ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေလးရွား ရက္ပါ အဆိုေတာ္ Namewee ဟာ အမႈတစ္ခုနဲ႔ အခ်ဳပ္က်ေနတုန္း အခ်ဳပ္ထဲမွာ ႀကံဳခဲ့ရတဲ့ ျမန္မာ ၁၅ ဦးရဲ႕ အေျခအေနကို သူရဲ႕ Facebook မွာ မန္ဒရင္ ဘာသာစကားနဲ႔ ဖြင့္ခ်လိုက္ပါတယ္။ အဲဒါကို thecoverage.my က အဂၤလိပ္လိုျပန္တင္ေပးထားၿပီး က်ေနာ္က အမ်ားသိရေအာင္ျမန္မာလို ျပန္ေရးေပးထားပါတယ္။

သူေရးခဲ့တာကို ဖတ္ၾကည့္ပါ။

က်ေနာ့္ကို လက္ထိပ္ခတ္ထားၿပီး တရားခြင္ကို ေခၚလာေတာ့ မီဒီယာသမားေတြက အမႈနဲ႔ ပတ္သက္ၿပီး တစ္ခုခုေျပာဖို႔ရွိလားလို႔ ၀ိုင္းေမးၾကတယ္။ ဒါေပမဲ့ က်ေနာ္နႈတ္ဆိတ္ေနခဲ့တယ္။ ရဲတပ္ဖြဲ႔က က်ေနာ့္ကိုေျပာခြင့္ပိတ္ထားလို႔ ႏႈတ္ဆိတ္ေနခဲ့တာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္ေျပာခ်င္တာက အမႈနဲ႔ဘာမွမဆုိင္တဲ့ ကိစၥတစ္ခုျဖစ္ေနလုိ႔ပါ။

လူထုကိုသိေအာင္ က်ေနာ္ေတာင္းဆုိခ်င္တယ္။ က်ေနာ့္ကိုထိန္းသိမ္းထားစဥ္ အခ်ဳပ္ထဲမွာ ျမန္မာႏုိင္ငံက တရားမ၀င္လုပ္သား ၁၅ ေယာက္နဲ႔ ဆံုခဲ့တယ္။ သူတို႔တေတြ အခ်ဳပ္ထဲမွာ ရက္ ၃၀ ေက်ာ္ေနၿပီ။ အခန္းက်ဥ္းေလးထဲမွာ ေတာ္ေတာ္ဆိုးဆိုး၀ါး၀ါးအေျခအေနနဲ႔ ေနေနရတယ္။ အာမခံေပးမယ့္လူလည္း ဘယ္သူမွမရွိဘူး။ သူငယ္ခ်င္းနဲ႔ ေဆြမ်ိဳးသားခ်င္းေတြလည္းမရွိဘူး။ သူတို႔ရဲ႕ အေထာက္အထားစာရြက္ေတြကို အလုပ္ရွင္ေတြက ျပန္မေပးဘဲ ထြက္ေျပးသြားၾကၿပီ။

သူတို႔တေတြ မ်က္ႏွာလႊဲခဲပစ္လုပ္ခံရတယ္။ သစၥာေဖာက္ခံရတယ္။ အခုျဖစ္ကလဲ့စမ္းေသဖို႔ ပစ္ထားခံရၿပီ။

သူတို႔ေတြခမ်ာ ကူးစက္ေရာဂါေတြကိုလည္း ရင္ဆုိင္ေနရၿပီး ေတာ္ေတာ္ေလးကို စုတ္ပဲ့တဲ့အေနအထားေရာက္ေနရွာတယ္။ တစ္ညလံုး ေခ်ာင္းေတြတဟြတ္ဟြတ္အက်ယ္ႀကီးဆိုးေနတာၾကားရေတာ့ တီဘီျဖစ္ေနၾကတယ္ထင္တာပဲ။

မေလးစကားလည္းမတတ္ၾကတာေၾကာင့္ အေစာင့္ေတြကို ဘယ္လို စကားေျပာရမလဲ ဆိုတာလည္း မသိၾကဘူး။ ေဆးရံုေတြကလည္း အေထာက္အထားစာရြက္စာတမ္းမရွိတဲ့လူဆိုရင္ အတင္မခံၾကဘူး။ သူတို႔ေတြက တုိင္းျပည္ထဲကို တရားမ၀င္ ၀င္လာတာေၾကာင့္ သံ႐ံုးကလည္း ဘာမွလုပ္မေပးႏုိင္ဘူး။ သူတို႔ေတြ မေလးရွားမွာ ရွိေနတယ္ဆိုတာကိုေတာင္ သိမွမဟုတ္ဘူး။

အခ်ဳပ္ကေန က်ေနာ္ထြက္လာခ်ိန္မွာ သူတို႔အေျခအေနပိုဆိုးေနတာပဲ ေတြ႔ခဲ့ရတယ္။ သူတို႔ေခ်ာင္းဆိုးသံေတြေျပာင္းလာသလို မ်က္ႏွာေတြကလည္း ျဖဴဖတ္ျဖဴေရာ္နဲ႔။ က်ေနာ္ကူညီႏိုင္တာဆိုလို႔ ဒီကိစၥကို အမ်ားျပည္သူသိေအာင္ ဖြင့္ခ်တာပဲ ရွိတယ္။ ဒီလိုဖြင့္ခ်တာကလည္း က်ေနာ့္အတြက္ အႏၱရာယ္ရွိတယ္ဗ်။

က်ေနာ္အခ်ဳပ္က်ေနတုန္းမွာ သိခဲ့ရတဲ့ အခ်ဳပ္ထဲကအေျခအေနေတြကို ဖြင့္မခ်ဖို႔ ရဲတပ္ဖြဲ႔က က်ေနာ့္ကို သတိေပးထားတယ္။ ဒါေပမဲ့ စိတ္မေကာင္းပါဘူး။ အကယ္လို႔ က်ေနာ္ဆိတ္ဆိတ္ေနခဲ့မယ္ဆိုရင္ တစ္ေယာက္ၿပီးတစ္ေယာက္ဟာ သူတို႔ဘုရားသခင္ေတြနဲ႔ ဆံုရေတာ့မယ္ (ေသရေတာ့မယ္)။

Bar ေကာင္စီ၊ ဒါမွမဟုတ္လည္း တျခားၾသဇာႀကီးတဲ့အဖြဲ႔အစည္းေတြအေနနဲ႔ သူတုိ႔ကို ကူညီတဲ့အေနနဲ႔ တစ္ခုခုလုပ္ေပးသင့္တယ္။ ေကာင္းက်ိဳးျပဳတဲ့လူေတြကို ဆုခ်ပါ့မယ္။ ေက်းဇူးျပဳ၍ ကူညီပါ။ ” ဆိုျပီးေတာ့ပဲ ျဖစ္ပါတယ္။ စိတ္မေကာင္း ဝမ္းနည္းဖြယ္ပါပဲ . . ကူညီနိုင္သူမ်ား ကူညီျကပါေစသား . . . ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
မလေးရှား ရက်ပါ အဆိုတော် Namewee ဟာ အမှုတစ်ခုနဲ့ အချုပ်ကျနေတုန်း အချုပ်ထဲမှာ ကြုံခဲ့ရတဲ့ မြန်မာ ၁၅ ဦးရဲ့ အခြေအနေကို သူရဲ့ Facebook မှာ မန်ဒရင် ဘာသာစကားနဲ့ ဖွင့်ချလိုက်ပါတယ်။ အဲဒါကို thecoverage.my က အင်္ဂလိပ်လိုပြန်တင်ပေးထားပြီး ကျနော်က အများသိရအောင်မြန်မာလို ပြန်ရေးပေးထားပါတယ်။

သူရေးခဲ့တာကို ဖတ်ကြည့်ပါ။

ကျနော့်ကို လက်ထိပ်ခတ်ထားပြီး တရားခွင်ကို ခေါ်လာတော့ မီဒီယာသမားတွေက အမှုနဲ့ ပတ်သက်ပြီး တစ်ခုခုပြောဖို့ရှိလားလို့ ဝိုင်းမေးကြတယ်။ ဒါပေမဲ့ ကျနော်နှုတ်ဆိတ်နေခဲ့တယ်။ ရဲတပ်ဖွဲ့က ကျနော့်ကိုပြောခွင့်ပိတ်ထားလို့ နှုတ်ဆိတ်နေခဲ့တာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်ပြောချင်တာက အမှုနဲ့ဘာမှမဆိုင်တဲ့ ကိစ္စတစ်ခုဖြစ်နေလို့ပါ။

လူထုကိုသိအောင် ကျနော်တောင်းဆိုချင်တယ်။ ကျနော့်ကိုထိန်းသိမ်းထားစဉ် အချုပ်ထဲမှာ မြန်မာနိုင်ငံက တရားမဝင်လုပ်သား ၁၅ ယောက်နဲ့ ဆုံခဲ့တယ်။ သူတို့တတွေ အချုပ်ထဲမှာ ရက် ၃၀ ကျော်နေပြီ။ အခန်းကျဉ်းလေးထဲမှာ တော်တော်ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ နေနေရတယ်။ အာမခံပေးမယ့်လူလည်း ဘယ်သူမှမရှိဘူး။ သူငယ်ချင်းနဲ့ ဆွေမျိုးသားချင်းတွေလည်းမရှိဘူး။ သူတို့ရဲ့ အထောက်အထားစာရွက်တွေကို အလုပ်ရှင်တွေက ပြန်မပေးဘဲ ထွက်ပြေးသွားကြပြီ။

သူတို့တတွေ မျက်နှာလွှဲခဲပစ်လုပ်ခံရတယ်။ သစ္စာဖောက်ခံရတယ်။ အခုဖြစ်ကလဲ့စမ်းသေဖို့ ပစ်ထားခံရပြီ။

သူတို့တွေခမျာ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နေရပြီး တော်တော်လေးကို စုတ်ပဲ့တဲ့အနေအထားရောက်နေရှာတယ်။ တစ်ညလုံး ချောင်းတွေတဟွတ်ဟွတ်အကျယ်ကြီးဆိုးနေတာကြားရတော့ တီဘီဖြစ်နေကြတယ်ထင်တာပဲ။

မလေးစကားလည်းမတတ်ကြတာကြောင့် အစောင့်တွေကို ဘယ်လို စကားပြောရမလဲ ဆိုတာလည်း မသိကြဘူး။ ဆေးရုံတွေကလည်း အထောက်အထားစာရွက်စာတမ်းမရှိတဲ့လူဆိုရင် အတင်မခံကြဘူး။ သူတို့တွေက တိုင်းပြည်ထဲကို တရားမဝင် ဝင်လာတာကြောင့် သံရုံးကလည်း ဘာမှလုပ်မပေးနိုင်ဘူး။ သူတို့တွေ မလေးရှားမှာ ရှိနေတယ်ဆိုတာကိုတောင် သိမှမဟုတ်ဘူး။

အချုပ်ကနေ ကျနော်ထွက်လာချိန်မှာ သူတို့အခြေအနေပိုဆိုးနေတာပဲ တွေ့ခဲ့ရတယ်။ သူတို့ချောင်းဆိုးသံတွေပြောင်းလာသလို မျက်နှာတွေကလည်း ဖြူဖတ်ဖြူရော်နဲ့။ ကျနော်ကူညီနိုင်တာဆိုလို့ ဒီကိစ္စကို အများပြည်သူသိအောင် ဖွင့်ချတာပဲ ရှိတယ်။ ဒီလိုဖွင့်ချတာကလည်း ကျနော့်အတွက် အန္တရာယ်ရှိတယ်ဗျ။

ကျနော်အချုပ်ကျနေတုန်းမှာ သိခဲ့ရတဲ့ အချုပ်ထဲကအခြေအနေတွေကို ဖွင့်မချဖို့ ရဲတပ်ဖွဲ့က ကျနော့်ကို သတိပေးထားတယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ အကယ်လို့ ကျနော်ဆိတ်ဆိတ်နေခဲ့မယ်ဆိုရင် တစ်ယောက်ပြီးတစ်ယောက်ဟာ သူတို့ဘုရားသခင်တွေနဲ့ ဆုံရတော့မယ် (သေရတော့မယ်)။

Bar ကောင်စီ၊ ဒါမှမဟုတ်လည်း တခြားသြဇာကြီးတဲ့အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကို ကူညီတဲ့အနေနဲ့ တစ်ခုခုလုပ်ပေးသင့်တယ်။ ကောင်းကျိုးပြုတဲ့လူတွေကို ဆုချပါ့မယ်။ ကျေးဇူးပြု၍ ကူညီပါ။ ” ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။ စိတ်မကောင်း ဝမ်းနည်းဖွယ်ပါပဲ . . ကူညီနိုင်သူများ ကူညီကြပါစေသား . . . ။

ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top