မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ယခုႏွစ္ ႏွစ္ကုန္ပိုင္းႏွင့္ ၂၀၁၉ ခုႏွစ္ထဲတြင္ ျမန္မာႏိုင္ငံ၌ အယ္နီညိဳရာသီဥတုျဖစ္ေပၚႏိုင္ေသာေၾကာင့္ အစိုးရႏွင့္ ျပည္သူလူထုတို႔အေနျဖင့္ ႀကိဳတင္ျပင္ ဆင္ထားၾကရန္ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က အႀကံေပးေျပာဆိုလိုက္သည္။

မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္၏ အဆိုပါေျပာဆိုခ်က္ကို ျပန္ၾကားေရး၀န္ႀကီးဌာန၏ တရား၀င္ စာမ်က္ႏွာျဖစ္သည့္ MOI Facebook တြင္ေရးသားထားျခင္းျဖစ္သည္။

“ ရာသီဥတုကေတာ့ မၿငိမ္ဘူး၊ အထူးသျဖင့္ အဓိကေျပာခ်င္တာက အယ္နီညိဳသတင္းကေတာ့ ဘာပဲ ေျပာေျပာ အစိုးရတာဝန္ရွိတဲ့သူေတြေရာ၊ ျပည္သူလူထုေရာ ႀကိဳတင္ျပင္ဆင္ဖို႔လိုမယ္။

၂ဝ၁၅-၂ဝ၁၆ တုန္းကလို တကယ္ျဖစ္လာရင္ ဘယ္လိုျဖစ္ခဲ့သလဲ။ ဘာေတြလုပ္ခဲ့ရသလဲဆိုတာေတြကို ျပန္ၿပီးေလ့လာ ထားဖို႔လိုတယ္။

အဲဒီပုံစံမ်ဳိး၊ အဲဒီ အတိုင္းအတာထိျဖစ္မလား၊ အခုေနာက္ပိုင္းက ျဖစ္လိုက္တယ္ဆိုရင္ ေလ်ာ့တယ္ဆိုတာမရွိဘူး။

ပိုတယ္ လို႔ပဲ ရွိတယ္။ အခုခ်ိန္ထိေတာ့ သတိရထားမယ့္အဆင့္မွာ ရွိေနတုန္းပဲ။ ေနာက္ပိုင္းမွာ မျဖစ္လို႔ေလ်ာ့သြားရင္လည္း ကံေကာင္းတာ ေပါ့ေလ။

တကယ္လို႔ ျဖစ္လာရင္ေတာ့ ေတာ္ေတာ္ပူျပင္းတဲ့ ေႏြရာသီကို ၂ဝ၁၉ မွာေတြ႕ရဦးမယ္” ဟု ၄င္းကဆိုသည္။

ထို႔ျပင္ ပစိဖိတ္သမုဒၵရာ၌ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ သုံးလတြင္ အယ္နီညိဳျဖစ္ရန္ ၅၅ ရာခိုင္ႏႈန္း ရွိေနၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာမွ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလအထိ အယ္နီညိဳျဖစ္ရန္ အလား အလာ ၇ဝ ရာခိုင္ႏႈန္း ရွိေနသည္ဟု ေဒါက္တာထြန္းလြင္ကဆိုသည္။

အယ္နီညိဳျဖစ္ပြားပါက ျမန္မာႏိုင္ငံတြင္ ေရရွားပါးျခင္း၊ သီးႏွံမ်ားထိခိုက္ျခင္း အျပင္ကူးစက္တတ္ေသာ က်န္းမာေရးျပသာနာမ်ားပါႀကံဳေတြ႕ရလာႏိုင္သည္ဟု ၄င္းက သတိေပးေျပာဆိုသည္။

အယ္နီညိဳရာသီဥတုသည္ ၂ဝ၁၅-၂ဝ၁၆ က ျဖစ္ခဲ့ဖူးၿပီး ျမန္မာႏိုင္ငံအပါအဝင္ အာရွ-ပစိဖိတ္ေဒသ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံ၌ အပူခ်ိန္အလြန္ျမင့္မားကာ လူေသဆံုးသည္အထိ ျဖစ္ပြားမႈမ်ားရွိခဲ႔သည္။

ထို႔အျပင္ မိုးေလ၀သဆိုင္ရာေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕တစ္ခုက လာမည့္ ၂ဝ၁၉-၂ဝ၂ဝ- ၂ဝ၂၁-၂ဝ၂၂ ႏွစ္မ်ားသည္ ကမာၻ႔သမိုင္းတြင္ အပူဆုံးႏွစ္မ်ားျဖစ္မည္ဟု သတိေပးေျပာဆိုထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
ယခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ်ထဲတွင် မြန်မာနိုင်ငံ၌ အယ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်သောကြောင့် အစိုးရနှင့် ပြည်သူလူထုတို့အနေဖြင့် ကြိုတင်ပြင် ဆင်ထားကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အကြံပေးပြောဆိုလိုက်သည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ အဆိုပါပြောဆိုချက်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် စာမျက်နှာဖြစ်သည့် MOI Facebook တွင်ရေးသားထားခြင်းဖြစ်သည်။

“ ရာသီဥတုကတော့ မငြိမ်ဘူး၊ အထူးသဖြင့် အဓိကပြောချင်တာက အယ်နီညိုသတင်းကတော့ ဘာပဲ ပြောပြော အစိုးရတာဝန်ရှိတဲ့သူတွေရော၊ ပြည်သူလူထုရော ကြိုတင်ပြင်ဆင်ဖို့လိုမယ်။

၂ဝ၁၅-၂ဝ၁၆ တုန်းကလို တကယ်ဖြစ်လာရင် ဘယ်လိုဖြစ်ခဲ့သလဲ။ ဘာတွေလုပ်ခဲ့ရသလဲဆိုတာတွေကို ပြန်ပြီးလေ့လာ ထားဖို့လိုတယ်။

အဲဒီပုံစံမျိုး၊ အဲဒီ အတိုင်းအတာထိဖြစ်မလား၊ အခုနောက်ပိုင်းက ဖြစ်လိုက်တယ်ဆိုရင် လျော့တယ်ဆိုတာမရှိဘူး။

ပိုတယ် လို့ပဲ ရှိတယ်။ အခုချိန်ထိတော့ သတိရထားမယ့်အဆင့်မှာ ရှိနေတုန်းပဲ။ နောက်ပိုင်းမှာ မဖြစ်လို့လျော့သွားရင်လည်း ကံကောင်းတာ ပေါ့လေ။

တကယ်လို့ ဖြစ်လာရင်တော့ တော်တော်ပူပြင်းတဲ့ နွေရာသီကို ၂ဝ၁၉ မှာတွေ့ရဦးမယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ပစိဖိတ်သမုဒ္ဒရာ၌ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ သုံးလတွင် အယ်နီညိုဖြစ်ရန် ၅၅ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလအထိ အယ်နီညိုဖြစ်ရန် အလား အလာ ၇ဝ ရာခိုင်နှုန်း ရှိနေသည်ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

အယ်နီညိုဖြစ်ပွားပါက မြန်မာနိုင်ငံတွင် ရေရှားပါးခြင်း၊ သီးနှံများထိခိုက်ခြင်း အပြင်ကူးစက်တတ်သော ကျန်းမာရေးပြသာနာများပါကြုံတွေ့ရလာနိုင်သည်ဟု ၎င်းက သတိပေးပြောဆိုသည်။

အယ်နီညိုရာသီဥတုသည် ၂ဝ၁၅-၂ဝ၁၆ က ဖြစ်ခဲ့ဖူးပြီး မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၂၈ နိုင်ငံ၌ အပူချိန်အလွန်မြင့်မားကာ လူသေဆုံးသည်အထိ ဖြစ်ပွားမှုများရှိခဲ့သည်။

ထို့အပြင် မိုးလေဝသဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက လာမည့် ၂ဝ၁၉-၂ဝ၂ဝ- ၂ဝ၂၁-၂ဝ၂၂ နှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်များဖြစ်မည်ဟု သတိပေးပြောဆိုထားသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top