iMyanmarHouse.com - Best Property Website for Myanmar
×

မနက္စာဟာ လူတစ္ေယာက္အတြက္ အေရးအႀကီးဆံုး ျဖစ္သလို တစ္ေန႔တာလံုး စိတ္နဲ႔ကိုယ္ အေျခအေနဟာ မနက္စာေပၚမွာပဲ အမ်ားႀကီး မူတည္ေနတယ္လု႔ိေတာင္ ေျပာလို႔ ရပါတယ္။ လူတစ္ေယာက္ရဲ႕ ကိုယ္အေလးခ်ိန္ တက္ျခင္း က်ျခင္းဟာလည္း မနက္စာနဲ႔ အမ်ားႀကီး သက္ဆုိင္ပါတယ္။ အခ်ိဳ႕ကလည္း မနက္စာကို ေကာ္ဖီေလးတစ္ခြက္ပဲေသာက္တာပါ။ ေဖ်ာ္ရည္ေလး တစ္ခြက္ပဲ ေသာက္တာပါ ၀ိတ္တက္လာတယ္ဆိုတာမ်ဳိးေတြ ႀကံဳဖူးၾကမွာပါ။ ဒါဟာ မွားယြင္းၿပီး အမွတ္မွားေနတဲ့ အစားအစာေတြေၾကာင့္ပါ။

၁။ မနက္စာ မစားျခင္း

မနက္စာ စားျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ တက္မွာစိုးရိမ္ၿပီး မစားတာမ်ိဳးေတြဟာ မွားယြင္းတဲ့ အယူအဆပါ။ ေအာင္ျမင္သြားတဲ့ ၀ိတ္ခ်သူေတြရဲ႕ ၇၈%ဟာ မနက္စာကို ေန႔တုိင္းစားခဲ့ၾကတယ္ဆိုတဲ့ စစ္တမ္းတစ္ခု ရွိပါတယ္။ အဓိကကေတာ့ အာဟာရျဖစ္ေစမယ့္ အရာကို ေရြးခ်ယ္စားဖို႔ပါပဲ။ မနက္စာကို ေက်ာ္သြားတဲ့ လူေတြဟာ ဆီးခ်ိဳနဲ႔ ႏွလံုး ျဖစ္ပြားႏုိင္ေျခ မ်ားေၾကာင္း သိရပါတယ္။ ကယ္လိုရီ ၄၀၀ ထက္မမ်ားတဲ့ မနက္စာေတြကို စားေပးပါ။

၂။ ဆိုင္က ၀ယ္တဲ့ အသင့္လုပ္ထားတဲ့ Smoothies

မနက္စာကို Smoothies ေတာ့ ေသာက္ပါတယ္။ ဒါေပမယ့္ ကိုယ္တိုင္မလုပ္အားတာေၾကာင့္ ဆုိင္မွာ အသင့္လုပ္ၿပီးသား Smoothies ကို ၀ယ္ေသာက္မယ္ဆိုရင္ ၀ိတ္တက္ေစပါတယ္။ ျဖစ္ႏုိင္မယ္ဆိုရင္ေတာ့ ကိုယ္တိုင္လုပ္ေသာက္ၿပီး သၾကားကို နည္းႏုိင္သမွ် နည္းပါ။ ႏြားႏို႔၊ ဒိန္ခ်ဥ္တို႔နဲ႔ ေသာက္ပါ။

၃။ ေဖ်ာ္ရည္ – အခိ်ဳရည္

ကယ္လိုရီ နည္းနည္းပဲ ရေစခ်င္တဲ့ စိတ္နဲ႔ အခ်ိဳရည္ေတြကို မနက္ပိုင္းမွာ ေသာက္မိရင္ေတာ့ သင့္ခါးေဘးပတ္လည္မွာ အဆီေတြ တက္လာေစပါလိမ့္မယ္။ ေဖ်ာ္ရည္ေသာက္ဖို႔ လမ္းညႊန္ခ်က္ေတြကို ၾကည့္ၿပီး အသင့္ဘူးေတြထဲမွာ ပါတဲ့ Juice ေတြကို ေသာက္ရင္ေတာ့ အခ်ိဳဓာတ္မ်ားၿပီး လူကို ဒုကၡေပးေစႏုိင္ပါတယ္။ အသီးေတြကို ကိုယ္တုိင္ ေဖ်ာ္ေသာက္တဲ့ ေဖ်ာ္ရည္ကိုပဲ ေသာက္ေပးပါ။ အခ်ိဳအေနနဲ႔ ႏြားႏို႔ ၊ ဒိန္ခ်ဥ္ေတြကို ထည့္ပါ။

၄။ Egg Sandwiches

ၾကက္ဥဆန္းဒစ္၀္ခ်္ဟာ နာမည္ႀကီးတဲ့ မနက္စာ တစ္ခုပါ။ ေၾကာ္ထားတဲ့ ၾကက္ဥ၊ ဂ်ံဳ၊ ခ်ိစ္၊ ေပါင္မုန္႔ေတြနဲ႔ လြယ္လြယ္ကူကူ ျပဳလုပ္လို႔ ရတဲ့ မုန္႔ပါ။ ဒါေပမယ့္ ၾကက္ဥႏွစ္လံုး ေၾကာ္ၿပီး အသားပါ ထည့္လိုက္မယ္ဆိုရင္ေတာ့ အဆီတက္လာေစမယ့္ အစားအစာ ျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ ၾကက္ဥတစ္လံုးပဲ ထည့္စားပါ။

၅။ ထမင္းေၾကာ္နဲ႔ဟင္း

မနက္စာကို ျမန္မာေတြ အစားမ်ားတဲ့ ထမင္းေၾကာ္၊ မုန္႔ဟင္းခါးတို႔ဟာ အိမ္မွာ ခ်က္စားမယ္ဆိုရင္ေတာ့ မေကာင္းတဲ့ အဆီေတြကို သက္သာေစႏုိင္ေပမယ့္ အျပင္မွာ စားမယ္ဆိုရင္ေတာ့ ဆီမသန္႔၊ အခ်ိဳမႈန္႔ေတြဟာ သင့္ကို မေကာင္းတဲ့ ကိုလက္စထေရာေတြ မ်ားလာေစႏုိင္ပါတယ္။ ဒါေၾကာင့္ ထမင္းေၾကာ္ အိမ္မွာ ေၾကာ္စားၿပီး တတ္ႏိုင္သမွ် ဆီေလွ်ာ့ဖို႔ သတိထားပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myhealthymyanmar

#Unicode Version#
 မနက်စာဟာ လူတစ်ယောက်အတွက် အရေးအကြီးဆုံး ဖြစ်သလို တစ်နေ့တာလုံး စိတ်နဲ့ကိုယ် အခြေအနေဟာ မနက်စာပေါ်မှာပဲ အများကြီး မူတည်နေတယ်လု့ိတောင် ပြောလို့ ရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် တက်ခြင်း ကျခြင်းဟာလည်း မနက်စာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အချို့ကလည်း မနက်စာကို ကော်ဖီလေးတစ်ခွက်ပဲသောက်တာပါ။ ဖျော်ရည်လေး တစ်ခွက်ပဲ သောက်တာပါ ဝိတ်တက်လာတယ်ဆိုတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒါဟာ မှားယွင်းပြီး အမှတ်မှားနေတဲ့ အစားအစာတွေကြောင့်ပါ။

၁။ မနက်စာ မစားခြင်း

မနက်စာ စားခြင်းကြောင့် ကိုယ်အလေးချိန် တက်မှာစိုးရိမ်ပြီး မစားတာမျိုးတွေဟာ မှားယွင်းတဲ့ အယူအဆပါ။ အောင်မြင်သွားတဲ့ ဝိတ်ချသူတွေရဲ့ ၇၈%ဟာ မနက်စာကို နေ့တိုင်းစားခဲ့ကြတယ်ဆိုတဲ့ စစ်တမ်းတစ်ခု ရှိပါတယ်။ အဓိကကတော့ အာဟာရဖြစ်စေမယ့် အရာကို ရွေးချယ်စားဖို့ပါပဲ။ မနက်စာကို ကျော်သွားတဲ့ လူတွေဟာ ဆီးချိုနဲ့ နှလုံး ဖြစ်ပွားနိုင်ခြေ များကြောင်း သိရပါတယ်။ ကယ်လိုရီ ၄၀၀ ထက်မများတဲ့ မနက်စာတွေကို စားပေးပါ။

၂။ ဆိုင်က ဝယ်တဲ့ အသင့်လုပ်ထားတဲ့ Smoothies

မနက်စာကို Smoothies တော့ သောက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်မလုပ်အားတာကြောင့် ဆိုင်မှာ အသင့်လုပ်ပြီးသား Smoothies ကို ဝယ်သောက်မယ်ဆိုရင် ဝိတ်တက်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်တိုင်လုပ်သောက်ပြီး သကြားကို နည်းနိုင်သမျှ နည်းပါ။ နွားနို့၊ ဒိန်ချဉ်တို့နဲ့ သောက်ပါ။

၃။ ဖျော်ရည် – အချိုရည်

ကယ်လိုရီ နည်းနည်းပဲ ရစေချင်တဲ့ စိတ်နဲ့ အချိုရည်တွေကို မနက်ပိုင်းမှာ သောက်မိရင်တော့ သင့်ခါးဘေးပတ်လည်မှာ အဆီတွေ တက်လာစေပါလိမ့်မယ်။ ဖျော်ရည်သောက်ဖို့ လမ်းညွှန်ချက်တွေကို ကြည့်ပြီး အသင့်ဘူးတွေထဲမှာ ပါတဲ့ Juice တွေကို သောက်ရင်တော့ အချိုဓာတ်များပြီး လူကို ဒုက္ခပေးစေနိုင်ပါတယ်။ အသီးတွေကို ကိုယ်တိုင် ဖျော်သောက်တဲ့ ဖျော်ရည်ကိုပဲ သောက်ပေးပါ။ အချိုအနေနဲ့ နွားနို့ ၊ ဒိန်ချဉ်တွေကို ထည့်ပါ။

၄။ Egg Sandwiches

ကြက်ဥဆန်းဒစ်ဝ်ချ်ဟာ နာမည်ကြီးတဲ့ မနက်စာ တစ်ခုပါ။ ကြော်ထားတဲ့ ကြက်ဥ၊ ဂျုံ၊ ချိစ်၊ ပေါင်မုန့်တွေနဲ့ လွယ်လွယ်ကူကူ ပြုလုပ်လို့ ရတဲ့ မုန့်ပါ။ ဒါပေမယ့် ကြက်ဥနှစ်လုံး ကြော်ပြီး အသားပါ ထည့်လိုက်မယ်ဆိုရင်တော့ အဆီတက်လာစေမယ့် အစားအစာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကြက်ဥတစ်လုံးပဲ ထည့်စားပါ။

၅။ ထမင်းကြော်နဲ့ဟင်း

မနက်စာကို မြန်မာတွေ အစားများတဲ့ ထမင်းကြော်၊ မုန့်ဟင်းခါးတို့ဟာ အိမ်မှာ ချက်စားမယ်ဆိုရင်တော့ မကောင်းတဲ့ အဆီတွေကို သက်သာစေနိုင်ပေမယ့် အပြင်မှာ စားမယ်ဆိုရင်တော့ ဆီမသန့်၊ အချိုမှုန့်တွေဟာ သင့်ကို မကောင်းတဲ့ ကိုလက်စထရောတွေ များလာစေနိုင်ပါတယ်။ ဒါကြောင့် ထမင်းကြော် အိမ်မှာ ကြော်စားပြီး တတ်နိုင်သမျှ ဆီလျှော့ဖို့ သတိထားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myhealthymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top