iMyanmarHouse.com - Best Property Website for Myanmar
×

တနသၤာရီတြင္ စာမရသည့္ေက်ာင္းသားအား ေက်ာင္းအုပ္မွ ရိုက္နွက္ဆံုးမတာေၾကာင့္ ေက်ာင္းသား၏ဦးေခါင္းတြင္ ေပါက္ၿပဲဒဏ္ရာရရွိေၾကာင္း သိရပါတယ္။

ေက်ာက္တလံုးေက်းရြာအုပ္စု၊ ေျမမအံုေက်းရြာမူလတန္းေက်ာင္းတြင္ ပိုလီယိုေဝဒနာရွင္တတိယတန္းေက်ာင္းသားေမာင္လက္ကပ္ အား စာေမးတာ မေျဖနိုင္လို႔ ေက်ာင္းအုပ္ေဒၚသိန္းေဆြက ဝါးျခမ္းျဖင့္ ဦးေခါင္းကိိုရိုက္နွက္ဆံုးမတာေၾကာင့္ ဦးေခါင္းေပါက္ၿပဲသြားေၾကာင္းသိရပါတယ္။

"ျဖစ္တာက စက္တင္ဘာ ၃၀ ရက္၊ ေန႔လယ္ ၁ နာရီမွာ ျဖစ္တယ္။ရိုက္နွက္ဆံုးမတာ ရြာသားေတြသိလို႔ေက်ာင္းကိုလိုက္သြားေတာ့ ေက်ာင္းအုပ္က "ဒါ…ငါ့ေက်ာင္း ခြင့္ျပဳခ်က္မရွိပဲမဝင္နဲ႔"လို႔ တားျမစ္တယ္။ ရြာသားေတြက မေၾကနွပ္လို႔ ပညာေရးမွဴးရံုးကို စာတင္ၿပီးတိုင္ဖို႔စီစဥ္ေနတယ္။ ပညာေရးမွဴးရံုးက ဒီကိစၥ လက္လ်ဴရႈမယ္ဆိုရင္ ကေလးသူငယ္ညွင္းပမ္းနွိပ္စက္တာကို အရပ္ဘက္အဖြဲ႕အစည္းအေနနဲ႔ တိုင္းေဒသႀကီးအထိ တိုင္ၾကားပါမယ္""လို႔ အမိေျမကြန္ရက္အဖြဲ႕မွ တာဝန္ခံ ကိုမင္းခန္႔က ေျပာပါတယ္။

အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ေက်ာင္းအုပ္မွ ျပန္လည္ေတာင္းပန္ျခင္းမရွိပဲ မေခ်မငံ ေျပာဆိုေနတာေၾကာင့္ ေက်ာင္းသားမိဘ နွင့္ ေက်းရြာသားမ်ားက မေက်မနပ္ျဖစ္ေနေၾကာင္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ထြဋ္ (ၿမိတ္)
https://www.facebook.com/Myat-Htut-Myeik

#Unicode Version#
တနင်္သာရီတွင် စာမရသည့်ကျောင်းသားအား ကျောင်းအုပ်မှ ရိုက်နှက်ဆုံးမတာကြောင့် ကျောင်းသား၏ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာရရှိကြောင်း သိရပါတယ်။

ကျောက်တလုံးကျေးရွာအုပ်စု၊ မြေမအုံကျေးရွာမူလတန်းကျောင်းတွင် ပိုလီယိုဝေဒနာရှင်တတိယတန်းကျောင်းသားမောင်လက်ကပ် အား စာမေးတာ မဖြေနိုင်လို့ ကျောင်းအုပ်ဒေါ်သိန်းဆွေက ဝါးခြမ်းဖြင့် ဦးခေါင်းကိုရိုက်နှက်ဆုံးမတာကြောင့် ဦးခေါင်းပေါက်ပြဲသွားကြောင်းသိရပါတယ်။

"ဖြစ်တာက စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၁ နာရီမှာ ဖြစ်တယ်။ရိုက်နှက်ဆုံးမတာ ရွာသားတွေသိလို့ကျောင်းကိုလိုက်သွားတော့ ကျောင်းအုပ်က "ဒါ…ငါ့ကျောင်း ခွင့်ပြုချက်မရှိပဲမဝင်နဲ့"လို့ တားမြစ်တယ်။ ရွာသားတွေက မကြေနှပ်လို့ ပညာရေးမှူးရုံးကို စာတင်ပြီးတိုင်ဖို့စီစဉ်နေတယ်။ ပညာရေးမှူးရုံးက ဒီကိစ္စ လက်လျူရှုမယ်ဆိုရင် ကလေးသူငယ်ညှင်းပမ်းနှိပ်စက်တာကို အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ တိုင်းဒေသကြီးအထိ တိုင်ကြားပါမယ်""လို့ အမိမြေကွန်ရက်အဖွဲ့မှ တာဝန်ခံ ကိုမင်းခန့်က ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအုပ်မှ ပြန်လည်တောင်းပန်ခြင်းမရှိပဲ မချေမငံ ပြောဆိုနေတာကြောင့် ကျောင်းသားမိဘ နှင့် ကျေးရွာသားများက မကျေမနပ်ဖြစ်နေကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top