ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×


တကယ္ခ်စ္တဲ့ မိသားစု ဆုိတာ ဘယ္လုိအခက္အခဲေတြပဲ ေတြ႔ေတြ႔ ၊ ဘယ္လုိဒုကၡေတြပဲေရာက္ေရာက္ အၿမဲစည္းလုံးေနေလ့ရွိပါတယ္။ ဒါေပမယ့္ တခ်ဳိ႕တခ်ဳိ႕ကေတာ့ ဒီလုိအခက္အခဲေတြနဲ႔ ရင္ဆုိင္ရတဲ့အခါ ေရွာင္ထြက္သြားတတ္ၾကပါတယ္။ တရုတ္ႏုိင္ငံေျမာက္ပုိင္း Ningxia ျပည္နယ္ က Tian Haicheng ဆုိသူရဲ႕ အျဖစ္အပ်က္ကလည္း ဒီလုိပါပဲ။ သူကားမေတာ္တဆမႈျဖစ္လုိ႔ ေအာက္ပုိင္းေသသြားတဲ့ေနာက္မွာ ဇနီးျဖစ္သူရဲ႕စြန္႔ခြာသြားျခင္းကို ခံခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔အတြက္ ကံေကာင္းတာကေတာ့ လိမၼာတဲ့သမီးေလးရွိေနတာပါပဲ။

သတင္းဌာနေတြရဲ႕အဆုိအရေတာ့ Tian ဟာ ၂၀၁၆ခုႏွစ္ မတ္လမွာျဖစ္ခဲ့တဲ့ ကားတုိက္မႈေၾကာင့္ ေအာက္ပုိင္းေသသြားခဲ့ပါတယ္။ သူစီးလာတဲ့ တက္စီကို အျခားကားတစ္စီးက ၀င္တုိက္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ႏွစ္လခြဲၾကာတဲ့အခ်ိန္မွာ သူ၇ႏွစ္ေက်ာ္ ေကာင္းမြန္စြာရွာေဖြေကြ်းခဲ့တဲ့ ဇနီးဟာ သူမမိဘအိမ္ကို ခဏျပန္ဦးမယ္လုိ႔ ဆုိၿပီးျပန္သြားခဲ့ပါတယ္။

ဒါေပမယ့္ သူမဘယ္ေတာ့မွ ျပန္မလာခဲ့ပါဘူး။ သားသမီး ၂ေယာက္ရွိတဲ့အနက္ ဇနီးျဖစ္သူဟာ သားအႀကီးေလးကိုေခၚသြားခဲ့တာေၾကာင့္ Tian ဟာ ၆ႏွစ္အရြယ္ သမီးေလး Jia Jia နဲ႔ က်န္ရစ္ခဲ့ပါတယ္။ Jia Jia ဟာ ငယ္ရြယ္လြန္းေပမယ့္ သူ႔ဖခင္ရဲ႕ လုိအပ္တဲ့ ေ၀ယ်ာ၀စၥမွန္သမွ်ကို ဒုိင္ခံလုပ္ေပးခဲ့ပါတယ္။

Jia Jia ဟာ ေန႔တုိင္း မနက္ ၆နာရီ ဆုိရင္ အိပ္ယာထၿပီး သူမအရင္ဆုံးလုပ္တဲ့အလုပ္က ဖခင္ျဖစ္သူကို နာရီ၀က္ၾကာ ႏွိပ္နယ္ေပးတာျဖစ္ပါတယ္။ အဲဒါၿပီးေတာ့မွ မ်က္ႏွာသစ္ ၊ သြားတုိက္တာေတြကို လုပ္တာျဖစ္ပါတယ္။ ဖခင္အတြက္အားလုံးျပင္ဆင္ေပးၿပီး သူမေလး ေက်ာင္းသြားတဲ့အခါမွာေတာ့ အသက္ႀကီးေနၿပီျဖစ္တဲ့ အဘုိးအဖြားေတြက ဖခင္ျဖစ္သူကုိ ၾကည့္ရႈ႕ေပးထားပါတယ္။ သူမ ေက်ာင္းကျပန္လာရင္ေတာ့ ဖခင္ျဖစ္သူကို ညစာေကြ်းပါတယ္။ ခုတင္ေပၚကေန ၀ွီးခ်ဲေပၚကိုေရႊ႕တဲ့အခါမ်ဳိးမွာေတာ့ Tian ဖန္တီးထားတဲ့ အိမ္လုပ္လူမစက္ ကုိသုံးေလ့ရွိပါတယ္။

ဖခင္ျဖစ္သူရဲ႕ သန္႔ရွင္းေရး ၊ ေဆးထည့္ေဆးလူးေပးျခင္း ၊ လမ္းေလွ်ာက္ဖုိ႔ကူေပးျခင္း ၊ ထမင္းေကြ်းျခင္းေတြသာမက မုတ္ဆိတ္ရိတ္ေပးတာ အားလုံးကုိ Jia Jia ေလးပဲ လုပ္ေပးတာျဖစ္ပါတယ္။

“အစကေတာ့ ဘယ္လုိလုပ္ရမွန္းမသိဘူး။ ဒါးေတြရွတယ္ ၊ ေသြးေတြထက္တယ္ ၊ ဒါေပမယ့္ အေဖက မနာဘူးလုိ႔ေျပာတာနဲ႔ တျဖည္းျဖည္းႀကဳိးစားရင္းအဆင္ေျပသြားတာပါ။ အခုဆုိရင္ အဘုိးနဲ႔ အဖြားကေတာင္ ကြ်န္မအေဖ့ကို မုတ္ဆိတ္ရိတ္ေပးတာေတာ္တယ္လုိ႔ ေျပာၾကတယ္”

Jia Jia ေလးရဲ႕ ေက်ာင္းႀကဳိ ေက်ာင္းပုိ႔ကုိေတာ့ ဖခင္ျဖစ္သူ Tian က ၀ွီးခ်ဲနဲ႔ လုိက္ပုိ႔ေပးေလ့ရွိပါတယ္။ ဒီေလာက္အခက္အခဲေတြေရာက္ေနေပမယ့္ သားအဖ ႏွစ္ဦးဟာ အၿမဲေပ်ာ္ရႊင္ေနေလ့ရွိပါတယ္။ Jia Jia ဟာ ဖခင္ျဖစ္သူကုိေစာင့္ေရွာက္ခဲ့တာ ရက္ပုိင္း လပုိင္းမဟုတ္ပဲ အခုဆုိရင္ ၂ႏွစ္ေတာင္ ရွိသြားၿပီျဖစ္ပါတယ္။

မိခင္ျဖစ္သူကို မလြမ္းဘူးလား ေမးတဲ့အခါမွာ…”ဟင္အင္း ၊ အေမက အေဖ့ကိုမွမၾကည့္တာ ၊ ဒါေပမယ့္ အစ္ကုိ႔ကိုေတာ့ သတိရတယ္” လုိ႔ ျပန္ေျဖပါတယ္။

ဖခင္ျဖစ္သူကလည္း မိမိေၾကာင့္ ကေလးဘ၀ကို လြတ္လြတ္လပ္လပ္ မခံစားႏုိင္တဲ့ သမီးေလးအတြက္ စိတ္မေကာင္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ သူတုိ႔သားအဖ ႏွစ္ဦးရဲ႕ လႈပ္ရွားမႈဗီဒီယုိေတြကို တရုတ္ႏုိင္ငံ ဗီဒီယုိ၀ဘ္ဆုိဒ္တစ္ခုျဖစ္တဲ့ Kuaishou မွာအၿမဲတင္ေလ့ရွိပါတယ္။ အခုဆုိရင္ ပရိသတ္ေပါင္း ၄၈၀၀၀၀ ခန္႔ဟာ သူတုိ႔ရဲ႕ channel ကို စိတ္၀င္တစား ၾကည့္ေနၾကပါၿပီ။ အဲဒီကေန အျခား၀ဘ္ဆုိဒ္ေတြနဲ႔ ဆုိရွယ္မီဒီယာေတြေပၚေရာက္သြားခဲ့ၿပီး အရြယ္နဲ႔မလုိက္ေအာင္ လိမၼာတဲ့သမီးေလးအျဖစ္ Jia Jia ကို ခ်ီးက်ဴးေလ့ရွိၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#Unicode Version#
တကယ်ချစ်တဲ့ မိသားစု ဆိုတာ ဘယ်လိုအခက်အခဲတွေပဲ တွေ့တွေ့ ၊ ဘယ်လိုဒုက္ခတွေပဲရောက်ရောက် အမြဲစည်းလုံးနေလေ့ရှိပါတယ်။ ဒါပေမယ့် တချို့တချို့ကတော့ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှောင်ထွက်သွားတတ်ကြပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း Ningxia ပြည်နယ် က Tian Haicheng ဆိုသူရဲ့ အဖြစ်အပျက်ကလည်း ဒီလိုပါပဲ။ သူကားမတော်တဆမှုဖြစ်လို့ အောက်ပိုင်းသေသွားတဲ့နောက်မှာ ဇနီးဖြစ်သူရဲ့စွန့်ခွာသွားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အတွက် ကံကောင်းတာကတော့ လိမ္မာတဲ့သမီးလေးရှိနေတာပါပဲ။

သတင်းဌာနတွေရဲ့အဆိုအရတော့ Tian ဟာ ၂၀၁၆ခုနှစ် မတ်လမှာဖြစ်ခဲ့တဲ့ ကားတိုက်မှုကြောင့် အောက်ပိုင်းသေသွားခဲ့ပါတယ်။ သူစီးလာတဲ့ တက်စီကို အခြားကားတစ်စီးက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ နှစ်လခွဲကြာတဲ့အချိန်မှာ သူ၇နှစ်ကျော် ကောင်းမွန်စွာရှာဖွေကျွေးခဲ့တဲ့ ဇနီးဟာ သူမမိဘအိမ်ကို ခဏပြန်ဦးမယ်လို့ ဆိုပြီးပြန်သွားခဲ့ပါတယ်။

ဒါပေမယ့် သူမဘယ်တော့မှ ပြန်မလာခဲ့ပါဘူး။ သားသမီး ၂ယောက်ရှိတဲ့အနက် ဇနီးဖြစ်သူဟာ သားအကြီးလေးကိုခေါ်သွားခဲ့တာကြောင့် Tian ဟာ ၆နှစ်အရွယ် သမီးလေး Jia Jia နဲ့ ကျန်ရစ်ခဲ့ပါတယ်။ Jia Jia ဟာ ငယ်ရွယ်လွန်းပေမယ့် သူ့ဖခင်ရဲ့ လိုအပ်တဲ့ ဝေယျာဝစ္စမှန်သမျှကို ဒိုင်ခံလုပ်ပေးခဲ့ပါတယ်။

Jia Jia ဟာ နေ့တိုင်း မနက် ၆နာရီ ဆိုရင် အိပ်ယာထပြီး သူမအရင်ဆုံးလုပ်တဲ့အလုပ်က ဖခင်ဖြစ်သူကို နာရီဝက်ကြာ နှိပ်နယ်ပေးတာဖြစ်ပါတယ်။ အဲဒါပြီးတော့မှ မျက်နှာသစ် ၊ သွားတိုက်တာတွေကို လုပ်တာဖြစ်ပါတယ်။ ဖခင်အတွက်အားလုံးပြင်ဆင်ပေးပြီး သူမလေး ကျောင်းသွားတဲ့အခါမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးအဖွားတွေက ဖခင်ဖြစ်သူကို ကြည့်ရှု့ပေးထားပါတယ်။ သူမ ကျောင်းကပြန်လာရင်တော့ ဖခင်ဖြစ်သူကို ညစာကျွေးပါတယ်။ ခုတင်ပေါ်ကနေ ဝှီးချဲပေါ်ကိုရွှေ့တဲ့အခါမျိုးမှာတော့ Tian ဖန်တီးထားတဲ့ အိမ်လုပ်လူမစက် ကိုသုံးလေ့ရှိပါတယ်။

ဖခင်ဖြစ်သူရဲ့ သန့်ရှင်းရေး ၊ ဆေးထည့်ဆေးလူးပေးခြင်း ၊ လမ်းလျှောက်ဖို့ကူပေးခြင်း ၊ ထမင်းကျွေးခြင်းတွေသာမက မုတ်ဆိတ်ရိတ်ပေးတာ အားလုံးကို Jia Jia လေးပဲ လုပ်ပေးတာဖြစ်ပါတယ်။

“အစကတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ ဒါးတွေရှတယ် ၊ သွေးတွေထက်တယ် ၊ ဒါပေမယ့် အဖေက မနာဘူးလို့ပြောတာနဲ့ တဖြည်းဖြည်းကြိုးစားရင်းအဆင်ပြေသွားတာပါ။ အခုဆိုရင် အဘိုးနဲ့ အဖွားကတောင် ကျွန်မအဖေ့ကို မုတ်ဆိတ်ရိတ်ပေးတာတော်တယ်လို့ ပြောကြတယ်”

Jia Jia လေးရဲ့ ကျောင်းကြို ကျောင်းပို့ကိုတော့ ဖခင်ဖြစ်သူ Tian က ဝှီးချဲနဲ့ လိုက်ပို့ပေးလေ့ရှိပါတယ်။ ဒီလောက်အခက်အခဲတွေရောက်နေပေမယ့် သားအဖ နှစ်ဦးဟာ အမြဲပျော်ရွှင်နေလေ့ရှိပါတယ်။ Jia Jia ဟာ ဖခင်ဖြစ်သူကိုစောင့်ရှောက်ခဲ့တာ ရက်ပိုင်း လပိုင်းမဟုတ်ပဲ အခုဆိုရင် ၂နှစ်တောင် ရှိသွားပြီဖြစ်ပါတယ်။

မိခင်ဖြစ်သူကို မလွမ်းဘူးလား မေးတဲ့အခါမှာ…”ဟင်အင်း ၊ အမေက အဖေ့ကိုမှမကြည့်တာ ၊ ဒါပေမယ့် အစ်ကို့ကိုတော့ သတိရတယ်” လို့ ပြန်ဖြေပါတယ်။

ဖခင်ဖြစ်သူကလည်း မိမိကြောင့် ကလေးဘဝကို လွတ်လွတ်လပ်လပ် မခံစားနိုင်တဲ့ သမီးလေးအတွက် စိတ်မကောင်းဖြစ်နေပါတယ်။ ဒါကြောင့် သူတို့သားအဖ နှစ်ဦးရဲ့ လှုပ်ရှားမှုဗီဒီယိုတွေကို တရုတ်နိုင်ငံ ဗီဒီယိုဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Kuaishou မှာအမြဲတင်လေ့ရှိပါတယ်။ အခုဆိုရင် ပရိသတ်ပေါင်း ၄၈၀၀၀၀ ခန့်ဟာ သူတို့ရဲ့ channel ကို စိတ်ဝင်တစား ကြည့်နေကြပါပြီ။ အဲဒီကနေ အခြားဝဘ်ဆိုဒ်တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်ရောက်သွားခဲ့ပြီး အရွယ်နဲ့မလိုက်အောင် လိမ္မာတဲ့သမီးလေးအဖြစ် Jia Jia ကို ချီးကျူးလေ့ရှိကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top