iMyanmarHouse.com - Best Property Website for Myanmar
×







# Unicode Version ဖြင့် ဖတ်ပါ #
(၉၈)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင်  ပြုလုပ်ခဲ့ သည်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို (၅၅)ကြိမ်မြောက်ပြုလုပ်ခဲ့ပြီး သက်ကြီးအနုပညာရှင် ၁၆၅ ဦး

အား အလှူငွေနှင့် ပစ္စည်းများလှူ ဒါန်းခဲ့သည်။

‘‘အသက်ကြီးတဲ့ အနုပညာ ရှင်တွေအနေနဲ့လည်း တစ်နှစ် တစ်ခါ ဒီပွဲလေးမှာ ပြန်ဆုံကြရ တာက ကန်တော့လိုက်တဲ့ ရုပ် ဝတ္ထုပစ္စည်းတွေထက် ပိုပြီးတန်ဖိုး ရှိမယ် ထင်ပါတယ်’’ ဟု ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

သက်ကြီးအနုပညာရှင်များ ကို တစ်ဦးချင်း လှူဒါန်းပြီး ကွယ်လွန်သူ သရုပ်ဆောင်မင်းသွေးကို ရည်စူး၍ အနုပညာမောင်နှမများ နှင့် ပရိသတ်များ စုပေါင်းလှူဒါန်း ထားသည့် ငွေများလည်း လှူ ဒါန်းခဲ့သည်။

ယခုနှစ်အခမ်းအနားသို့ နေ  တိုး၊ ပြေတီဦး၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ အေးမြတ် သူ၊ ဆုပန်ထွာ၊ ပိုင်ဖြိုးသု စသည့် နာမည်ကြီး အနုပညာရှင်အချို့ သာ တက်ရောက်ပြီး နာမည်ကြီး သရုပ်ဆောင်အများစု တက်ရောက်ခြင်းမရှိဘဲ တက်သစ်စ အနုပညာရှင်အများစုသာ တက် ရောက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top