မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×







# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ နေဒွေးတစ်ယောက် သူ့ရဲ့ချစ်သူလေးကို အလင်းပြလိုက်ပါပြီ။ အောင်မြင်တဲ့မင်းသားတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ် အားပေးမှုအခိုင် အမာနဲ့လျှောက်လှမ်းနေတဲ့ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်မှုကို ဖမ်းဆုပ်ထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်း ကျော်မင်းသားတစ်ဦး ဆိုလည်း မမှားပါဘူး။ လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက နေဒွေးတစ်ယောက် သူ့ရဲ့ Facebook မှာ ” ချစ်တယ် My ပါကျဲ ” ဆိုတဲ့စာလေးကို ချစ်သူလေးကို Tag တွဲကာတင်ထားတာပဲဖြစ်ပါတယ်။ နေဒွေးရဲ့ချစ်သူ မိန်းက လေးဟာလည်း သရုပ်ေ်ဆာင် ဘေဘီမောင်ရဲ့ညီမလေးဖြစ်ပြီး သူမဟာလည်း အနုပညာအသိုင်းအဝိုင်းထဲက မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

သူမဟာ တက်သစ်စ အနုပညာရှင် ဟေမာန်ဇော်ဇော်ဖြစ်ပြီး နေဒွေးနဲ့လည်း ဇာတ်ကားတွေ တွဲဖက် ရိုက်ကူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ နေဒွေးတစ်ယောက် သူ့ရဲ့ Instagram မှာ ချစ်သူအချော လေးနဲ့တွဲဖက်ပြီးရိုက်ထားတဲ့ပုံလေးကို တင်လိုက်တာပဲဖြစ်ပါတယ်။ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်တာမို့ ပရိသတ်တွေကလည်း သဘောတူမှာအသေအချာပါပဲ။ နေဒွေးရဲ့ချစ်သူလေးကို ပရိသတ်ကြီးလည်း သိရအောင်ဖော်ပြပေးလိုက်ပြီနော်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.plusmm.net

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top