ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သီတင္းကြၽတ္လျပည့္ ညတြင္ ျပဳလုပ္မည့္ The Takeover ဟစ္ေဟာ့ပ္ေဖ်ာ္ေျဖပြဲ၌ ပါ ၀င္သီဆိုရန္ရွိေၾကာင္း အဆို ေတာ္ ရန္ရန္ခ်န္းကေျပာသည္။

‘‘အဓိကစီစဥ္တာက RUN YGN Fashion က SZ နဲ႔ရန္မ်ိဳး သိမ္းတို႔ဒီဘက္ဟစ္ေဟာ့ပ္ေလာ ကထဲကပဲ။ သူတို႔ႏွစ္ေယာက္က ပြဲေတြမရွိတာၾကာၿပီဆိုၿပီး စစီစဥ္ ရင္းျဖစ္သြားတာပါ’’ ဟု ၎က ေျပာသည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ ရန္ရန္ ခ်န္း၊ ေဂ်မီ၊ ဂ်ီတုန္း၊ ခ်မ္းေအး ၀င္း၊ ေဂ်ာက္ဂ်က္၊ ေက်ာ္ထြဋ္ ေဆြစသည့္ အဆိုရွင္မ်ားအပါအ ၀င္မ်ိဳးဆက္သစ္ ဟစ္ေဟာ့ပ္အ ဆုိရွင္မ်ားပါ၀င္မည္ျဖစ္သည္။

‘‘အခုေနာက္ပိုင္းက ဘယ္ Music မဆို Production ကပို အသားေပးလာၾကတာဆိုေတာ့ Stage Design ေတြ၊ Lighting ေတြ ပိုအားျဖည့္ထားတယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္ကေတာ့ သီ ခ်င္းေတြဆိုမယ္။ အသစ္လုပ္ ထားတာေတြ၊ ေပါင္းလုပ္ထား ထာေတြရွိတယ္။ အဲဒါေတြအဆင္ ေျပရင္ဆိုမယ္’’ ဟု ရန္ရန္ခ်န္းက ၎၏ ေဖ်ာ္ေျဖတင္ဆက္မႈအစီ အစဥ္မ်ားႏွင့္ ပတ္သက္၍ေျပာ သည္။

ေဖ်ာ္ေျဖပြဲကို ေအာက္တို ဘာ ၂၄ ရက္ညတြင္ ျပည္သူ႔ရင္ ျပင္၌ ျပဳလုပ္မည္ျဖစ္ၿပီး လက္ မွတ္မ်ားကို က်ပ္တစ္ေသာင္း သတ္မွတ္ထားသည္။

ဟစ္ေဟာ့ပ္ေဖ်ာ္ေျဖပြဲ မလုပ္ျဖစ္သည္မွာ ၾကာၿပီျဖစ္ေသာ ေၾကာင့္ ပရိသတ္မ်ားအတြက္ ေပ်ာ္စရာေကာင္းသည့္  ပြဲတစ္ပြဲ ျဖစ္မည္ဟု ၎ကဆိုသည္။

‘‘ကြၽန္ေတာ္က ကိုယ့္သီခ်င္း ကိုယ္ေရးရတာလည္းပါတယ္။ ကိုယ္ေရးရင္အေၾကာင္း အရာ ေတာ္ေတာ္မ်ားမ်ားက ကိုယ္နဲ႔ ထိစပ္ေနတဲ့ဟာကို ေရးတာမ်ား တယ္။ အငွားခံစားေရးတာတို႔၊ စိတ္ကူးယဥ္ေရးတာတို႔မေရး တတ္ေတာ့ သီခ်င္းထြက္တာေႏွး တယ္။ ေရးလိုက္၊အတြဲေခြထဲပါ သြားလိုက္နဲ႔ မလုပ္ျဖစ္တာအ ခ်ိန္ၾကာေနတာ’’ ဟု ရန္ရန္ခ်န္းက တစ္ကိုယ္ေတာ္ေခြထြက္ရွိရန္ ၾကန္႔ၾကာေနသည့္ အေၾကာင္း ကိုေျပာသည္။

တစ္ကိုယ္ေတာ္ေခြကို ယခု ႏွစ္အတြင္းအၿပီးသတ္ႏိုင္ေအာင္  ႀကိဳးစားေနၿပီး လက္ရွိတြင္ယင္း အတြက္သာ အခ်ိန္ေပးျဖစ္ ေၾကာင္း ၎ကဆိုသည္။

ထုိ႔အျပင္ Acid အဖြဲ႕အေန ျဖင့္ သီခ်င္းတစ္ပုဒ္ကို လပိုင္း အတြင္းျဖန္႔ခ်ိႏိုင္ရန္ ႀကိဳးစား ေနၿပီး Music Video ႏွင့္ တစ္ပါ တည္းျဖန္႔ခ်ိရန္ အစီအစဥ္ရွိသည္ ဟု ၎ကဆိုသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
သီတင်းကျွတ်လပြည့် ညတွင် ပြုလုပ်မည့် The Takeover ဟစ်ဟော့ပ်ဖျော်ဖြေပွဲ၌ ပါ ဝင်သီဆိုရန်ရှိကြောင်း အဆို တော် ရန်ရန်ချန်းကပြောသည်။

‘‘အဓိကစီစဉ်တာက RUN YGN Fashion က SZ နဲ့ရန်မျိုး သိမ်းတို့ဒီဘက်ဟစ်ဟော့ပ်လော ကထဲကပဲ။ သူတို့နှစ်ယောက်က ပွဲတွေမရှိတာကြာပြီဆိုပြီး စစီစဉ် ရင်းဖြစ်သွားတာပါ’’ ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲတွင် ရန်ရန် ချန်း၊ ဂျေမီ၊ ဂျီတုန်း၊ ချမ်းအေး ဝင်း၊ ဂျောက်ဂျက်၊ ကျော်ထွဋ် ဆွေစသည့် အဆိုရှင်များအပါအ ဝင်မျိုးဆက်သစ် ဟစ်ဟော့ပ်အ ဆိုရှင်များပါဝင်မည်ဖြစ်သည်။

‘‘အခုနောက်ပိုင်းက ဘယ် Music မဆို Production ကပို အသားပေးလာကြတာဆိုတော့ Stage Design တွေ၊ Lighting တွေ ပိုအားဖြည့်ထားတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ သီ ချင်းတွေဆိုမယ်။ အသစ်လုပ် ထားတာတွေ၊ ပေါင်းလုပ်ထား ထာတွေရှိတယ်။ အဲဒါတွေအဆင် ပြေရင်ဆိုမယ်’’ ဟု ရန်ရန်ချန်းက ၎င်း၏ ဖျော်ဖြေတင်ဆက်မှုအစီ အစဉ်များနှင့် ပတ်သက်၍ပြော သည်။

ဖျော်ဖြေပွဲကို အောက်တို ဘာ ၂၄ ရက်ညတွင် ပြည်သူ့ရင် ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး လက် မှတ်များကို ကျပ်တစ်သောင်း သတ်မှတ်ထားသည်။

ဟစ်ဟော့ပ်ဖျော်ဖြေပွဲ မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော ကြောင့် ပရိသတ်များအတွက် ပျော်စရာကောင်းသည့်  ပွဲတစ်ပွဲ ဖြစ်မည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်က ကိုယ့်သီချင်း ကိုယ်ရေးရတာလည်းပါတယ်။ ကိုယ်ရေးရင်အကြောင်း အရာ တော်တော်များများက ကိုယ်နဲ့ ထိစပ်နေတဲ့ဟာကို ရေးတာများ တယ်။ အငှားခံစားရေးတာတို့၊ စိတ်ကူးယဉ်ရေးတာတို့မရေး တတ်တော့ သီချင်းထွက်တာနှေး တယ်။ ရေးလိုက်၊အတွဲခွေထဲပါ သွားလိုက်နဲ့ မလုပ်ဖြစ်တာအ ချိန်ကြာနေတာ’’ ဟု ရန်ရန်ချန်းက တစ်ကိုယ်တော်ခွေထွက်ရှိရန် ကြန့်ကြာနေသည့် အကြောင်း ကိုပြောသည်။

တစ်ကိုယ်တော်ခွေကို ယခု နှစ်အတွင်းအပြီးသတ်နိုင်အောင်  ကြိုးစားနေပြီး လက်ရှိတွင်ယင်း အတွက်သာ အချိန်ပေးဖြစ် ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် Acid အဖွဲ့အနေ ဖြင့် သီချင်းတစ်ပုဒ်ကို လပိုင်း အတွင်းဖြန့်ချိနိုင်ရန် ကြိုးစား နေပြီး Music Video နှင့် တစ်ပါ တည်းဖြန့်ချိရန် အစီအစဉ်ရှိသည် ဟု ၎င်းကဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top