ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ေန႕စဥ္မေျပာင္းလဲတဲ႔ အလုပ္ခ်ိန္၊ ညည္းေငြ႕ဖို႔ေကာင္းတဲ႔ အလုပ္ပတ္ဝန္းက်င္၊ တစ္လ တစ္လ ရွာသမွ်ပိုက္ဆံက ေနစရိတ္၊ စားစရိတ္ထဲမွာ ပါသြား၊ ပိုက္ဆံလိုလို႔ ပိုက္ဆံေခ်း၊ လစာထုတ္ေတာ႔ ျပန္ဆပ္ ဆိုတဲ႔ အေၾကြးသံသရာထဲမွာလည္ နဲ႔ ဘဝက ညည္းေငြ႕စရာ ေကာင္းလာတတ္ပါတယ္။


လက္ရွိဘဝကို စိတ္ပ်က္ညည္းေငြ႕ေနတဲဲ႔သူ ဘယ္ႏွေယာက္ရွိမလဲ။ ေန႕စဥ္မေျပာင္းလဲတဲ႔ အလုပ္ခ်ိန္၊ ညည္းေငြ႕ဖို႔ေကာင္းတဲ႔ အလုပ္ပတ္ဝန္းက်င္၊ တစ္လ တစ္လ ရွာသမွ်ပိုက္ဆံက ေနစရိတ္၊ စားစရိတ္ထဲမွာ ပါသြား၊ ပိုက္ဆံလိုလို႔ ပိုက္ဆံေခ်း၊ လစာထုတ္ေတာ႔ ျပန္ဆပ္ ဆိုတဲ႔ အေၾကြးသံသရာထဲမွာလည္ နဲ႔ ဘဝက ညည္းေငြ႕စရာ ေကာင္းလာတတ္ပါတယ္။




ဒီလို ညည္းေငြ႕ဖြယ္ဘဝကို ေျပာင္းလဲပစ္ဖို႔ သိပ္အမ်ားႀကီး မလိုပါဘူး။ ေအာက္ေဖာ္ျပပါ အခ်က္ (၆) ခ်က္ကို လိုက္နာၿပီး ကိုယ္စိတ္ႏွလံုး လန္းဆန္းတက္ၾကြလာေအာင္ ေျပာင္းလဲပစ္လို႔ရပါတယ္။ မိမိရဲ႕ ဘဝအေပၚ ရႈျမင္ပံု ေျပာင္းလဲသြားတာနဲ႔အမွ် ဘဝကိုယ္ႏႈိက္ကလည္း လိုက္ပါ ေျပာင္းလဲလာပါလိမ္႔မယ္။
၁။ အိပ္ယာေစာေစာထပါ



အိပ္ယာေစာေစာထျခင္းက စိတ္ကိုၾကည္လင္လန္းဆန္းေစျပီး မနက္ခင္းရဲ႕တိတ္ဆိတ္မႈနဲ႔ ျငိမ္းခ်မ္းမႈကို အျပည္႔အဝခံစား ရေစပါတယ္။ ဉာဥ္႔နက္သန္းေခါင္ထိ အလုပ္လုပ္တတ္သူေတြဆိုရင္ ညဘက္ကိုေစာေစာအိပ္ျပီး မနက္ေစာေစာထ အလုပ္လုပ္ ၾကည္႔လိုက္ပါ။

တိတ္ဆိတ္မႈနဲ႔ ျငိမ္းခ်မ္းမႈကို အျပည္႔အဝရရွိႏိုင္တဲ႔အျပင္ လုပ္ရည္ကိုင္ရည္လည္း ပိုတက္လာတာ ေတြ႕ရွိရမွာပါ။ တစ္ခါတေလ ကိုယ္မျမင္မိတဲ႔ ရႈေထာင္႔သစ္ေတြကိုေတာင္ ေတြ႕ရွိရႏိုင္ပါတယ္။ ေနာက္ၿပီး မနက္ေစာေစာထျခင္းက အာရံုစူးစိုက္မႈကိုလည္း ျမင္႔တက္လာေစပါတယ္။
၂။ သံပုရာရည္ ေႏြးေႏြးေလးတစ္ခြက္ေသာက္ပါ


မနက္အိပ္ယာ ႏိုးႏိုးခ်င္း သံပုရာရည္ေႏြးေႏြးေလးတစ္ခြက္ ေသာက္လိုက္ျခင္းက လူ႕ခႏၶာကိုယ္အတြက္ေတာ႔ တစ္ေန႕တာကို စတင္ရာမွာ အေကာင္းဆံုးစတင္ျခင္းပါပဲ။ ေရေႏြးအျဖဴထဲမွာ သံပုရာသီးတစ္စိတ္ေလာက္ ညွစ္ထည္႔ထားတဲ႔ သံပုရာရည္က ခႏၶာကိုယ္ အတြင္းကလီဇာေတြကို ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ေစဖို႔အတြက္ ႏႈိးေဆာ္ေပးလိုက္တဲ႔ ေခ်ာဆီလိုပါပဲ။

သံပုရာရည္က အစာေျခအဂၤါစနစ္ထဲကို ဝင္လာမယ္႔ အစားအစာေတြ အဝင္ေခ်ာေအာင္လည္း ကူညီေပးပါတယ္။ ခ်ဥ္တဲ႔အရသာကို မၾကိဳက္ရင္ ပ်ားရည္ေလး နည္းနည္းထည္႔ေသာက္လို႔လည္း ရပါတယ္။
၃။ ကိုယ္ကာယ ေလ႔က်င္႔ခန္းေတြ လုပ္ေပးပါ


မနက္ခင္းအခ်ိန္မွာ ၾကြက္သားေတြကို သြက္လက္ေစဖို႔ ေလ႔က်င္႔ခန္းလုပ္ေပးျခင္းက မလႊဲမေသြလုပ္ေဆာင္သင္႔တဲ႔ အေလ႔အထ တစ္ခုပါပဲ။ မိမိႏွစ္သက္ရာ ကိုယ္ကာယေလ႔က်င္႔ခန္း တစ္ခုခု (အေျပး၊ ေရကူး၊ ေယာဂ) ကို ေရြးခ်ယ္လုပ္ေဆာင္ႏိုင္ပါတယ္။

ကိုယ္ကာယေလ႔က်င္႔ခန္းေတြ လုပ္ေပးျခင္းက ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးသလို ကိုယ္ရည္ကိုလည္း စစ္ေစပါတယ္။ အခုေလာေလာဆယ္ မနက္ခင္းအခ်ိန္မွာ ေလ႔က်င္႔ခန္းေတြ မလုပ္ျဖစ္ေသးဘူးဆိုရင္ အခုပဲစမ္းလုပ္ၾကည္႔ဖို႔ အၾကံေပးခ်င္ပါတယ္။ သိသာတဲ႔ေျပာင္းလဲမႈကို ေတြ႕ျမင္ရမွာပါ။
 စမတ္လည္းက် ဖက္႐ွင္လည္းက်မယ့္ လုပ္ငန္းခြင္ဖက္႐ွင္မ်ား


၄။ လွ်ာကို သန္႔ရွင္းေပးပါ

မနက္ပိုင္းမွာ လွ်ာကိုသန္႔ရွင္းေရးလုပ္ေပးျခင္းက အာပုပ္နံ႕ေတြ၊ အစာၾကြင္းအစာက်န္ေတြကို သန္႔ရွင္းေရးလုပ္ေပးရာလည္း ေရာက္ပါတယ္။ ေနာက္ျပီး အဲဒီလိုလုပ္ေပးျခင္းက အိပ္စက္ျခင္းနဲ႔ အျပည္႔အဝ ႏိုးထျခင္းၾကားက အသြင္ကူးေျပာင္းမႈ ျဖစ္စဥ္ကိုလည္း ပိုမိုျမန္ဆန္ေစပါတယ္။ ဒါ႔အျပင္ လွ်ာကိုသန္႔ရွင္းေရးလုပ္ေပးျခင္းျဖင္႔ အစားအစာေတြရဲ႕အရသာကို ပိုမိုခံစားႏိုင္ေစပါတယ္။
၅။ စိတ္ကိုရႊင္လန္းေစတဲ႔ သီခ်င္းေတြကိုနားဆင္ပါ



မနက္ခင္းေတြကို မိမိအႏွစ္သက္ဆံုး၊ စိတ္ကိုလန္းဆန္း တက္ၾကြေစတဲ႔ သီခ်င္းသံေတြနဲ႔ စတင္လိုက္ျခင္းက တစ္ေန႕တာ ေအာင္ျမင္မႈဆီကို ဦးတည္ႏိုင္တဲ႔ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။ ဂီတဆိုတာက ႏွလံုးသားကို ႏူးညံ႕ေစတဲ႔၊ ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးႏိုင္တဲ႔ အႏုပညာတစ္မ်ိဳးဆိုေတာ႔ တစ္ေန႕တာအတြက္ ေမွ်ာ္လင္႔ျခင္းေတြကို ေပးစြမ္းႏိုင္ပါတယ္။
၆။ မိနစ္အနည္းငယ္ေလာက္ တရားထိုင္ပါ

မနက္ခင္းလို ဆိတ္ျငိမ္္တဲ႔ အခ်ိန္မ်ိဳးမွာ တရားထိုင္ျခင္းေလာက္ စိတ္အာရံုစူးစိုက္မႈကို ရရွိေစႏိုင္တာ မရွိေတာ႔ပါဘူး။ အဲဒီလို အခ်ိန္မ်ိဳးမွာ တရားထိုင္ျပီး သမာဓိကုိ ေဆာက္တည္တာက တစ္ေန႕တာ လုပ္ငန္းေဆာင္တာေတြကို ပိုမိုအဆင္ေျပေခ်ာေမြ႕ ေစႏိုင္ပါတယ္။ အသက္ရွဴသြင္း၊ ရွဴထုတ္ကိုေစာင္႔ၾကည္႔တဲ႔နည္းလမ္းတစ္ခုတည္းမွ မဟုတ္ပါဘူး။ မိမိနဲ႔ကိုက္ညီမႈရွိမယ္႔ နည္းလမ္းကို အသံုးျပဳႏိုင္ပါတယ္။ အဓိက ကေတာ႔ သမာဓိကိုတည္ေဆာက္ဖို႔ပါပဲ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 နေ့စဉ်မပြောင်းလဲတဲ့ အလုပ်ချိန်၊ ညည်းငွေ့ဖို့ကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်၊ တစ်လ တစ်လ ရှာသမျှပိုက်ဆံက နေစရိတ်၊ စားစရိတ်ထဲမှာ ပါသွား၊ ပိုက်ဆံလိုလို့ ပိုက်ဆံချေး၊ လစာထုတ်တော့ ပြန်ဆပ် ဆိုတဲ့ အကြွေးသံသရာထဲမှာလည် နဲ့ ဘဝက ညည်းငွေ့စရာ ကောင်းလာတတ်ပါတယ်။
Thiha (Ogygia) November 17, 2017, 02:08 PM

လက်ရှိဘဝကို စိတ်ပျက်ညည်းငွေ့နေတဲ့သူ ဘယ်နှယောက်ရှိမလဲ။ နေ့စဉ်မပြောင်းလဲတဲ့ အလုပ်ချိန်၊ ညည်းငွေ့ဖို့ကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်၊ တစ်လ တစ်လ ရှာသမျှပိုက်ဆံက နေစရိတ်၊ စားစရိတ်ထဲမှာ ပါသွား၊ ပိုက်ဆံလိုလို့ ပိုက်ဆံချေး၊ လစာထုတ်တော့ ပြန်ဆပ် ဆိုတဲ့ အကြွေးသံသရာထဲမှာလည် နဲ့ ဘဝက ညည်းငွေ့စရာ ကောင်းလာတတ်ပါတယ်။
play



ဒီလို ညည်းငွေ့ဖွယ်ဘဝကို ပြောင်းလဲပစ်ဖို့ သိပ်အများကြီး မလိုပါဘူး။ အောက်ဖော်ပြပါ အချက် (၆) ချက်ကို လိုက်နာပြီး ကိုယ်စိတ်နှလုံး လန်းဆန်းတက်ကြွလာအောင် ပြောင်းလဲပစ်လို့ရပါတယ်။ မိမိရဲ့ ဘဝအပေါ် ရှုမြင်ပုံ ပြောင်းလဲသွားတာနဲ့အမျှ ဘဝကိုယ်နှိုက်ကလည်း လိုက်ပါ ပြောင်းလဲလာပါလိမ့်မယ်။
၁။ အိပ်ယာစောစောထပါ
play


အိပ်ယာစောစောထခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး မနက်ခင်းရဲ့တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကို အပြည့်အဝခံစား ရစေပါတယ်။ ဉာဉ့်နက်သန်းခေါင်ထိ အလုပ်လုပ်တတ်သူတွေဆိုရင် ညဘက်ကိုစောစောအိပ်ပြီး မနက်စောစောထ အလုပ်လုပ် ကြည့်လိုက်ပါ။

တိတ်ဆိတ်မှုနဲ့ ငြိမ်းချမ်းမှုကို အပြည့်အဝရရှိနိုင်တဲ့အပြင် လုပ်ရည်ကိုင်ရည်လည်း ပိုတက်လာတာ တွေ့ရှိရမှာပါ။ တစ်ခါတလေ ကိုယ်မမြင်မိတဲ့ ရှုထောင့်သစ်တွေကိုတောင် တွေ့ရှိရနိုင်ပါတယ်။ နောက်ပြီး မနက်စောစောထခြင်းက အာရုံစူးစိုက်မှုကိုလည်း မြင့်တက်လာစေပါတယ်။
၂။ သံပုရာရည် နွေးနွေးလေးတစ်ခွက်သောက်ပါ
play


မနက်အိပ်ယာ နိုးနိုးချင်း သံပုရာရည်နွေးနွေးလေးတစ်ခွက် သောက်လိုက်ခြင်းက လူ့ခန္ဓာကိုယ်အတွက်တော့ တစ်နေ့တာကို စတင်ရာမှာ အကောင်းဆုံးစတင်ခြင်းပါပဲ။ ရေနွေးအဖြူထဲမှာ သံပုရာသီးတစ်စိတ်လောက် ညှစ်ထည့်ထားတဲ့ သံပုရာရည်က ခန္ဓာကိုယ် အတွင်းကလီဇာတွေကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့အတွက် နှိုးဆော်ပေးလိုက်တဲ့ ချောဆီလိုပါပဲ။

သံပုရာရည်က အစာခြေအင်္ဂါစနစ်ထဲကို ဝင်လာမယ့် အစားအစာတွေ အဝင်ချောအောင်လည်း ကူညီပေးပါတယ်။ ချဉ်တဲ့အရသာကို မကြိုက်ရင် ပျားရည်လေး နည်းနည်းထည့်သောက်လို့လည်း ရပါတယ်။
၃။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ
play


မနက်ခင်းအချိန်မှာ ကြွက်သားတွေကို သွက်လက်စေဖို့ လေ့ကျင့်ခန်းလုပ်ပေးခြင်းက မလွှဲမသွေလုပ်ဆောင်သင့်တဲ့ အလေ့အထ တစ်ခုပါပဲ။ မိမိနှစ်သက်ရာ ကိုယ်ကာယလေ့ကျင့်ခန်း တစ်ခုခု (အပြေး၊ ရေကူး၊ ယောဂ) ကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းက ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးသလို ကိုယ်ရည်ကိုလည်း စစ်စေပါတယ်။ အခုလောလောဆယ် မနက်ခင်းအချိန်မှာ လေ့ကျင့်ခန်းတွေ မလုပ်ဖြစ်သေးဘူးဆိုရင် အခုပဲစမ်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ သိသာတဲ့ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။

    စမတ်လည်းကျ ဖက်ရှင်လည်းကျမယ့် လုပ်ငန်းခွင်ဖက်ရှင်များ


၄။ လျှာကို သန့်ရှင်းပေးပါ

မနက်ပိုင်းမှာ လျှာကိုသန့်ရှင်းရေးလုပ်ပေးခြင်းက အာပုပ်နံ့တွေ၊ အစာကြွင်းအစာကျန်တွေကို သန့်ရှင်းရေးလုပ်ပေးရာလည်း ရောက်ပါတယ်။ နောက်ပြီး အဲဒီလိုလုပ်ပေးခြင်းက အိပ်စက်ခြင်းနဲ့ အပြည့်အဝ နိုးထခြင်းကြားက အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ဒါ့အပြင် လျှာကိုသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် အစားအစာတွေရဲ့အရသာကို ပိုမိုခံစားနိုင်စေပါတယ်။
၅။ စိတ်ကိုရွှင်လန်းစေတဲ့ သီချင်းတွေကိုနားဆင်ပါ
play


မနက်ခင်းတွေကို မိမိအနှစ်သက်ဆုံး၊ စိတ်ကိုလန်းဆန်း တက်ကြွစေတဲ့ သီချင်းသံတွေနဲ့ စတင်လိုက်ခြင်းက တစ်နေ့တာ အောင်မြင်မှုဆီကို ဦးတည်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဂီတဆိုတာက နှလုံးသားကို နူးညံ့စေတဲ့၊ ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်တဲ့ အနုပညာတစ်မျိုးဆိုတော့ တစ်နေ့တာအတွက် မျှော်လင့်ခြင်းတွေကို ပေးစွမ်းနိုင်ပါတယ်။
၆။ မိနစ်အနည်းငယ်လောက် တရားထိုင်ပါ

မနက်ခင်းလို ဆိတ်ငြိမ်တဲ့ အချိန်မျိုးမှာ တရားထိုင်ခြင်းလောက် စိတ်အာရုံစူးစိုက်မှုကို ရရှိစေနိုင်တာ မရှိတော့ပါဘူး။ အဲဒီလို အချိန်မျိုးမှာ တရားထိုင်ပြီး သမာဓိကို ဆောက်တည်တာက တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပိုမိုအဆင်ပြေချောမွေ့ စေနိုင်ပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ကိုစောင့်ကြည့်တဲ့နည်းလမ်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ မိမိနဲ့ကိုက်ညီမှုရှိမယ့် နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဓိက ကတော့ သမာဓိကိုတည်ဆောက်ဖို့ပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top