တာမွေ မြို့နယ် ရွှေထွဋ်တင်ကွင်း၌ ပြု လုပ်ရာ လက်ရှိ ကျောင်းကားလုပ် ငန်းရှင် ၃၀၀ ခန့် တက်ရောက်ခဲ့ သည်။

‘‘သူတို့ (အစိုးရ) ဝယ်တဲ့ဈေးက ငါးဘီလီယံလားမသိရှိတယ်။ အဲဒီ ဝယ်တဲ့အတိုင်းပဲ ကျွန်တော်တို့က ဝယ်ရမှာ။ အခုပေါက်ဈေး သိန်း ၃၀၀ ရှိလည်း သိန်း ၃၀၀ နဲ့ ဝယ်ရမှာ မဟုတ်ဘူး။ အဲဒီဝယ်ထားတဲ့ ငါးဘီလီယံအတိုင်းပဲ ကျွန် တော်တို့က ဝယ်ရမှာ။ ဝယ်မယ် လို့လည်း၊ ဝယ်ပါ့မယ်လို့လည်း ပြောထားတာ’’ဟု ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါ ကျောင်းကားများ ပြေးဆွဲခြင်းလုပ်ငန်းကို အများပိုင် ကုမ္ပဏီ ဖွဲ့စည်းလုပ်ကိုင်ခွင့်ပြုရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် YRTA တာဝန်ရှိသူများထံ တင်ပြခဲ့ရာ သဘောတူညီမှုရရှိထားသည် ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့က ဒီလုပ်ငန်း လုပ်တဲ့ ကုမ္ပဏီလည်း မဟုတ်ပါ ဘူး။ ကျွမ်းကျင်တာလည်း မဟုတ်ပါဘူး။ လက်ရှိ ကျောင်းကားလုပ် နေတဲ့ လုပ်ငန်းရှင်တွေကို လုပြီး တော့ လုပ်တဲ့သဘောမျိုးလည်း သက်ရောက်မှာစိုးတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ YRTA တာဝန်ရှိသူတွေကို သေချာရှင်းပြခဲ့ပါတယ်။ သူတို့ကလည်း သဘောတူပါတယ်။ အားလုံးစု ပေါင်းပြီး လုပ်မယ်ဆိုရင် ကောင်း ပါတယ်လို့ ပြောတဲ့အတွက် ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်’’ဟု ကျောင်းကားလုပ်ငန်းရှင်များ ဆွေးနွေးပွဲ နှင့် ပတ်သက်၍ ဦးကျော်ဝင်းက ရှင်းပြသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် ရန်ကုန်မြို့ရှိ ကျောင်းကား လုပ်ငန်းရှင် ၁,၀၀၀ ကျော်ကို ဖိတ်ကြားထားသော်လည်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ လေးနာရီကြာ ဆွေးနွေးခဲ့သည်။

အများပိုင်ကုမ္ပဏီသို့ ရှယ် ယာရှင်အဖြစ် ဝင်ရောက်ပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် လက်ရှိ ကျောင်းကားလုပ်ငန်းရှင် များ၏ လစဉ်ဝင်ငွေ အခက်အခဲ ရှိလာနိုင်သည့်အပြင် အများပိုင် ကုမ္ပဏီသို့မဝင်ဘဲ ကိုယ်ပိုင်ဆက် လက်လုပ်ကိုင်ပါကလည်း မီနီ ဘတ်စ် အစီး ၂၀၀ ဖြင့် ကျောင်း ကားအများပိုင်ကုမ္ပဏီက ယှဉ် ပြိုင်ဈေးကွက်ယူမှုများ ရှိလာမည် ကို စိုးရိမ်နေကြောင်း လုပ်ငန်းရှင် အများစုက ပြောသည်။

‘‘ကျွန်မတို့ အခုဆို တစ်လ လေးသိန်းကျန်တယ်။ ဒီလေးသိန်းနဲ့ပဲ နေထိုင်စားသောက်စရိတ်ကို သုံးနေရတာ။ အများပိုင်ဝင်လိုက် ရင် တစ်လချင်း ရပါ့မလား။ နှစ် ကုန်မှ ရမယ်ဆိုရင် အဆင်မပြေ နိုင်ဘူး။ ဒါတွေ သိရဖို့ လိုပါ တယ်’’ဟု ကျောင်းကားလုပ်ငန်း ရှင် ဒေါ်လတ်လတ်က ဆိုသည်။

၂၀၁၆ ကစကာ ကျောင်းကားများနှင့် ပတ်သက်ပြီး မူဝါဒအမျိုးမျိုးပြောင်းလဲမှုကြောင့် ကျောင်းကားလုပ်ငန်းရှင်အများစု သည် အကြွေးတင်မှု၊ အရင်းမ ကျေမှုများရှိနေပြီး ယခုတစ်ဖန် အများပိုင်ကုမ္ပဏီဖြင့် ဈေးကွက် ပြိုင်ဆိုင်ခိုင်းခြင်းက လုပ်ငန်းရှင် များကို အခက်တွေ့စေကြောင်း ကမာရွတ်တီတီစီတွင် ကျောင်းကားပြေးဆွဲနေသည့် ဒေါ်မိုးမိုး လွင်က ဆိုသည်။

ဆွေးနွေးပွဲတွင် ကျောင်း ကားလုပ်ငန်းရှင်များ တင်ပြခဲ့ သော စိုးရိမ်မှုများကို မှတ်သား ကာ ကျောင်းကားလုပ်ငန်းရှင်များ ၏ ဈေးကွက်ကို လုမည်မဟုတ် ကြောင်း၊ အများပိုင်ကုမ္ပဏီက ပြေးဆွဲမည့် ကျောင်းကားများကို မဖြစ်မနေစီးရန်၊ အစိုးရမှတစ်ဆင့် ညွှန်ကြားပေးရန် ကျောင်းကား အများပိုင်ကုမ္ပဏီအနေဖြင့် ပြော ကြားမည်မဟုတ်ကြောင်း ဦးကျော်ဝင်းက ကျောင်းကားလုပ်ငန်းရှင် များကို ပြောကြားသည်။

လက်ရှိတွင် အထက်ပါ ကုမ္ပဏီက ကျောင်းကားအများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းကာ ကျောင်းကားပြေးဆွဲလုပ်ကိုင်မည့် အစီအစဉ်အသေးစိတ်ကို ဆက်လက်ညှိနှိုင်း မည်ဖြစ်ကာ ကုမ္ပဏီမှတ်ပုံတင်ပြီး ပါက အစုရှယ်ယာတစ်ခုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် ရောင်းချရန် လျာထားသည်ဟု ကုမ္ပဏီဥက္ကဋ္ဌဦးကျော်ဝင်းက ဆိုသည်။

မထသစနစ်ကို ဖျက်သိမ်း ခဲ့ရာမှ ရရှိသော ကျပ်ငါး ဘီလီယံခန့်ဖြင့် ဟွန်ဒိုင်းမီနီဘတ်စ်ယာဉ်၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ဇူလိုင်တွင် ဝယ်ယူ ခဲ့သည်။ ၂၀၁၇ မကုန်မီ ကျောင်းကားများကို Royal Gol-den Hand ကုမ္ပဏီအား အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ် (Public Private Partn-ership) ဖြင့် ရန်ကုန်မြို့ရှိ ကျောင်း၂၂ ကျောင်းတွင် ပြေးဆွဲမည်ဟုတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ သို့သော် Royal Golden Hand ကုမ္ပဏီအနေဖြင့် ကျောင်းကား ပြေးဆွဲမှု အဆင်မပြေဖြစ်ကာ ၂၀၁၈ ဇွန်လတွင်မှ ကမာရွတ် တီတီစီနှင့် ရန်ကင်းတီတီစီတို့တွင် ကျောင်းကားသစ် ၆၅ စီးကို YRTAကွပ်ကဲမှုဖြင့် ပြေးဆွဲနိုင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top