(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

နုိင္ငံေက်ာ္မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္တဲ့ မိတ္ကပ္ ညီညီေမာင္(စမ္းေခ်ာင္း) က ပရိသတ္ေတြကုိလည္း ေႏြးေႏြးေထြးေထြးဆက္ဆံတတ္သလုိ အင္တာဗ်ဴးေတြကုိလည္းပြင့္ပြင့္လင္းလင္းေျဖျပီး ကုိယ့္အလုပ္ကုိလည္း Professional ဆန္စြာလုပ္တတ္လို႔ ပရိသတ္ေတြခ်စ္တာခံရတဲ့ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ပရိသတ္ေတြက သုသုလို႔ခ်စ္စနိုးေခၚၾကတဲ့ ညီညီေမာင္(စမ္းေခ်ာင္း) က Myanmar Cele 7 နဲ႔ Interview မွာ ပရိသတ္ေတြသိခ်င္ေနၾကတဲ့ ခ်စ္သူရဲ႕ ပံုသ႑ာန္နဲ႔ အခ်စ္ေရးအေၾကာင္းတေစ့တေစာင္းေတြ ေျဖၾကားေပးထားပါတယ္။

သုသုက အားလံုးသိခ်င္ေနၾကတဲ့ခ်စ္သူအေၾကာင္းကုိ “ပံုမွန္ပါပဲသူကေတာ့ အင္ဂ်င္နီယာတစ္ေယာက္ပါ။ ေလာေလာဆယ္ေတာ့အလုပ္လုပ္ေနပါတယ္။ ကုိယ့္ထက္ (၁၃) နွစ္ငယ္တယ္။ ယူတာေတာ့မဟုတ္ဘူးေပါ့ေနာ္။ သူက သူငယ္ခ်င္းေတြအသိေပးတဲ့ ပြဲေလးတစ္ပြဲလုပ္မယ္။ၾကီးၾကီးက်ယ္က်ယ္လည္းမဟုတ္ဘူး။Public လည္းခ်မျပဘူး။ အသက္ၾကီးလာလို႔လားမသိဘူး အခ်စ္ကုိပံုေဖာ္တဲ့ေနရာမွာ လူအမ်ားၾကီးသိဖို႔လည္းမလိုေတာ့ဘူး။အဓိကက ကုိယ္ေတြနွွစ္ေယာက္ခ်စ္ေနဖုိ႔ပဲလိုတယ္”လို႔ေျပာျပထားပါတယ္။

တြဲသမွ်ေဖာက္ျပန္ခံရေပမယ့္ အခုခ်စ္သူနဲ႔ေတာ့စိတ္ခ်မ္းသာရေၾကာင္းလည္း “သူက ကုိယ္နဲ႔ Type တူလို႔လားမသိဘူး။ သူမေဖာက္ျပန္တာကုိယ္သိတဲ့အတြက္ စိတ္ခ်မ္းသာလို႔ရတယ္။ ကုိယ္က ကံဆိုးတာပဲလားမသိဘူး။တြဲသမွ်ခဏခဏေဖာက္ျပန္ခံရတယ္။ ကုိယ့္မွာ ဆိုက္ကုိရွိတယ္။ ကုိယ့္အေပၚေကာင္းေကာင္းမြန္မြန္ေလးနဲ႔ ဆက္ဆံေပးတဲ့အတြက္သူ႔ကုိလည္းေက်းဇူးတင္တယ္။ နွစ္ေယာက္စလံုးနွစ္ဖက္စလံုးက ခ်စ္တာျဖစ္တဲ့အတြက္ သိပ္အပူအပင္ေတြမရွိေတာ့ဘူး။ စိတ္ခ်မ္းသာရတယ္”လို႔ ေျပာျပထားပါတယ္။

အားလံုးကသိခ်င္ေနၾကတဲ့ ခ်စ္သူရဲ႕ ပံုသ႑ာန္ကုိေတာ့ သုသုက “ဒီတိုင္းပဲေလ အားလံုးလည္းျမင္သလိုပဲ။ နားရြက္ပါမယ္။နွာေခါင္းပါမယ္၊မ်က္လံုးပါမယ္။ဒါပဲေပါ့။ ပံုမွန္ပါပဲ။ အရမ္းေတြညႊန္းေနရင္ကုိယ့္လူကုိယ္ညႊန္းတယ္ျဖစ္ေနမွာစုိးလို႔ ပံုမွန္ပါပဲ။ သူက တနဂၤေႏြ။ ဘုန္းၾကီးကေတာ့ ေျပာတယ္။ယူျပီးရင္ စီးပြားတက္မယ္တဲ့။ တနဂၤေႏြက အဂၤါရဲ႕အညြန္႔”လို႔ ဟာသေနွာျပီး ရယ္ေမာရင္းေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္လြန္းလို႔ပရိသတ္ၾကီးေရာ.. သုသုကိုခ်စ္ၾကလား။ သုသုကုိစိတ္ခ်မ္းသာေအာင္ထားေပးတဲ့ခ်စ္သူကုိေရာ ျမင္ဖူးခ်င္ေနၾကျပီလား။ ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#

နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) က ပရိသတ်တွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံတတ်သလို အင်တာဗျူးတွေကိုလည်းပွင့်ပွင့်လင်းလင်းဖြေပြီး ကိုယ့်အလုပ်ကိုလည်း Professional ဆန်စွာလုပ်တတ်လို့ ပရိသတ်တွေချစ်တာခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေက သုသုလို့ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း) က Myanmar Cele 7 နဲ့ Interview မှာ ပရိသတ်တွေသိချင်နေကြတဲ့ ချစ်သူရဲ့ ပုံသဏ္ဍာန်နဲ့ အချစ်ရေးအကြောင်းတစေ့တစောင်းတွေ ဖြေကြားပေးထားပါတယ်။

သုသုက အားလုံးသိချင်နေကြတဲ့ချစ်သူအကြောင်းကို “ပုံမှန်ပါပဲသူကတော့ အင်ဂျင်နီယာတစ်ယောက်ပါ။ လောလောဆယ်တော့အလုပ်လုပ်နေပါတယ်။ ကိုယ့်ထက် (၁၃) နှစ်ငယ်တယ်။ ယူတာတော့မဟုတ်ဘူးပေါ့နော်။ သူက သူငယ်ချင်းတွေအသိပေးတဲ့ ပွဲလေးတစ်ပွဲလုပ်မယ်။ကြီးကြီးကျယ်ကျယ်လည်းမဟုတ်ဘူး။Public လည်းချမပြဘူး။ အသက်ကြီးလာလို့လားမသိဘူး အချစ်ကိုပုံဖော်တဲ့နေရာမှာ လူအများကြီးသိဖို့လည်းမလိုတော့ဘူး။အဓိကက ကိုယ်တွေနှစ်ယောက်ချစ်နေဖို့ပဲလိုတယ်”လို့ပြောပြထားပါတယ်။

တွဲသမျှဖောက်ပြန်ခံရပေမယ့် အခုချစ်သူနဲ့တော့စိတ်ချမ်းသာရကြောင်းလည်း “သူက ကိုယ်နဲ့ Type တူလို့လားမသိဘူး။ သူမဖောက်ပြန်တာကိုယ်သိတဲ့အတွက် စိတ်ချမ်းသာလို့ရတယ်။ ကိုယ်က ကံဆိုးတာပဲလားမသိဘူး။တွဲသမျှခဏခဏဖောက်ပြန်ခံရတယ်။ ကိုယ့်မှာ ဆိုက်ကိုရှိတယ်။ ကိုယ့်အပေါ်ကောင်းကောင်းမွန်မွန်လေးနဲ့ ဆက်ဆံပေးတဲ့အတွက်သူ့ကိုလည်းကျေးဇူးတင်တယ်။ နှစ်ယောက်စလုံးနှစ်ဖက်စလုံးက ချစ်တာဖြစ်တဲ့အတွက် သိပ်အပူအပင်တွေမရှိတော့ဘူး။ စိတ်ချမ်းသာရတယ်”လို့ ပြောပြထားပါတယ်။

အားလုံးကသိချင်နေကြတဲ့ ချစ်သူရဲ့ ပုံသဏ္ဍာန်ကိုတော့ သုသုက “ဒီတိုင်းပဲလေ အားလုံးလည်းမြင်သလိုပဲ။ နားရွက်ပါမယ်။နှာခေါင်းပါမယ်၊မျက်လုံးပါမယ်။ဒါပဲပေါ့။ ပုံမှန်ပါပဲ။ အရမ်းတွေညွှန်းနေရင်ကိုယ့်လူကိုယ်ညွှန်းတယ်ဖြစ်နေမှာစိုးလို့ ပုံမှန်ပါပဲ။ သူက တနင်္ဂနွေ။ ဘုန်းကြီးကတော့ ပြောတယ်။ယူပြီးရင် စီးပွားတက်မယ်တဲ့။ တနင်္ဂနွေက အင်္ဂါရဲ့အညွန့်”လို့ ဟာသနှောပြီး ရယ်မောရင်းဖြေကြားထားပါတယ်။

ပြောချင်လွန်လွန်းလို့ပရိသတ်ကြီးရော.. သုသုကိုချစ်ကြလား။ သုသုကိုစိတ်ချမ်းသာအောင်ထားပေးတဲ့ချစ်သူကိုရော မြင်ဖူးချင်နေကြပြီလား။ ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top