ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တုိက္စစ္မွဴး ေရာ္နယ္ဒုိ ကေတာ့ လက္ရွိ ရင္ဆုိင္ေနရတဲ့ အဓမၼမႈေၾကာင့္ သူ ရရွိထားတဲ့ စပြန္ဆာ ကုမၸဏီေတြကုိ ဆုံးရႈံးသြားဖုိ႔ရွိေနၿပီး စုစုေပါင္း ေပါင္သန္း(၁၀၀၀)ေလာက္ ဆုံးရႈံးရဖုိ႔ရွိေနတာပါ။

Nike ၊ EA Sports ၊ Herbalife စတဲ့ ကုမၸဏီေတြဆီကေန ျမင့္မားတဲ့ စပြန္ဆာေၾကး ရရွိေနတဲ့ ေရာ္နယ္ဒုိ ဟာ လက္ရွိအခ်ိန္မွာေတာ့ စပြန္ဆာကုမၸဏီေတြရဲ႕ ေစာင့္ၾကည့္ျခင္းကုိ ခံေနရပါၿပီ။ အထူးသျဖင့္ သူ႕အတြက္ ၀င္ေငြအမ်ားဆုံး ရရွိေနတဲ့ စပြန္ဆာကုမၸဏီ Nike ရဲ႕ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြေၾကာင့္ ေရာ္နယ္ဒုိဟာ အခက္အခဲေတြကုိ ရင္ဆုိင္ေနရတာပါ။

ကမာၻေက်ာ္ အားကစားကုမၸဏီျဖစ္တဲ့ Nike ဟာ ပုံရိပ္အသုံးျပဳသူအားကစားသမားေတြနဲ႔ ပတ္သက္လုိ႔ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြသတ္မွတ္ထားၿပီး လိင္ပုိင္းဆုိင္ရာျပႆနာေတြ၊ တားျမစ္ေဆးျပႆနာေတြနဲ႔ ပတ္သက္လုိ႔ ခြင့္လႊတ္ေလ့မရွိတဲ့ ကုမၸဏီလုိ႔ နာမည္ႀကီးတာပါ။ျပင္သစ္ရဲ႕ နာမည္ေက်ာ္ စက္ဘီးသမား အမ္းစထေရာင္းတစ္ေယာက္ တားျမစ္ေဆးျပႆနာနဲ႔ရင္ဆုိင္ရခ်ိန္တုန္းက Nike ဟာ သူတုိ႔ရဲ႕ စပြန္္ဆာ စာခ်ဳပ္ကုိ ခ်က္ခ်င္းဖ်က္သိမ္းသြားခဲ့ၿပီး အမ္းစထေရာင္းလည္း ေပါင္သန္း(၁၅၀)ေလာက္ ဆုံးရႈံးသြားခဲ့ပါတယ္။

(၂၀၀၃)ခုႏွစ္တုန္းက ဘက္စကက္ေဘာသမား ကုိဘီဘရုိင္ယန္ တစ္ေယာက္ လိင္ပုိင္းဆုိင္ရာ စြပ္စြဲမႈေတြနဲ႔ ရင္ဆုိင္ရတဲ့အခ်ိန္တုန္းကလည္း Nike ဟာ သူတုိ႔ရဲ႕ စပြန္ဆာ စာခ်ဳပ္ကုိ ခ်က္ခ်င္းဖ်က္သိမ္းသြားခဲ့ဖူးတာပါ။

လက္ရွိမွာေတာ့ Nike ဟာ ေရာ္နယ္ဒုိ ရဲ႕ ဘ၀တစ္သက္တာလုံးကုိ စပြန္ဆာေပးမယ့္ Lifetime Sponsor စာခ်ဳပ္ကုိ ခ်ဳပ္ဆုိထားတာျဖစ္ၿပီး ေရာ္နယ္ဒုိတစ္ေယာက္ ကစားသမားဘ၀ကေန အနားယူသြားရင္ေတာင္မွ စပြန္ဆာေၾကးေတြ ဆက္လက္ရရွိေနဦးမယ့္ သေဘာတူညီမႈမ်ိဳးနဲ႔ ခ်ဳပ္ဆုိထားတာပါ။Nike ကုမၸဏီအတြက္ေတာ့ ေရာ္နယ္ဒုိဟာ Lifetime Sponsor ေပးဖုိ႔ ဆုံးျဖတ္ျခင္းခံခဲ့ရတဲ့ တတိယေျမာက္ ကစားသမားျဖစ္ၿပီး သူ႕ရဲ႕အေရွ႕မွာ NBA ဘက္စကက္ေဘာကစားသမားေတြျဖစ္တဲ့ မုိက္ကယ္ေဂ်ာ္ဒန္၊ လီဘရြန္ဂ်ိမ္းစ္ တုိ႔ကုိ Lifetime Sponsor စာခ်ဳပ္ေတြ ခ်ဳပ္ဆုိထားခဲ့တာပါ။

ေရာ္နယ္ဒုိဟာ အဲဒီ စာခ်ဳပ္ကေန ေပါင္သန္း (၇၆၀) ေလာက္ရေနတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အဲဒီ ပုိက္ဆံပမာဏကုိ ဆုံးရႈံးရဖုိ႔ရွိေနတာပါ။မေန႔ကပဲ Nike ကုမၸဏီက ေရာ္နယ္ဒုိနဲ႔ ပတ္သက္တဲ့ကိစၥေတြကုိ အေလးအနက္ထားကာ ေစာင့္ၾကည့္ေနတယ္လုိ႔ မီဒီယာေတြကုိ အသိေပးသြားခဲ့တာေၾကာင့္ ေရာ္နယ္ဒုိ သာ ဒီျပစ္မႈကုိ တကယ္က်ဴးလြန္ခဲ့တယ္ဆုိရင္ သူဆုံးရႈံးမယ့္ ေငြေၾကးပမာဏ၊ သူ႕ရဲ႕ပုံရိပ္၊ ပရိသတ္ေတြရဲ႕ ေလးစားမႈ စတာေတြ ေလ်ာ့က်သြားမွာျဖစ္လုိ႔ တကယ့္ကုိ အထိနာသြားဖုိ႔ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm

#Unicode Version#
ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကတော့ လက်ရှိ ရင်ဆိုင်နေရတဲ့ အဓမ္မမှုကြောင့် သူ ရရှိထားတဲ့ စပွန်ဆာ ကုမ္ပဏီတွေကို ဆုံးရှုံးသွားဖို့ရှိနေပြီး စုစုပေါင်း ပေါင်သန်း(၁၀၀၀)လောက် ဆုံးရှုံးရဖို့ရှိနေတာပါ။

Nike ၊ EA Sports ၊ Herbalife စတဲ့ ကုမ္ပဏီတွေဆီကနေ မြင့်မားတဲ့ စပွန်ဆာကြေး ရရှိနေတဲ့ ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာတော့ စပွန်ဆာကုမ္ပဏီတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါပြီ။ အထူးသဖြင့် သူ့အတွက် ဝင်ငွေအများဆုံး ရရှိနေတဲ့ စပွန်ဆာကုမ္ပဏီ Nike ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ရော်နယ်ဒိုဟာ အခက်အခဲတွေကို ရင်ဆိုင်နေရတာပါ။

ကမ္ဘာကျော် အားကစားကုမ္ပဏီဖြစ်တဲ့ Nike ဟာ ပုံရိပ်အသုံးပြုသူအားကစားသမားတွေနဲ့ ပတ်သက်လို့ တင်းကျပ်တဲ့စည်းမျဉ်းတွေသတ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာပြဿနာတွေ၊ တားမြစ်ဆေးပြဿနာတွေနဲ့ ပတ်သက်လို့ ခွင့်လွှတ်လေ့မရှိတဲ့ ကုမ္ပဏီလို့ နာမည်ကြီးတာပါ။ပြင်သစ်ရဲ့ နာမည်ကျော် စက်ဘီးသမား အမ်းစထရောင်းတစ်ယောက် တားမြစ်ဆေးပြဿနာနဲ့ရင်ဆိုင်ရချိန်တုန်းက Nike ဟာ သူတို့ရဲ့ စပွန်ဆာ စာချုပ်ကို ချက်ချင်းဖျက်သိမ်းသွားခဲ့ပြီး အမ်းစထရောင်းလည်း ပေါင်သန်း(၁၅၀)လောက် ဆုံးရှုံးသွားခဲ့ပါတယ်။

(၂၀၀၃)ခုနှစ်တုန်းက ဘက်စကက်ဘောသမား ကိုဘီဘရိုင်ယန် တစ်ယောက် လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်တုန်းကလည်း Nike ဟာ သူတို့ရဲ့ စပွန်ဆာ စာချုပ်ကို ချက်ချင်းဖျက်သိမ်းသွားခဲ့ဖူးတာပါ။

လက်ရှိမှာတော့ Nike ဟာ ရော်နယ်ဒို ရဲ့ ဘဝတစ်သက်တာလုံးကို စပွန်ဆာပေးမယ့် Lifetime Sponsor စာချုပ်ကို ချုပ်ဆိုထားတာဖြစ်ပြီး ရော်နယ်ဒိုတစ်ယောက် ကစားသမားဘဝကနေ အနားယူသွားရင်တောင်မှ စပွန်ဆာကြေးတွေ ဆက်လက်ရရှိနေဦးမယ့် သဘောတူညီမှုမျိုးနဲ့ ချုပ်ဆိုထားတာပါ။Nike ကုမ္ပဏီအတွက်တော့ ရော်နယ်ဒိုဟာ Lifetime Sponsor ပေးဖို့ ဆုံးဖြတ်ခြင်းခံခဲ့ရတဲ့ တတိယမြောက် ကစားသမားဖြစ်ပြီး သူ့ရဲ့အရှေ့မှာ NBA ဘက်စကက်ဘောကစားသမားတွေဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်၊ လီဘရွန်ဂျိမ်းစ် တို့ကို Lifetime Sponsor စာချုပ်တွေ ချုပ်ဆိုထားခဲ့တာပါ။

ရော်နယ်ဒိုဟာ အဲဒီ စာချုပ်ကနေ ပေါင်သန်း (၇၆၀) လောက်ရနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဲဒီ ပိုက်ဆံပမာဏကို ဆုံးရှုံးရဖို့ရှိနေတာပါ။မနေ့ကပဲ Nike ကုမ္ပဏီက ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အလေးအနက်ထားကာ စောင့်ကြည့်နေတယ်လို့ မီဒီယာတွေကို အသိပေးသွားခဲ့တာကြောင့် ရော်နယ်ဒို သာ ဒီပြစ်မှုကို တကယ်ကျူးလွန်ခဲ့တယ်ဆိုရင် သူဆုံးရှုံးမယ့် ငွေကြေးပမာဏ၊ သူ့ရဲ့ပုံရိပ်၊ ပရိသတ်တွေရဲ့ လေးစားမှု စတာတွေ လျော့ကျသွားမှာဖြစ်လို့ တကယ့်ကို အထိနာသွားဖို့ရှိနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: saladmm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top