ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

- ဆားအမ်ားအျပားစားသုံး တာေၾကာင့္ လူေတြမွာ ေသြးတိုးတာ၊ ႏွလုံးတိုက္ခိုက္ခံႏိုင္ေျခမ်ား တာ၊ ေလျဖတ္တာ၊ ႏွလုံးေရာဂါနဲ႔ အျခားေရာဂါေတြ ျဖစ္ေစႏိုင္တယ္ဆိုတာက လွ်ိဳ႕ဝွက္ခ်က္တစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ေနာက္ထပ္ေလ့လာမႈအသစ္ႏွစ္ခုက ဆား အမ်ားႀကီးစားတာေၾကာင့္ ျဖစ္လာႏိုင္တဲ့ ေနာက္ထပ္ ဆိုးက်ိဳးတစ္ခု ကိုေဖာ္ထုတ္ခဲ့ပါတယ္။ ဒါကေတာ့ ဆားေၾကာင့္အဆီမ်ားတဲ့ အစားအစာေတြ အလြန္အကြၽံစားမိေစၿပီး အဝလြန္မႈကို တိုးေစတယ္ဆိုတာပါပဲ။
အေမရိကန္ေတြအတြက္ အစားအေသာက္ လမ္းၫႊန္ခ်က္ထဲမွာ အသက္ႏွစ္ႏွစ္ကေန ၅၀ အတြင္း လူေတြဟာ တစ္ေန႔ကို ဆားပမာဏ ၂၃၀ဝ မီလီဂရမ္ထက္ ေလွ်ာ့ၿပီးစားသင့္ၿပီး အသက္ ၅၁ ႏွစ္ အထက္ရွိၿပီး ဆီးခ်ိဳေသြးတိုး ဒါမွမဟုတ္ ေက်ာက္ကပ္ေရာဂါရွိသူေတြကေတာ့ ဆားကို တစ္ေန႔ ၁၅၀ဝ မီလီ ဂရမ္ထက္ပိုၿပီး မစားသင့္ဘူးလို႔ ေထာက္ခံခ်က္ေပးထားပါတယ္။
သည္ႏွစ္အေစာပိုင္းက ထုတ္ေဝခဲ့တဲ့သုေတသနတစ္ခုမွာလည္း အဆီအဆိမ့္အရသာ ႀကိဳက္သူေတြ ဟာ အဆီမ်ားတဲ့ အစားအစာေတြကို ပိုစားသုံးျဖစ္ၾကၿပီး အဝလြန္မႈကို ျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။
ပထမေလ့လာမႈတစ္ခုအတြက္ သည္အဖြဲ႕ဟာ အဆီအရသာ ႀကိဳက္ႏွစ္သက္မႈနဲ႔ အစားအစာ ႀကိဳက္ႏွစ္ သက္မႈအေပၚ ဆားရဲ႕အက်ိဳးသက္ေရာက္မႈကို စစ္ေဆးခဲ့ၾကပါတယ္။
သုေတသီေတြဟာ အသက္ ၁၈ ႏွစ္ကေန ၅၄ ႏွစ္အထိရွိတဲ့ က်န္းမာသန္စြမ္းသူ ၄၉ ဦးကို ပါဝင္ ေစခဲ့ၿပီး အဆီပါဝင္မႈပမာဏေလးမ်ိဳး (သုညရာခိုင္ႏႈန္း၊ ငါးရာခိုင္ႏႈန္း၊ ၁၀ ရာခိုင္ႏႈန္းနဲ႔ ၂၀ ရာခိုင္ႏႈန္း) ပါၿပီး ဆားပါဝင္မႈပမာဏ မတူညီတဲ့ ခရမ္းခ်ဥ္သီးစြပ္ျပဳတ္ကို ျမည္းစမ္းေစပါတယ္။
သည္စြပ္ျပဳတ္စားသုံးၿပီးေနာက္ သည္စြပ္ျပဳတ္ တစ္ခြက္ခ်င္းစီအေပၚ ႀကိဳက္ႏွစ္သက္မႈနဲ႔ စားခ်င္ စိတ္ေတြအျပင္ စြပ္ျပဳတ္ တစ္ခြက္ခ်င္းစီရဲ႕ အဆီပါဝင္မႈနဲ႔ ဆားပါဝင္မႈအေပၚ သတိျပဳမိတာေတြကိုလည္း အမွတ္ေပးေစခဲ့ပါတယ္။ ဆားပါဝင္မႈပမာဏေပၚမူတည္ၿပီး အစားေပၚ ႀကိဳက္ႏွစ္သက္မႈအဆင့္ အႀကီး အက်ယ္ကြာဟသြားတာေၾကာင့္ အစားေပၚႀကိဳက္ႏွစ္သက္မႈမွာ ဆားက အဓိကေနရာက ပါဝင္တာကို သုေတသီ ေတြ ေတြ႕ရွိခဲ့ၾကပါတယ္။
ဒုတိယေျမာက္ေလ့လာမႈအတြက္ သည္အဖြဲ႕ဟာ အစားစားတဲ့အေပၚ ဆားရဲ႕သက္ေရာက္မႈကို ခြဲျခား ေလ့လာခဲ့ၾကပါတယ္။ သူတို႔ ဟာ အသက္ ၁၈ ႏွစ္ကေန ၅၄ ႏွစ္ အထိရွိတဲ့ က်န္းမာသန္စြမ္းသူ ၄၈ ေယာက္ကို ေလ့လာခဲ့ၾကပါတယ္။
ေျခာက္ရက္ၾကာအခ်ိန္အတြင္း ပါဝင္စမ္းသပ္ခံသူေတြဟာ ေန႔လယ္စာစားခ်ိန္ေလးခ်ိန္မွာ ပါဝင္ရၿပီး သည္ေန႔လယ္စာထဲမွာ မက္ခ႐ိုနီပါစတာနဲ႔ ေဆာ့စ္၊ ဆားနဲ႔အဆီအမ်ိဳးမ်ိဳးပါတဲ့ ေဆာ့စ္ေတြ ပါဝင္ပါတယ္။ သုေတသီေတြက ေလ့လာ မႈကာလအတြင္း ပါဝင္သူေတြရဲ႕ အစားအစာစားသုံးမႈကို တိုင္းတာခဲ့ၾကၿပီး ပါဝင္ သူေတြကလည္း အစားအစာ ႀကိဳက္ႏွစ္ သက္မႈအဆင့္ကို သတ္မွတ္ေပးရပါတယ္။
ပါဝင္သူေတြဟာ သူတို႔ေန႔လယ္စာမွာ ဆားနည္းၿပီး အဆီမ်ားတဲ့အခါ ၁၁ ရာခိုင္ႏႈန္းေအာက္ ေလွ်ာ့ၿပီး စားသုံးၾကတာကို သည္အဖြဲ႕က ေတြ႕ရွိခဲ့ၾကပါတယ္။
ဒါေပမဲ့ ဆားေရာအဆီပါ မ်ားမ်ားပါတဲ့ အစားအစာေတြကိုေတာ့ပါဝင္သူေတြဟာ ပိုၿပီးစားသုံးၾက တယ္လို႔ သည္စမ္းသပ္မႈကို ဦးေဆာင္ျပဳလုပ္တဲ့ ၾသစေၾတးလ်ားႏိုင္ငံ ဒီရာကင္းတကၠသိုလ္က ပါေမာကၡ ရပ္ဆဲလ္ကီယက္က ေျပာပါတယ္။
ေလ့လာသူေတြက ဆားဟာ အစားအစာအလြန္အမင္းမစားေအာင္ ရပ္တန႔္ေပးမယ့္ ခႏၶာကိုယ္ရဲ႕ ဇီဝလုပ္ေဆာင္မႈကို အေႏွာင့္အယွက္ျဖစ္ေစတာကို ၫႊန္ျပေနတယ္လို႔ ေကာက္ခ်က္ခ်ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ခ်ိဳေလးငယ္
# Unicode Version ျဖင့္ ဖတ္ပါ #
- ဆားအများအပြားစားသုံး တာကြောင့် လူတွေမှာ သွေးတိုးတာ၊ နှလုံးတိုက်ခိုက်ခံနိုင်ခြေများ တာ၊ လေဖြတ်တာ၊ နှလုံးရောဂါနဲ့ အခြားရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ထပ်လေ့လာမှုအသစ်နှစ်ခုက ဆား အများကြီးစားတာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ် ဆိုးကျိုးတစ်ခု ကိုဖော်ထုတ်ခဲ့ပါတယ်။ ဒါကတော့ ဆားကြောင့်အဆီများတဲ့ အစားအစာတွေ အလွန်အကျွံစားမိစေပြီး အဝလွန်မှုကို တိုးစေတယ်ဆိုတာပါပဲ။
အမေရိကန်တွေအတွက် အစားအသောက် လမ်းညွှန်ချက်ထဲမှာ အသက်နှစ်နှစ်ကနေ ၅၀ အတွင်း လူတွေဟာ တစ်နေ့ကို ဆားပမာဏ ၂၃၀ဝ မီလီဂရမ်ထက် လျှော့ပြီးစားသင့်ပြီး အသက် ၅၁ နှစ် အထက်ရှိပြီး ဆီးချိုသွေးတိုး ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိသူတွေကတော့ ဆားကို တစ်နေ့ ၁၅၀ဝ မီလီ ဂရမ်ထက်ပိုပြီး မစားသင့်ဘူးလို့ ထောက်ခံချက်ပေးထားပါတယ်။
သည်နှစ်အစောပိုင်းက ထုတ်ဝေခဲ့တဲ့သုတေသနတစ်ခုမှာလည်း အဆီအဆိမ့်အရသာ ကြိုက်သူတွေ ဟာ အဆီများတဲ့ အစားအစာတွေကို ပိုစားသုံးဖြစ်ကြပြီး အဝလွန်မှုကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
ပထမလေ့လာမှုတစ်ခုအတွက် သည်အဖွဲ့ဟာ အဆီအရသာ ကြိုက်နှစ်သက်မှုနဲ့ အစားအစာ ကြိုက်နှစ် သက်မှုအပေါ် ဆားရဲ့အကျိုးသက်ရောက်မှုကို စစ်ဆေးခဲ့ကြပါတယ်။
သုတေသီတွေဟာ အသက် ၁၈ နှစ်ကနေ ၅၄ နှစ်အထိရှိတဲ့ ကျန်းမာသန်စွမ်းသူ ၄၉ ဦးကို ပါဝင် စေခဲ့ပြီး အဆီပါဝင်မှုပမာဏလေးမျိုး (သုညရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း) ပါပြီး ဆားပါဝင်မှုပမာဏ မတူညီတဲ့ ခရမ်းချဉ်သီးစွပ်ပြုတ်ကို မြည်းစမ်းစေပါတယ်။
သည်စွပ်ပြုတ်စားသုံးပြီးနောက် သည်စွပ်ပြုတ် တစ်ခွက်ချင်းစီအပေါ် ကြိုက်နှစ်သက်မှုနဲ့ စားချင် စိတ်တွေအပြင် စွပ်ပြုတ် တစ်ခွက်ချင်းစီရဲ့ အဆီပါဝင်မှုနဲ့ ဆားပါဝင်မှုအပေါ် သတိပြုမိတာတွေကိုလည်း အမှတ်ပေးစေခဲ့ပါတယ်။ ဆားပါဝင်မှုပမာဏပေါ်မူတည်ပြီး အစားပေါ် ကြိုက်နှစ်သက်မှုအဆင့် အကြီး အကျယ်ကွာဟသွားတာကြောင့် အစားပေါ်ကြိုက်နှစ်သက်မှုမှာ ဆားက အဓိကနေရာက ပါဝင်တာကို သုတေသီ တွေ တွေ့ရှိခဲ့ကြပါတယ်။
ဒုတိယမြောက်လေ့လာမှုအတွက် သည်အဖွဲ့ဟာ အစားစားတဲ့အပေါ် ဆားရဲ့သက်ရောက်မှုကို ခွဲခြား လေ့လာခဲ့ကြပါတယ်။ သူတို့ ဟာ အသက် ၁၈ နှစ်ကနေ ၅၄ နှစ် အထိရှိတဲ့ ကျန်းမာသန်စွမ်းသူ ၄၈ ယောက်ကို လေ့လာခဲ့ကြပါတယ်။
ခြောက်ရက်ကြာအချိန်အတွင်း ပါဝင်စမ်းသပ်ခံသူတွေဟာ နေ့လယ်စာစားချိန်လေးချိန်မှာ ပါဝင်ရပြီး သည်နေ့လယ်စာထဲမှာ မက်ခရိုနီပါစတာနဲ့ ဆော့စ်၊ ဆားနဲ့အဆီအမျိုးမျိုးပါတဲ့ ဆော့စ်တွေ ပါဝင်ပါတယ်။ သုတေသီတွေက လေ့လာ မှုကာလအတွင်း ပါဝင်သူတွေရဲ့ အစားအစာစားသုံးမှုကို တိုင်းတာခဲ့ကြပြီး ပါဝင် သူတွေကလည်း အစားအစာ ကြိုက်နှစ် သက်မှုအဆင့်ကို သတ်မှတ်ပေးရပါတယ်။
ပါဝင်သူတွေဟာ သူတို့နေ့လယ်စာမှာ ဆားနည်းပြီး အဆီများတဲ့အခါ ၁၁ ရာခိုင်နှုန်းအောက် လျှော့ပြီး စားသုံးကြတာကို သည်အဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ဆားရောအဆီပါ များများပါတဲ့ အစားအစာတွေကိုတော့ပါဝင်သူတွေဟာ ပိုပြီးစားသုံးကြ တယ်လို့ သည်စမ်းသပ်မှုကို ဦးဆောင်ပြုလုပ်တဲ့ သြစတြေးလျားနိုင်ငံ ဒီရာကင်းတက္ကသိုလ်က ပါမောက္ခ ရပ်ဆဲလ်ကီယက်က ပြောပါတယ်။
လေ့လာသူတွေက ဆားဟာ အစားအစာအလွန်အမင်းမစားအောင် ရပ်တန့်ပေးမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေတာကို ညွှန်ပြနေတယ်လို့ ကောက်ချက်ချကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ချိုလေးငယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top