ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သရုပ္ေဆာင္ မင္းေသြးတစ္ေယာက္ ေလာကၾကီးထဲကေနထြက္ခြာသြားခဲ့ေပမယ့္ ခုခ်ိန္ထိ မိသားစုဝင္ေတြ လက္မခံခ်င္ေသးေလာက္ေအာင္ပါပဲ။ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ မင္းေသြးရဲ႕ က်န္ရွိေနေသးတဲ့ ရုပ္ကလာပ္ကို သျဂိဳလ္ၾကေတာ့မွာပါ။ မင္းေသြးကိုခ်စ္ၾကတဲ့ မိသားစုဝင္ေတြနဲ႔ ပရိသတ္ၾကီးကိုအျပီးအပိုင္ႏွုတ္ဆက္ထြက္ခြာသြားေတာ့မွာပါ။

ႏွုတ္ဆက္ဝမ္းနညး္စာေတြ ျပည့္ႏွက္ေနတဲ့ လူမွုကြန္ယက္ေပၚက အျဖစ္အပ်က္ေတြကိုလည္း မင္းေသြးတစ္ေယာက္မျမင္ႏိုင္ေတာ့ပါဘူး။ အႏုပညာေလာကနဲ႔ ဂီတေလာကမွာပါ က်င္လည္ခဲ့တဲ့သူတစ္ဦးျဖစ္တာမို႔ အႏုပညာေမာင္နွမေတြရဲ႕ ဝမ္းနည္းစာေတြလည္း ျမင္ရတာ ရင္ထဲမေကာင္းေလာက္ေအာင္ပါပဲ။ ဒါရိုက္တာၾသရသကေတာ့ မင္းေသြးၾကည့္ခ်င္တဲ့ မုန္းစြဲ ဇာတ္ကားကို မျပေပးလုိက္ရလို႔ ေနာင္တရေနတဲ့အေၾကာင္းေလးကို ရင္နင့္စဖြယ္ေရးထားပါေသးတယ္။

“မင္းေသြးေရ…အစကေတာ့ မေရးေတာ့ဘူးလို႔ေနတာ ခုေတာ့ မေနႏိုင္လို႔ေရးလိုက္တယ္..။ဟိုတေလာက မင္းငါ့ဆီဖုန္းဆက္တယ္ေနာ္..။”ဒါ႐ိုက္တာႀကီး မုန္းစြဲၾကည့္ခ်င္လို႔”တဲ့..။ ငါက “မအားေသးဘူး သစၥာခ်ည္တိုင္ ႐ိုက္ေနလို႔ ကား႐ိုက္ၿပီးသြားရင္ တစ္ရက္ခ်ိန္းၿပီး ျပမယ္” လို႔ေျဖခဲ့တယ္..။ ငါ့ကား႐ိုက္က ၂ ရက္ေန႔မွာၿပီးတယ္..။မင္းက ၃ ရက္ေန႔မွာ အားလံုးကိုနႈတ္မဆက္ပဲ အၿပီးထြက္သြားခဲ့တယ္..။ငါ တာဝန္မေက်သလိုခံစားရတယ္ကြာ ။မနက္ျဖန္ထက္ ေနာက္ဘဝကပိုနီးတယ္ဆိုတာ ငါတို႔အားလံုးကို မင္းအသက္နဲ႔ရင္းၿပီးသက္ေသျပသြားခဲ့သလားကြာ..။အရီးကေတာ့ အရမ္းငိုတယ္ကြာ ။သူ႔အတြက္ ကမ႓ာပ်က္ေနတာေပါ့..။ၿပီးေတာ့ ဦးေလး နဲ႔ မင္းအစ္ကို ..။သူတို႔ကေတာ့ ရင္ထဲမွာႀကိတ္ငိုေနၾကတယ္..။ လာတဲ့လူေတြလည္း ဧည္ခံစီမံရင္းေပါ့..။

ရင္ထဲကဆႏၵကို မ်ိဳသိပ္ၿပီး ႀကိတ္မွိတ္ခံစားေနရတာ ပိုပင္ပန္းမယ္လို႔ ငါ ထင္တယ္..။မေန႔က မင္းရဲ႕ရက္လည္ကိစၥအတြက္ ဆရာေတာ္အရွင္ဆႏၵာဓိက ဆီကို ငါရယ္၊မင္းအစ္ကိုရယ္၊ ကိုလြင္မင္းအံ့ရယ္ ေရာက္ခဲ့ၾကတယ္..။ ဆရာေတာ္ကေမးတယ္ “ဒကာႀကီးေနတိုး ငိုၿပီးသြားပလား” တဲ့ ။မင္းအစ္ကို ကိုလူေအးက ေျဖရွာတယ္ “မငိုရေသးပါဘူးဘုရား..တပည့္ေတာ္ တင္းခံထားပါတယ္” တဲ့ ..။ငါ့ျဖင့္ေဘးကေနၾကားရလိုက္ရတာ ႀကက္သီးေတာင္ထတယ္ကြာ..တကယ္ဟတ္ထိလြန္းလို႔ပါ..။ဆရာေတာ္က “ဒကာႀကီးငိုစရာေတြ႕လို႔ငိုဖို႔ၾကံဳလာရင္ ငိုလိုက္ပါ တင္းခံမထားပါနဲ႔ ပင္ပန္းလြန္းလွပါတယ္..ၿပီးေတာ့ အားရပါးရငိုရင္းနဲ႔မွ အက်ိဳးအေၾကာင္းသံုးသပ္ဆင္ျခင္ပါ “ဆိုၿပီး ေျဖဆည္စရာတရားေတာ္ေတြကိုေဟာပါတယ္ ။

အျပန္လမ္းတေလွ်ာက္ ငါ့ကားေပၚမွာ မင္းအစ္ကို ကိုလူေအးဟာ သက္ျပင္းရွည္ႀကီးေတြကို အႀကိမ္ႀကိမ္အခါခါ ခပ္စိတ္စိတ္ခ်ရင္းပါလာတယ္ ။ ငါၾကားဖူးသမွ်သက္ျပင္းခ်သံေတြထဲမွာေတာ့ အက်ယ္ေလာင္ဆံုးပါပဲ ။ ငါလည္းဆရာေတာ္လို ငိုလိုက္ပါလားလို႔ ေျပာလိုက္ခ်င္ေပမယ့္ ေျပာမထြက္ေတာ့ပါဘူးကြာ ။ဒါနဲ႔ “ေနတိုးခဏျဖစ္ျဖစ္အိပ္လိုက္ပါလား” လို႔ေျပာေတာ့ သူအိပ္ရွာတယ္ ။ ငါးမိနစ္ေလာက္ေနေတာ့ ဆတ္ခနဲလန္႔ႏိုးလာျပီး ျပန္အိပ္သြားတယ္ ။ ေနာက္ဆယ္မိနစ္ေလာက္ေနေတာ့ ျပန္လန္႔ႏိုးလာျပန္ေရာ ။ အင္းေပါ့ေလ သူ႔ကိုလည္း မယံုႏိုင္စရာအိပ္မက္ဆိုးႀကီးက ေျခာက္လွန္႔ေနမွာေပါ့ ။

ငါ အရီးေတာ့မေတြ႕ရက္လို႔ ဝင္မေတြ႕ျဖစ္ဘူးကြာ ။ အရီးက အရမ္းသနားဖို႔ေကာင္းပါတယ္ ။ တခ်ိန္လံုးငိုေနေတာ့တာ ။ ဟိုတေလာက ေၾကာက္ေၾကာက္ေၾကာက္ ၂ ႐ိုက္မယ္ဆိုေတာ့ ငါ့ကိုလွမ္းေမးတယ္ ။ “ေက်ာ္ထြန္း ညီေလးငယ္ေရာပါလား ” တဲ့ ။ ငါ လည္း “မေျပာတတ္ေသးဘူးအရီး ေသခ်ာမသိရေသးဘူး” လို႔ျပန္ေျဖခဲ့တယ္ ။ ခုေန ငါ့ ေတြ႕လို႔ ညီေလးငယ္ ကို ကား႐ိုက္ေခၚဦးေလ ဆိုရင္ ငါ ဘယ္လိုေျဖရမလဲကြာ ။

မင္းေသြးေရ..ေၾကာက္ေၾကာက္ေၾကာက္ ႐ိုက္တုန္းက”ဘဲႀကီး ဒီကားရဲ႕မက္ေဆ့ခ်္က ဘာလဲ”လို႔ မင္းေမးေတာ့ ငါက “ေသျခင္းတရားဟာ လူတစ္ေယာက္ဆီကို သူအေပ်ာ္ရႊင္ဆံုးအခ်ိန္မွာလည္း ေရာက္လာတတ္တယ္ ဆိုတာကိုျပတာပါ” လို႔ေျဖခဲ့တယ္ ။ ခု မင္းေပ်ာ္ရႊင္ေပါ့ပါးေနတဲ့အခ်ိန္မွာ သူဟာေရာက္လာခဲ့ၿပီ ။ ငါတို႔အားလံုးဆီကို ဘယ္အခ်ိန္ေရာက္လာဦးမယ္ ဆိုတာဘယ္သူမွ မသိႏိုင္ၾကဘူး ။ တကယ္လို႔ ဆိုင္းမဆင့္ဗံုမဆင့္ေရာက္လာခဲ့ရင္..တျခားသူေတြေတာ့မေျပာတတ္ဘူးးငါေတာ့ အဆင္သင့္မျဖစ္ေသးဘူးကြာ ။တကယ္က ငါဟာ “သိမိုက္”တစ္ေယာက္ပါ ။ မင္းေပးသြားတဲ့ သင္ခန္းစာကို ငါ အျမတ္ထုတ္ႏိုင္ေအာင္ ႀကိဳးစားရဦးမယ္ ။

မင္းေသြးေရ..မင္းရဲ႕လက္သံုးစကား “အဓိပၸါယ္မဲ့တယ္ကြာ” ဆိုတဲ့ စကားလံုးေတြ မသံုးနႈန္းရတဲ့ ဘဝသစ္မွာ ရွင္သန္ေပ်ာ္ရႊင္ပါေစကြာ ။ငါ့ရဲ႕ ထူးေမာ္(Min Thway)ကိုအၿမဲသတိရေနမွာပါ ။

မင္းရဲ႕ကိုေက်ာ္ထြန္း(ခ)ဘဲႀကီး(ခ) ဒါ႐ိုက္တာ ၾသရသ” အရမ္းရင္နင့္ဖြယ္ေကာင္းလိုက္တဲ့စာေလးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  We Love Cele

#Unicode Version#
သရုပ်ဆောင် မင်းသွေးတစ်ယောက် လောကကြီးထဲကနေထွက်ခွာသွားခဲ့ပေမယ့် ခုချိန်ထိ မိသားစုဝင်တွေ လက်မခံချင်သေးလောက်အောင်ပါပဲ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ မင်းသွေးရဲ့ ကျန်ရှိနေသေးတဲ့ ရုပ်ကလာပ်ကို သဂြိုလ်ကြတော့မှာပါ။ မင်းသွေးကိုချစ်ကြတဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်ကြီးကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာသွားတော့မှာပါ။

နှုတ်ဆက်ဝမ်းနည်းစာတွေ ပြည့်နှက်နေတဲ့ လူမှုကွန်ယက်ပေါ်က အဖြစ်အပျက်တွေကိုလည်း မင်းသွေးတစ်ယောက်မမြင်နိုင်တော့ပါဘူး။ အနုပညာလောကနဲ့ ဂီတလောကမှာပါ ကျင်လည်ခဲ့တဲ့သူတစ်ဦးဖြစ်တာမို့ အနုပညာမောင်နှမတွေရဲ့ ဝမ်းနည်းစာတွေလည်း မြင်ရတာ ရင်ထဲမကောင်းလောက်အောင်ပါပဲ။ ဒါရိုက်တာသြရသကတော့ မင်းသွေးကြည့်ချင်တဲ့ မုန်းစွဲ ဇာတ်ကားကို မပြပေးလိုက်ရလို့ နောင်တရနေတဲ့အကြောင်းလေးကို ရင်နင့်စဖွယ်ရေးထားပါသေးတယ်။

“မင်းသွေးရေ…အစကတော့ မရေးတော့ဘူးလို့နေတာ ခုတော့ မနေနိုင်လို့ရေးလိုက်တယ်..။ဟိုတလောက မင်းငါ့ဆီဖုန်းဆက်တယ်နော်..။”ဒါရိုက်တာကြီး မုန်းစွဲကြည့်ချင်လို့”တဲ့..။ ငါက “မအားသေးဘူး သစ္စာချည်တိုင် ရိုက်နေလို့ ကားရိုက်ပြီးသွားရင် တစ်ရက်ချိန်းပြီး ပြမယ်” လို့ဖြေခဲ့တယ်..။ ငါ့ကားရိုက်က ၂ ရက်နေ့မှာပြီးတယ်..။မင်းက ၃ ရက်နေ့မှာ အားလုံးကိုနှုတ်မဆက်ပဲ အပြီးထွက်သွားခဲ့တယ်..။ငါ တာဝန်မကျေသလိုခံစားရတယ်ကွာ ။မနက်ဖြန်ထက် နောက်ဘဝကပိုနီးတယ်ဆိုတာ ငါတို့အားလုံးကို မင်းအသက်နဲ့ရင်းပြီးသက်သေပြသွားခဲ့သလားကွာ..။အရီးကတော့ အရမ်းငိုတယ်ကွာ ။သူ့အတွက် ကမ္ဘာပျက်နေတာပေါ့..။ပြီးတော့ ဦးလေး နဲ့ မင်းအစ်ကို ..။သူတို့ကတော့ ရင်ထဲမှာကြိတ်ငိုနေကြတယ်..။ လာတဲ့လူတွေလည်း ဧည်ခံစီမံရင်းပေါ့..။

ရင်ထဲကဆန္ဒကို မျိုသိပ်ပြီး ကြိတ်မှိတ်ခံစားနေရတာ ပိုပင်ပန်းမယ်လို့ ငါ ထင်တယ်..။မနေ့က မင်းရဲ့ရက်လည်ကိစ္စအတွက် ဆရာတော်အရှင်ဆန္ဒာဓိက ဆီကို ငါရယ်၊မင်းအစ်ကိုရယ်၊ ကိုလွင်မင်းအံ့ရယ် ရောက်ခဲ့ကြတယ်..။ ဆရာတော်ကမေးတယ် “ဒကာကြီးနေတိုး ငိုပြီးသွားပလား” တဲ့ ။မင်းအစ်ကို ကိုလူအေးက ဖြေရှာတယ် “မငိုရသေးပါဘူးဘုရား..တပည့်တော် တင်းခံထားပါတယ်” တဲ့ ..။ငါ့ဖြင့်ဘေးကနေကြားရလိုက်ရတာ ကြက်သီးတောင်ထတယ်ကွာ..တကယ်ဟတ်ထိလွန်းလို့ပါ..။ဆရာတော်က “ဒကာကြီးငိုစရာတွေ့လို့ငိုဖို့ကြုံလာရင် ငိုလိုက်ပါ တင်းခံမထားပါနဲ့ ပင်ပန်းလွန်းလှပါတယ်..ပြီးတော့ အားရပါးရငိုရင်းနဲ့မှ အကျိုးအကြောင်းသုံးသပ်ဆင်ခြင်ပါ “ဆိုပြီး ဖြေဆည်စရာတရားတော်တွေကိုဟောပါတယ် ။

အပြန်လမ်းတလျှောက် ငါ့ကားပေါ်မှာ မင်းအစ်ကို ကိုလူအေးဟာ သက်ပြင်းရှည်ကြီးတွေကို အကြိမ်ကြိမ်အခါခါ ခပ်စိတ်စိတ်ချရင်းပါလာတယ် ။ ငါကြားဖူးသမျှသက်ပြင်းချသံတွေထဲမှာတော့ အကျယ်လောင်ဆုံးပါပဲ ။ ငါလည်းဆရာတော်လို ငိုလိုက်ပါလားလို့ ပြောလိုက်ချင်ပေမယ့် ပြောမထွက်တော့ပါဘူးကွာ ။ဒါနဲ့ “နေတိုးခဏဖြစ်ဖြစ်အိပ်လိုက်ပါလား” လို့ပြောတော့ သူအိပ်ရှာတယ် ။ ငါးမိနစ်လောက်နေတော့ ဆတ်ခနဲလန့်နိုးလာပြီး ပြန်အိပ်သွားတယ် ။ နောက်ဆယ်မိနစ်လောက်နေတော့ ပြန်လန့်နိုးလာပြန်ရော ။ အင်းပေါ့လေ သူ့ကိုလည်း မယုံနိုင်စရာအိပ်မက်ဆိုးကြီးက ခြောက်လှန့်နေမှာပေါ့ ။

ငါ အရီးတော့မတွေ့ရက်လို့ ဝင်မတွေ့ဖြစ်ဘူးကွာ ။ အရီးက အရမ်းသနားဖို့ကောင်းပါတယ် ။ တချိန်လုံးငိုနေတော့တာ ။ ဟိုတလောက ကြောက်ကြောက်ကြောက် ၂ ရိုက်မယ်ဆိုတော့ ငါ့ကိုလှမ်းမေးတယ် ။ “ကျော်ထွန်း ညီလေးငယ်ရောပါလား ” တဲ့ ။ ငါ လည်း “မပြောတတ်သေးဘူးအရီး သေချာမသိရသေးဘူး” လို့ပြန်ဖြေခဲ့တယ် ။ ခုနေ ငါ့ တွေ့လို့ ညီလေးငယ် ကို ကားရိုက်ခေါ်ဦးလေ ဆိုရင် ငါ ဘယ်လိုဖြေရမလဲကွာ ။

မင်းသွေးရေ..ကြောက်ကြောက်ကြောက် ရိုက်တုန်းက”ဘဲကြီး ဒီကားရဲ့မက်ဆေ့ချ်က ဘာလဲ”လို့ မင်းမေးတော့ ငါက “သေခြင်းတရားဟာ လူတစ်ယောက်ဆီကို သူအပျော်ရွှင်ဆုံးအချိန်မှာလည်း ရောက်လာတတ်တယ် ဆိုတာကိုပြတာပါ” လို့ဖြေခဲ့တယ် ။ ခု မင်းပျော်ရွှင်ပေါ့ပါးနေတဲ့အချိန်မှာ သူဟာရောက်လာခဲ့ပြီ ။ ငါတို့အားလုံးဆီကို ဘယ်အချိန်ရောက်လာဦးမယ် ဆိုတာဘယ်သူမှ မသိနိုင်ကြဘူး ။ တကယ်လို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာခဲ့ရင်..တခြားသူတွေတော့မပြောတတ်ဘူးးငါတော့ အဆင်သင့်မဖြစ်သေးဘူးကွာ ။တကယ်က ငါဟာ “သိမိုက်”တစ်ယောက်ပါ ။ မင်းပေးသွားတဲ့ သင်ခန်းစာကို ငါ အမြတ်ထုတ်နိုင်အောင် ကြိုးစားရဦးမယ် ။

မင်းသွေးရေ..မင်းရဲ့လက်သုံးစကား “အဓိပ္ပါယ်မဲ့တယ်ကွာ” ဆိုတဲ့ စကားလုံးတွေ မသုံးနှုန်းရတဲ့ ဘဝသစ်မှာ ရှင်သန်ပျော်ရွှင်ပါစေကွာ ။ငါ့ရဲ့ ထူးမော်(Min Thway)ကိုအမြဲသတိရနေမှာပါ ။

မင်းရဲ့ကိုကျော်ထွန်း(ခ)ဘဲကြီး(ခ) ဒါရိုက်တာ သြရသ” အရမ်းရင်နင့်ဖွယ်ကောင်းလိုက်တဲ့စာလေးပါ

ဖိုးသူတော် (www.phothutaw.com)
Credit:  We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top