ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕၊ အမွတ္၇ ရပ္ကြက္ ရွိ ေရႊက်င္ဘုန္းႀကီးေက်ာင္းတိုက္မွ ေက်ာင္းထုိင္ဆရာေတာ္အား ယေန႕၊ ေအာက္တုိဘာလ၅ ရက္ ညေန ၆း ၃၀ ခန္႕က အမည္ မသိသူမ်ားက ေက်ာင္း၀င္းထဲ၀င္ၿပီး ေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာ ေသနတ္ဒဏ္ရာ ၇ ခ်က္ ျဖင့္ဆရာေတာ္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕ နမ္႔ခံုးပရဟိတ အဖြဲ႕ တာ၀န္ခံ ကုိစုိင္းကူးက ယေန႕ ည ပိုင္းတြင္ AHN သုိ႔ေျပာသည္။

“ ဘယ္သူေတြ ပစ္သြားတယ္ဆုိတာ မသိရေသးပါဘူး “ ဟု ၄င္းကေျပာသည္။

ျဖစ္စဥ္မွန္ကန္ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲေမတစ္ဦးကေျပာသည္။

“ ျဖစ္စဥ္ မွန္ပါတယ္ရွင့္၊ အေသးစိတ္ကုိ စံုစမ္းေနပါတယ္ “ ဟု ၄င္းကေျပာသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရသည့္ဆရာေတာ္ မွာ နမ္႔ခံုးပရဟိတအသင္းကုိ တည္ေထာင္ခဲ့သည့္ ရွမ္းတိုင္းရင္းသားဆရာေတာ္တစ္ပါးျဖစ္ေၾကာင္း ၊ ေသနတ္သမားမ်ားက ဆုိင္ကယ္ႏွစ္စီးျဖင့္ေက်ာင္း၀င္းထဲသုိ႕၀င္လာၿပီး ပစ္ခတ္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ခံ
တစ္ဦးကေျပာသည္။
ဓါတ္ပုံ - Saw Min Kyu (facebook)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Asia Heart News
#Unicode Version#
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်၇ ရပ်ကွက် ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အား ယနေ့၊ အောက်တိုဘာလ၅ ရက် ညနေ ၆း ၃၀ ခန့်က အမည် မသိသူများက ကျောင်းဝင်းထဲဝင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၇ ချက် ဖြင့်ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတ အဖွဲ့ တာဝန်ခံ ကိုစိုင်းကူးက ယနေ့ ည ပိုင်းတွင် AHN သို့ပြောသည်။

“ ဘယ်သူတွေ ပစ်သွားတယ်ဆိုတာ မသိရသေးပါဘူး “ ဟု ၎င်းကပြောသည်။

ဖြစ်စဉ်မှန်ကန်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ကျ ရဲမေတစ်ဦးကပြောသည်။

“ ဖြစ်စဉ် မှန်ပါတယ်ရှင့်၊ အသေးစိတ်ကို စုံစမ်းနေပါတယ် “ ဟု ၎င်းကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသည့်ဆရာတော် မှာ နမ့်ခုံးပရဟိတအသင်းကို တည်ထောင်ခဲ့သည့် ရှမ်းတိုင်းရင်းသားဆရာတော်တစ်ပါးဖြစ်ကြောင်း ၊ သေနတ်သမားများက ဆိုင်ကယ်နှစ်စီးဖြင့်ကျောင်းဝင်းထဲသို့ဝင်လာပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ခံ
တစ်ဦးကပြောသည်။
ဓါတ်ပုံ - Saw Min Kyu (facebook)
ဖိုးသူတော် (www.phothutaw.com)
Credit: The Asia Heart News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top