မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မိသားစုနဲ႔စကားေျပာဖို႔ အေရးႀကီးတယ္။
မိဘနဲ႔လည္းစကားေျပာဖို႔ သိပ္အေရးႀကီးတယ္။
ဒီစကားထဲမွာပဲ ကိုယ့္ေမတၱာေတြကို ေဖာ္ျပလို႔ရတယ္ေနာ္။
ျပဳစုမႈ ယုယမႈကို ကိုယ္အမူအရာနဲ႔လည္း ျပလို႔ရပါတယ္။
သူတို႔ႀကိဳက္တာေလးေတြ ဝယ္ေပးတာနဲ႔လည္းပဲ ေမတၱာျပလို႔ ရပါတယ္။
စကားေျပာတာကေတာ့ အင္မတန္ အေရးႀကီးတယ္။ က်န္တာေတြ ဘယ္ေလာက္ေပးေနေပးေန စကားမေျပာဘဲေနရင္ ဘယ့္ႏွယ့္ေနမလဲ။
Contact မရိွေတာ့ဘူး။
Lonely ျဖစ္သြားၿပီ။
အဲဒီ Loneliness ကို သက္သာေစတာဟာ စကားေျပာတာပဲ။


ဒါေၾကာင့္ မိဘကို စကားေျပာဖို႔လိုတယ္
ေဆးရံုမွာပို႔ထားၿပီး လကုန္ရင္ကုန္က်စရိတ္ပို႔လိုက္ရံုနဲ႔ မရဘူး။
စကၤာပူမွာ ဒကာမႀကီးတစ္ေယာက္နဲ႔ေတြ႔တယ္။
သူက ျမန္မာျပည္က သူနာျပဳဆရာမႀကီး။
စကၤာပူမွာ အဲဒီလို အသက္ႀကီးတဲ့သူေတြကိုထားတဲ့ေဆးရံုမွာ သူက အလုပ္လုပ္တယ္။
သူက ျမန္မာပီပီ အသက္ႀကီးတဲ့အဘြားအိုေတြကို သူ႔အေမလို ေပြ႔ေပြ႔ပိုက္ပုိက္ ေသေသခ်ာခ်ာ ျပဳစုပါတယ္။
အဘြားႀကီးတစ္ေယာက္က အသက္ (၈၀) ေက်ာ္ၿပီ။ သူျပဳစုထားရင္းကေန တစ္ေန႔ေတာ့ လူႀကီးေရာဂါနဲ႔ ဆံုးသြားေရာ။
ဆံုးသြားၿပီဆိုေတာ့ သူ႔မိသားစုက ေရာက္လာတယ္။ အဲဒီမွာ သူ႔သားလည္းပါလာတယ္။
သူ႔သားကဘာေျပာလဲဆိုေတာ့ ငါ့အေမကို နင္တို႔ ေသေသခ်ာခ်ာမျပဳစုလို႔ ဆံုးသြားတာတဲ့။
အဲဒီေတာ့ Nurse က ျပန္ေမးတယ္။
ငါ ဒီေဆးရံုမွာအလုပ္လုပ္တာ (၁) ႏွစ္ခဲြရိွၿပီ။
နင္ တစ္ခါမွ မလာဘူး။
အခုမွ လာၿပီးေတာ့ ငါမျပဳစုလို႔ပဲ နင့္အေမဆံုးတယ္လို႔ နင္ေျပာမလို႔လား။
နင္ ဘယ္ႏွစ္ခါျပဳစုဘူးလဲ။


အဲဒီလိုေတြ ျဖစ္လာေနၿပီ။
ဒါဟာ လူ႔ယဥ္ေက်းမႈရႈေထာင့္ကေန ႀကည့္မယ္ဆိုရင္ အင္မတန္ေၾကာက္စရာေကာင္းတဲ့ အႏၱရာယ္တစ္ခုပဲ။
မိဘက အသက္ႀကီးေလေလ သားသမီးေတြဆီကေမတၱာ ပိုၿပီးေတာ့ လိုအပ္ေလေလ။
ဒါေၾကာင္ ့လူ႔အသိုင္းအဝိုင္း ပိုၿပီးေတာ့ေကာင္းမြန္တဲ့ရပ္ဝန္းႀကီး ျဖစ္လာဖို႔ဆိုတာက မိသားစုေကာင္းမွ ျဖစ္မယ္တဲ့ေနာ္။
လူ႔အသိုင္းအဝိုင္းရဲ႕ အေျခခံအက်ဆံုးအဖဲြ႔အစည္းဟာ မိသားစု။
မိသားစုဆိုတဲ့ အဖဲြ႔အစည္းေလးေကာင္းမွ က်န္တဲ့အခ်က္ေတြ ေကာင္းမယ္။

💐💐💐
အိမ္မွာ မိသားစုအခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းေကာင္းမြန္မြန္၊ ပြင့္ပြင့္လင္းလင္း၊ တိုင္တိုင္ပင္ပင္၊ ေျပာဆိုဆက္ဆံတတ္တဲ့ အေလ့အက်င့္မ်ိဳး၊

သားသမီးရဲ႕ဆႏၵ၊
မိဘရဲ႕ဆႏၵ၊
တစ္ဦးဆႏၵကို တစ္ဦးကအသိအမွတ္ျပဳၿပီးေတာ့ ေမးၿပီးမွ တစ္ခုခုကိုဆံုးျဖတ္တဲ့အေလ့အက်င့္မ်ိဳး လုပ္ခဲ့မယ္ဆိုရင္
ဒီကေလးဟာ ႀကီးလာတဲ့အခါမွာ
ဘယ္ကိစၥဘဲျဖစ္ျဖစ္ မိဘနဲ႔တိုင္တုိင္ပင္ပင္ စဥ္းစဥ္းစားစားဆံုးျဖတ္တဲ့ကေလး ျဖစ္လာမယ္။
တစ္ဖက္သတ္ တစ္ကိုယ္ေကာင္းဆန္ဆန္ မဆံုးျဖတ္ေတာ့ဘူး။
ငါ တစ္ခုခုလုပ္မယ္ဆိုရင္ အျခားလူေတြကိုပါ ထည့္ၿပီးေတာ့စဥ္းစားေပးရမယ္။
ထည့္တြက္ရမယ္။
အဲဒီလိုဆိုရင္ ျပင္ပေလာကမွာ ပိုၿပီးေတာ့သေဘာထားျပည့္ဝတဲ့သူ ျဖစ္မယ္။
အဲဒီလို သေဘာထားျပည့္ဝမွလည္းပဲ အျပင္ေလာကမွာ ပိုၿပီးေတာ့အဆင္ေျပတဲ့သူ ျဖစ္မယ္။

အိမ္မွာ အေမနဲ႔အေဖက တစ္ေယာက္နဲ႔တစ္ေယာက္ မတိုင္ပင္ဘူး။
တစ္ေယာက္တည္းက သူႀကိဳက္သလိုလုပ္မယ္။
တစ္ေယာက္က ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ လုပ္သမွ်ခံရမယ္ဆိုရင္ အဲဒီကေလးဟာ သူကိုယ္တိုင္က အဲဒီစရိုက္ပါသြားၿပီ။
ႀကီးလာတဲ့အခါမွာ ဘယ္သူ႔ကိုမွမတိုင္ပင္ခ်င္ဘူး။
သူလုပ္ခ်င္တာလုပ္မယ္။
အဲဒီလိုဆိုရင္ အျပင္ေလာကအသိုင္းအဝိုင္းထဲ ေရာက္သြားတဲ့အခါမွာ သူက ညိွႏိႈင္းရခက္တဲ့လူ ျဖစ္လာမယ္။

💐💐💐
ဟစ္တလာရဲ႕ Biography ဖတ္ဖူးတယ္။
ဟစ္တလာရဲ႕အေဖက ဟစ္တလာကို ငယ္ငယ္တုန္းက သိပ္ရုိက္တာပဲတဲ့။
အမိန္႔လည္းေပးတယ္။
ဘယ္ေတာ့မွ ရွင္းမျပဘူး။
သူမႀကိဳက္တာတစ္ခုေတြ႔ၿပီဆိုရင္ သူ႔အေဖက သူ႔ကို ေကာင္းေကာင္းရိုက္တယ္တဲ့။
အဲဒီလူက ႀကီးလာေတာ့ စိတ္ကၾကမ္းတမ္းလာတယ္။ သူကိုယ္တိုင္က အမိန္႔ေပးခ်င္တာပဲရိွတယ္။
ဘယ္သူ႔စကားမွ ျပန္နားေထာင္ဖို႔စိတ္မကူးဘူး။

ၾကမ္းတမ္းတဲ့သူေတြ ေသခ်ာေလ့လာၾကည့္ေတာ့ မိဘေမတၱာကို အျပည့္အဝ မရခဲ့တဲ့လူေတြပဲ။
မိဘေမတၱာကို ျပည့္ျပည့္ဝဝရခဲ့တဲ့သူက ၾကမ္းတမ္းတဲ့လူမျဖစ္ဘူး။
ဒါေၾကာင့္ မိဘနဲ႔သားသမီးဆက္ဆံေရး၊ သားသမီးက မိဘအေပၚဆက္ဆံေရး၊ ကိုယ့္သားသမီးနဲ႔ ကိုယ္ဆက္ဆံေရး၊ ကုိယ့္အိမ္သူအိမ္သားနဲ႔ ဆက္ဆံေရး၊ အဲဒါေတြဟာ လူ႔ဘဝမွာ အေရးအႀကီးဆံုးဆက္ဆံေရးျဖစ္တယ္။
အဲဒါကို ေကာင္းေအာင္ လုပ္ဖို႔လိုတယ္။⚡⚡


ဖိုးသူေတာ္ (www.phothutaw.com)
Credit:💢ဆရာေတာ္ဦးေဇာတိက💢
# Unicode Version ျဖင့္ ဖတ္ပါ #
 💐💐💐
Communication သိပ်အရေးကြီးတယ်။
မိသားစုနဲ့စကားပြောဖို့ အရေးကြီးတယ်။
မိဘနဲ့လည်းစကားပြောဖို့ သိပ်အရေးကြီးတယ်။
ဒီစကားထဲမှာပဲ ကိုယ့်မေတ္တာတွေကို ဖော်ပြလို့ရတယ်နော်။
ပြုစုမှု ယုယမှုကို ကိုယ်အမူအရာနဲ့လည်း ပြလို့ရပါတယ်။
သူတို့ကြိုက်တာလေးတွေ ဝယ်ပေးတာနဲ့လည်းပဲ မေတ္တာပြလို့ ရပါတယ်။
စကားပြောတာကတော့ အင်မတန် အရေးကြီးတယ်။ ကျန်တာတွေ ဘယ်လောက်ပေးနေပေးနေ စကားမပြောဘဲနေရင် ဘယ့်နှယ့်နေမလဲ။
Contact မရှိတော့ဘူး။
Lonely ဖြစ်သွားပြီ။
အဲဒီ Loneliness ကို သက်သာစေတာဟာ စကားပြောတာပဲ။


ဒါကြောင့် မိဘကို စကားပြောဖို့လိုတယ်
ဆေးရုံမှာပို့ထားပြီး လကုန်ရင်ကုန်ကျစရိတ်ပို့လိုက်ရုံနဲ့ မရဘူး။
စင်္ကာပူမှာ ဒကာမကြီးတစ်ယောက်နဲ့တွေ့တယ်။
သူက မြန်မာပြည်က သူနာပြုဆရာမကြီး။
စင်္ကာပူမှာ အဲဒီလို အသက်ကြီးတဲ့သူတွေကိုထားတဲ့ဆေးရုံမှာ သူက အလုပ်လုပ်တယ်။
သူက မြန်မာပီပီ အသက်ကြီးတဲ့အဘွားအိုတွေကို သူ့အမေလို ပွေ့ပွေ့ပိုက်ပိုက် သေသေချာချာ ပြုစုပါတယ်။
အဘွားကြီးတစ်ယောက်က အသက် (၈၀) ကျော်ပြီ။ သူပြုစုထားရင်းကနေ တစ်နေ့တော့ လူကြီးရောဂါနဲ့ ဆုံးသွားရော။
ဆုံးသွားပြီဆိုတော့ သူ့မိသားစုက ရောက်လာတယ်။ အဲဒီမှာ သူ့သားလည်းပါလာတယ်။
သူ့သားကဘာပြောလဲဆိုတော့ ငါ့အမေကို နင်တို့ သေသေချာချာမပြုစုလို့ ဆုံးသွားတာတဲ့။
အဲဒီတော့ Nurse က ပြန်မေးတယ်။
ငါ ဒီဆေးရုံမှာအလုပ်လုပ်တာ (၁) နှစ်ခွဲရှိပြီ။
နင် တစ်ခါမှ မလာဘူး။
အခုမှ လာပြီးတော့ ငါမပြုစုလို့ပဲ နင့်အမေဆုံးတယ်လို့ နင်ပြောမလို့လား။
နင် ဘယ်နှစ်ခါပြုစုဘူးလဲ။


အဲဒီလိုတွေ ဖြစ်လာနေပြီ။
ဒါဟာ လူ့ယဉ်ကျေးမှုရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းတဲ့ အန္တရာယ်တစ်ခုပဲ။
မိဘက အသက်ကြီးလေလေ သားသမီးတွေဆီကမေတ္တာ ပိုပြီးတော့ လိုအပ်လေလေ။
ဒါကြောင့်လူ့အသိုင်းအဝိုင်း ပိုပြီးတော့ကောင်းမွန်တဲ့ရပ်ဝန်းကြီး ဖြစ်လာဖို့ဆိုတာက မိသားစုကောင်းမှ ဖြစ်မယ်တဲ့နော်။
လူ့အသိုင်းအဝိုင်းရဲ့ အခြေခံအကျဆုံးအဖွဲ့အစည်းဟာ မိသားစု။
မိသားစုဆိုတဲ့ အဖွဲ့အစည်းလေးကောင်းမှ ကျန်တဲ့အချက်တွေ ကောင်းမယ်။

💐💐💐
အိမ်မှာ မိသားစုအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန်၊ ပွင့်ပွင့်လင်းလင်း၊ တိုင်တိုင်ပင်ပင်၊ ပြောဆိုဆက်ဆံတတ်တဲ့ အလေ့အကျင့်မျိုး၊

သားသမီးရဲ့ဆန္ဒ၊
မိဘရဲ့ဆန္ဒ၊
တစ်ဦးဆန္ဒကို တစ်ဦးကအသိအမှတ်ပြုပြီးတော့ မေးပြီးမှ တစ်ခုခုကိုဆုံးဖြတ်တဲ့အလေ့အကျင့်မျိုး လုပ်ခဲ့မယ်ဆိုရင်
ဒီကလေးဟာ ကြီးလာတဲ့အခါမှာ
ဘယ်ကိစ္စဘဲဖြစ်ဖြစ် မိဘနဲ့တိုင်တိုင်ပင်ပင် စဉ်းစဉ်းစားစားဆုံးဖြတ်တဲ့ကလေး ဖြစ်လာမယ်။
တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ဆန် မဆုံးဖြတ်တော့ဘူး။
ငါ တစ်ခုခုလုပ်မယ်ဆိုရင် အခြားလူတွေကိုပါ ထည့်ပြီးတော့စဉ်းစားပေးရမယ်။
ထည့်တွက်ရမယ်။
အဲဒီလိုဆိုရင် ပြင်ပလောကမှာ ပိုပြီးတော့သဘောထားပြည့်ဝတဲ့သူ ဖြစ်မယ်။
အဲဒီလို သဘောထားပြည့်ဝမှလည်းပဲ အပြင်လောကမှာ ပိုပြီးတော့အဆင်ပြေတဲ့သူ ဖြစ်မယ်။

အိမ်မှာ အမေနဲ့အဖေက တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ဘူး။
တစ်ယောက်တည်းက သူကြိုက်သလိုလုပ်မယ်။
တစ်ယောက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်သမျှခံရမယ်ဆိုရင် အဲဒီကလေးဟာ သူကိုယ်တိုင်က အဲဒီစရိုက်ပါသွားပြီ။
ကြီးလာတဲ့အခါမှာ ဘယ်သူ့ကိုမှမတိုင်ပင်ချင်ဘူး။
သူလုပ်ချင်တာလုပ်မယ်။
အဲဒီလိုဆိုရင် အပြင်လောကအသိုင်းအဝိုင်းထဲ ရောက်သွားတဲ့အခါမှာ သူက ညှိနှိုင်းရခက်တဲ့လူ ဖြစ်လာမယ်။

💐💐💐
ဟစ်တလာရဲ့ Biography ဖတ်ဖူးတယ်။
ဟစ်တလာရဲ့အဖေက ဟစ်တလာကို ငယ်ငယ်တုန်းက သိပ်ရိုက်တာပဲတဲ့။
အမိန့်လည်းပေးတယ်။
ဘယ်တော့မှ ရှင်းမပြဘူး။
သူမကြိုက်တာတစ်ခုတွေ့ပြီဆိုရင် သူ့အဖေက သူ့ကို ကောင်းကောင်းရိုက်တယ်တဲ့။
အဲဒီလူက ကြီးလာတော့ စိတ်ကကြမ်းတမ်းလာတယ်။ သူကိုယ်တိုင်က အမိန့်ပေးချင်တာပဲရှိတယ်။
ဘယ်သူ့စကားမှ ပြန်နားထောင်ဖို့စိတ်မကူးဘူး။

ကြမ်းတမ်းတဲ့သူတွေ သေချာလေ့လာကြည့်တော့ မိဘမေတ္တာကို အပြည့်အဝ မရခဲ့တဲ့လူတွေပဲ။
မိဘမေတ္တာကို ပြည့်ပြည့်ဝဝရခဲ့တဲ့သူက ကြမ်းတမ်းတဲ့လူမဖြစ်ဘူး။
ဒါကြောင့် မိဘနဲ့သားသမီးဆက်ဆံရေး၊ သားသမီးက မိဘအပေါ်ဆက်ဆံရေး၊ ကိုယ့်သားသမီးနဲ့ ကိုယ်ဆက်ဆံရေး၊ ကိုယ့်အိမ်သူအိမ်သားနဲ့ ဆက်ဆံရေး၊ အဲဒါတွေဟာ လူ့ဘဝမှာ အရေးအကြီးဆုံးဆက်ဆံရေးဖြစ်တယ်။
အဲဒါကို ကောင်းအောင် လုပ်ဖို့လိုတယ်။⚡⚡


ဖိုးသူတော် (www.phothutaw.com)
Credit:💢ဆရာတော်ဦးဇောတိက💢
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top