iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ်းနည်းစို့နစ်မှုများစွာနဲ့အဆိုတော်သရုပ်ဆောင်မင်းသားချောမင်းသွေးရဲ့ဈာပနအခမ်းအနားကိုဒီနေ့အောက်တိုဘာ(၇)ရက်နေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။မင်းသွေးရဲ့ ဈာပနအခမ်းအနားကတော့ မိသားစုဝင်လုပ်ဖော်ကိုင်အနုပညာရှင်များစွာနဲ့ အံ့သြစရာကောင်းလောက်တဲ့များစွာသော ပရိသတ်ထုကြီးရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းများနဲ့အတူ မင်းသွေးရဲ့ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကိုမီးသဂြိုလ်ကာအရိုးပြာကိုတော့ဂူသွင်းမြုပ်နှံ့ခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ကတော့အနုပညာလောကအတွက်ရောပရိသတ်အားလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သလိုစောစီးစွာကြွေလွင့်ခဲ့ရတဲ့သရုပ်ဆောင်မင်းသွေးအတွက်ယူကျုံးမရဝမ်းနည်းပူဆွေးခဲ့ကြရတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ကျစ်ရစ်သူမိသားစုအနေနဲ့ကတော့ဘဝတစ်ပါးကူးပြောင်းသွားခဲ့တဲ့မိသားစုဝင်တစ်ယောက်ဖြစ်တဲ့မင်းသွေးအတွက်ဘဝကူးကောင်းစေဖို့အကောင်းဆုံးသောအရာတွေကိုသာရည်စူးလှူဒါန်းပေးနေကြရမှာပဲဖြစ်ပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့အကိုဖြစ်သူမင်းသားနေတိုးနဲ့အတူအရီးတို့မိသားစုမှကွယ်လွန်သူမင်းသွေးအတွက်မွန်မြတ်တဲ့အလှူဒါနတစ်ခုပြုလုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ကွယ်လွန်သူသရုပ်ဆောင်ကိုမင်းသွေးအားရည်စူးပြီးတာမွေသာသနာ့ဂုဏ်ရည်(မိုးကုတ်ရိပ်သာ)ဆရာတော်အားသွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပြီးဆရာတော်ထံမှတရားတော်ဘာဝနများနာကြားပြီးဘဝတစ်ပါးကူးပြောင်းသွားတဲ့မင်းသွေးအတွက်အမျှအတမ်းပေးဝေခဲ့ကြတာပဲဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးကလည်းအရီးတို့မိသားစုနဲ့အတူ ဘဝ တစ်ပါးကူးပြောင်းသွားတဲ့ မင်းသွေးအတွက် ကောင်းရာမွန်ရာ အရပ်ဒေသသို့ရောက်နိုင်ပါစေကြောင်းဆုတောင်းပေးကြပါအုန်းနော်။
 
ဖိုးသူတော် (www.phothutaw.com)
Credit: SearchMyanmar

#Unicode Version#

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top