ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×








Credit: popinvdo

#Unicode Version#
မျက်မှောက်ခေတ်လူတိုင်းလက်ဝယ်နီးပါးတွင်ကိုင်ဆောင်အသုံးပြုနေကြသော စမတ်လက်ကိုင်ဖုန်းများဟာ ဓါတ်အားသွင်းလျက်ဖြင့်အိပ်ရာဝင်စဉ်၊ဓါတ်အားသွင်းလျက်ဖြင့်ဖုံးဆက်သွယ်စကားပြောစဉ် အပူဓါတ်လွန်ကဲပြီးမီးလောင်/ပေါက်ကွဲ တတ်တာတွေဟာ လူတိုင်းနီးပါးကြားဖူးနားဝရှိပြီးသည့်အချက်များဖြစ်ကြပါတယ်။

အဆိုပါဖြစ်စဉ်သတင်းများအား ဆင်ခြင်သတိပြုနိုင်စေရန်ဖေါ်ပြသည့်အခါတွင်လည်း အချို့သော ဖုံးအမှတ်တံဆိပ်စွဲမြဲစွာသုံးစွဲသူများက တမင်တကာနာမည်ဖျက်၊စီးပွါးရေးအရတိုက်ခိုက်သည်ဟုပြောဆိုကြပြန်ပါတယ်

ယခုတခေါက်ဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ရှိ Kheriakani ကျေးရွာတွင်ဖြစ်ပွါးခဲ့ပါတယ်။

အသက် ၁၉နှစ်အရွယ် အိန္ဒိယမိန်းခလေးတဦး ဟာဖုန်းပြောစဉ် ဘတ္ထရီအားကုန်ခါနီးသဖြင့် လျှပ်စစ်အားသွင်းပြီးဖုံးဆက်လက်ပြောနေစဉ် ဖုန်းမှရုတ်တရက်ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲမှု ကြောင့် မိန်းခလေးရဲ့ရင်ဘတ်၊လက်၊ခြေတို့တွင်ထိခိုက်ခဲ့ပြီး ဆေးရုံမပို့ခင်မှာပင် သတိလစ်လျက်တွေ့ရတယ်လို့ဆိုပါတယ်။

နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ရပါတယ်။

အိန္ဒိယပြည်တွင်းမီဒီယာများရဲ့အဆိုအရ ပေါက်ကွဲခဲ့သော လက်ကိုင်ဖုန်းဟာ ၂၀၁၀ ခုနှစ်ထုတ် Nokia 5233 ဖြစ်ဖွယ်ရှိတယ်လို့ရေးသားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top