ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×




































မကြယ္လြန္မီ ေနာက္ဆံုးတင္ခဲ့ေသာ မင္းေသြး၏ေဖ့စ္ဘြတ္ခ္ဓာတ္ပုံ

 သ႐ုပ္ေဆာင္မင္းေသြး ၏ နာေရးအခမ္းအနားကို ေအာက္ တိုဘာ ၇ ရက္တြင္ ေရေ၀းသုသာန္၌ ျပဳလုပ္မည္ ျဖစ္သည္။

သ႐ုပ္ေဆာင္မင္းေသြးသည္ ေအာက္တိုဘာ ၃ ရက္ညက ႐ုတ္တရက္ကြယ္လြန္ခဲ့သည္။

‘‘သူက မေန႔က (ေအာက္ တိုဘာ ၃ ရက္) ည ၈ နာရီကမွ စင္ကာပူကျပန္ေရာက္တာ။ အိိမ္ မွာအထုပ္ထားၿပီး သူ႕သူငယ္ခ်င္း နဲ႔ခ်ိန္းၿပီး ေဘာလံုးသြားကန္တာ’’ ဟု မင္းေသြးႏွင့္ ရင္းႏွီးသည့္ မိတ္ ေဆြတစ္ဦးက ေျပာသည္။

ဖူဆယ္ကြင္းတြင္ ေဘာလံုး ကန္ေနစဥ္ ေမာလာေသာေၾကာင့္ ကြင္းေဘးသို႔ထြက္ထုိင္၍ ေရ ေသာက္ၿပီးခ်ိန္ လဲက်ၿပီး ေျခေထာက္မ်ားတုန္ခါေနမွ ၎အနီးမွလူမ်ားက သတိျပဳမိကာ ေရွးဦးသူနာျပဳစုနည္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္း ၎က ဆိုသည္။

ထို႔ေနာက္ ဖူဆယ္ကြင္းႏွင့္ အနီးဆံုးေဆး႐ုံျဖစ္သည့္ ပါရမီေဆး႐ုံသို႔ တင္ခဲ့ၿပီး ည ၁၁ နာရီမိနစ္ ၂၀  တြင္ ကြယ္လြန္ျခင္းျဖစ္ ေၾကာင္း အထက္ပါမိတ္ေဆြက ေျပာသည္။

‘‘ေဘာလံုးကြင္းေဘးမွာ နား ရင္းေရတစ္ခြက္ေသာက္လို႔ ခ်က္ ခ်င္းႏွလံုးရပ္သြားတဲ့ စိတ္ထားျဖဴ တဲ့ အႏုပညာၾကယ္ပြင့္မ်က္စိေရွ႕ မွာတင္ ကိုယ္စြမ္းရွိသေရြ႕ ငါးမိနစ္ အတြင္း အခ်ိန္မီေဆး႐ုံေရာက္ဖို႔ ႀကိဳးစားခဲ့တယ္။ ခုထိမယံုၾကည္ ႏိုင္ေသးဘူး။ ၁၁ နာရီ မိနစ္ ၂၀၊ ေကာင္းရာသုဂတိလားပါေစ’’ဟု မင္းေသြးႏွင့္အတူ ေဘာလံုးကန္ ခဲ့သည့္ အစီအစဥ္တင္ဆက္သူ ေကာင္းထက္ေဇာ္က ၎၏ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာ၌ ေရးသားထားသည္။

သ႐ုပ္ေဆာင္မင္းေသြးသည္ ၎၏ အမည္ရင္း ေနမင္းေအာင္ အမည္ျဖင့္ အႏုပညာေလာကသို႔ စတင္၀င္ေရာက္ခဲ့ၿပီး ထိပ္တန္းသ႐ုပ္ေဆာင္ အကယ္ဒမီေနတိုး၏ ညီအရင္းလည္းျဖစ္သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ (၃၃) ႏွစ္ရွိၿပီး ၎ပါ၀င္႐ိုက္ကူးထားေသာ သတ္ကြင္း၊ မုန္းစြဲ၊ ႏုိင္ငံႀကီးသား၊ ေလးပါးေက်ာ့ရွိန္၀ရဇိန္၊ မဟူရာ႐ုပ္ရွင္႐ုံစသည့္ ႐ုပ္ရွင္ဇာတ္ကားမ်ား႐ုံတင္ရန္ က်န္ရွိေနသည္။

ယင္းဇာတ္ကားမ်ားအနက္ သတ္ကြင္း႐ုပ္ရွင္ဇာတ္ကားသည္ မင္းေသြးႏွင့္အတူ စည္ၿဖိဳး၊ ေနရဲ တို႔သံုးဦး၏ ကိုယ္ပိုင္ထုတ္လုပ္ ေရးတိုက္မ်ားပူးေပါင္း႐ုိက္ကူး ထားျခင္းျဖစ္ၿပီး ယခုႏွစ္အတြင္း ႐ုံတင္ႏိုင္ရန္ ႀကိဳးစားေနသည္။

မင္းေသြးသည္ ‘ထိုးစစ္’ အမည္ျဖင့္ တစ္ကိုယ္ေတာ္အေခြ ထြက္ရွိထားၿပီး ယင္းအေခြဒီဗီဒီ ထြက္ရွိရန္ အေခ်ာသပ္သည့္ အဆင့္သို႔ ေရာက္ရွိေနၿပီ ျဖစ္ ေၾကာင္း အထက္ပါမိတ္ေဆြက ေျပာသည္။

မင္းေသြး႐ုတ္တရက္ကြယ္ လြန္သည့္အေပၚ အႏုပညာေလာကသားမ်ားႏွင့္ မိတ္ေဆြမ်ားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ ၎ႏွင့္ ပတ္သက္သည့္အမွတ္တရမ်ားႏွင့္အတူ စိတ္မေကာင္းေၾကာင္း ေရးသားထားသည္။

မင္းေသြးမကြယ္လြန္မီ ေဘာလံုး  သြားေရာက္ကစားခဲ့ေသာ မရမ္းကုန္းၿမိဳ႕နယ္ရွိ KBA Sports Complex ကလည္း မိသားစုႏွင့္ ထပ္တူထပ္မွ်၀မ္းနည္းေၾကကြဲရ ေၾကာင္း ၎တို႔၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရး သားထားသည္။

ထို႔အျပင္ မင္းေသြးသည္ ျမန္ မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က စီစဥ္ က်င္းပသည့္ ႏုိင္ငံတကာၿပိဳင္ပြဲ မ်ားတြင္ မိမိကြၽမ္းက်င္သည့္ အႏု ပညာျဖင့္ ပရိသတ္မ်ားအား စည္း ႐ုံးပညာေပးလႈံ႕ေဆာ္ျခင္းျဖင့္ ျမန္မာ့ေဘာလံုးေလာကကို တစ္ ဖက္တစ္လမ္းမွ ကူညီေပးခဲ့သူ လည္းျဖစ္သည့္အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရပါေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ၿပီး အဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္ကလည္း မင္းေသြး၏ ေနအိမ္သို႔ ယမန္ေန႔က သတင္းေမးရင္းသြားေရာက္အားေပးခဲ့သည္။

မင္းေသြးသည္ ေဘာလံုး အားကစား၀ါသနာပါသူျဖစ္ၿပီး အႏုပညာရွင္မ်ားပါ၀င္သည့္ Actor Stars ေဘာလံုးအသင္းတြင္ ပါ၀င္ကစားေနကာ ၎ႏွင့္ ရင္းႏွီးသည့္သူငယ္ခ်င္းမ်ား၏ ေဘာလံုးအသင္းမ်ားတြင္လည္း ပါ၀င္ကစားလ်က္ရွိသည္။

မင္းေသြးသည္ ၎ကြယ္ လြန္မည့္ေန႔ ေအာက္တိုဘာ ၃ ရက္ နံနက္က ၎၏ ဓာတ္ပံုတစ္ ပံုႏွင့္အတူ MORNING ဟု ေရး သားထားေသာ ပို႔စ္တစ္ခုကို ၎ ၏ ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ ေနာက္ဆံုးေရးသားခဲ့သည္။

႐ုပ္ရွင္တစ္ကား႐ိုက္ကူးရန္ ၀ိတ္ခ်ေနေသာေၾကာင့္  အား နည္းေနၿပီး    ေရေသာက္သည့္ အခ်ိန္တြင္လည္း အသက္႐ွဴလမ္း ေၾကာင္းထဲသို႔ ေရာက္ရွိသြားေသာေၾကာင့္ အသက္ဆံုး႐ႈံးသည္အထိ ျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း  မိသားစု ၀င္တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မကွယ်လွန်မီ နောက်ဆုံးတင်ခဲ့သော မင်းသွေး၏ဖေ့စ်ဘွတ်ခ်ဓာတ်ပုံ

 သရုပ်ဆောင်မင်းသွေး ၏ နာရေးအခမ်းအနားကို အောက် တိုဘာ ၇ ရက်တွင် ရေဝေးသုသာန်၌ ပြုလုပ်မည် ဖြစ်သည်။

သရုပ်ဆောင်မင်းသွေးသည် အောက်တိုဘာ ၃ ရက်ညက ရုတ်တရက်ကွယ်လွန်ခဲ့သည်။

‘‘သူက မနေ့က (အောက် တိုဘာ ၃ ရက်) ည ၈ နာရီကမှ စင်ကာပူကပြန်ရောက်တာ။ အိမ် မှာအထုပ်ထားပြီး သူ့သူငယ်ချင်း နဲ့ချိန်းပြီး ဘောလုံးသွားကန်တာ’’ ဟု မင်းသွေးနှင့် ရင်းနှီးသည့် မိတ် ဆွေတစ်ဦးက ပြောသည်။

ဖူဆယ်ကွင်းတွင် ဘောလုံး ကန်နေစဉ် မောလာသောကြောင့် ကွင်းဘေးသို့ထွက်ထိုင်၍ ရေ သောက်ပြီးချိန် လဲကျပြီး ခြေထောက်များတုန်ခါနေမှ ၎င်းအနီးမှလူများက သတိပြုမိကာ ရှေးဦးသူနာပြုစုနည်းများဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ဖူဆယ်ကွင်းနှင့် အနီးဆုံးဆေးရုံဖြစ်သည့် ပါရမီဆေးရုံသို့ တင်ခဲ့ပြီး ည ၁၁ နာရီမိနစ် ၂၀  တွင် ကွယ်လွန်ခြင်းဖြစ် ကြောင်း အထက်ပါမိတ်ဆွေက ပြောသည်။

‘‘ဘောလုံးကွင်းဘေးမှာ နား ရင်းရေတစ်ခွက်သောက်လို့ ချက် ချင်းနှလုံးရပ်သွားတဲ့ စိတ်ထားဖြူ တဲ့ အနုပညာကြယ်ပွင့်မျက်စိရှေ့ မှာတင် ကိုယ်စွမ်းရှိသရွေ့ ငါးမိနစ် အတွင်း အချိန်မီဆေးရုံရောက်ဖို့ ကြိုးစားခဲ့တယ်။ ခုထိမယုံကြည် နိုင်သေးဘူး။ ၁၁ နာရီ မိနစ် ၂၀၊ ကောင်းရာသုဂတိလားပါစေ’’ဟု မင်းသွေးနှင့်အတူ ဘောလုံးကန် ခဲ့သည့် အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်က ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။

သရုပ်ဆောင်မင်းသွေးသည် ၎င်း၏ အမည်ရင်း နေမင်းအောင် အမည်ဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ထိပ်တန်းသရုပ်ဆောင် အကယ်ဒမီနေတိုး၏ ညီအရင်းလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၃၃) နှစ်ရှိပြီး ၎င်းပါဝင်ရိုက်ကူးထားသော သတ်ကွင်း၊ မုန်းစွဲ၊ နိုင်ငံကြီးသား၊ လေးပါးကျော့ရှိန်ဝရဇိန်၊ မဟူရာရုပ်ရှင်ရုံစသည့် ရုပ်ရှင်ဇာတ်ကားများရုံတင်ရန် ကျန်ရှိနေသည်။

ယင်းဇာတ်ကားများအနက် သတ်ကွင်းရုပ်ရှင်ဇာတ်ကားသည် မင်းသွေးနှင့်အတူ စည်ဖြိုး၊ နေရဲ တို့သုံးဦး၏ ကိုယ်ပိုင်ထုတ်လုပ် ရေးတိုက်များပူးပေါင်းရိုက်ကူး ထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ရုံတင်နိုင်ရန် ကြိုးစားနေသည်။

မင်းသွေးသည် ‘ထိုးစစ်’ အမည်ဖြင့် တစ်ကိုယ်တော်အခွေ ထွက်ရှိထားပြီး ယင်းအခွေဒီဗီဒီ ထွက်ရှိရန် အချောသပ်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း အထက်ပါမိတ်ဆွေက ပြောသည်။

မင်းသွေးရုတ်တရက်ကွယ် လွန်သည့်အပေါ် အနုပညာလောကသားများနှင့် မိတ်ဆွေများက လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းနှင့် ပတ်သက်သည့်အမှတ်တရများနှင့်အတူ စိတ်မကောင်းကြောင်း ရေးသားထားသည်။

မင်းသွေးမကွယ်လွန်မီ ဘောလုံး  သွားရောက်ကစားခဲ့သော မရမ်းကုန်းမြို့နယ်ရှိ KBA Sports Complex ကလည်း မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရ ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

ထို့အပြင် မင်းသွေးသည် မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲ များတွင် မိမိကျွမ်းကျင်သည့် အနု ပညာဖြင့် ပရိသတ်များအား စည်း ရုံးပညာပေးလှုံ့ဆော်ခြင်းဖြင့် မြန်မာ့ဘောလုံးလောကကို တစ် ဖက်တစ်လမ်းမှ ကူညီပေးခဲ့သူ လည်းဖြစ်သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မင်းသွေး၏ နေအိမ်သို့ ယမန်နေ့က သတင်းမေးရင်းသွားရောက်အားပေးခဲ့သည်။

မင်းသွေးသည် ဘောလုံး အားကစားဝါသနာပါသူဖြစ်ပြီး အနုပညာရှင်များပါဝင်သည့် Actor Stars ဘောလုံးအသင်းတွင် ပါဝင်ကစားနေကာ ၎င်းနှင့် ရင်းနှီးသည့်သူငယ်ချင်းများ၏ ဘောလုံးအသင်းများတွင်လည်း ပါဝင်ကစားလျက်ရှိသည်။

မင်းသွေးသည် ၎င်းကွယ် လွန်မည့်နေ့ အောက်တိုဘာ ၃ ရက် နံနက်က ၎င်း၏ ဓာတ်ပုံတစ် ပုံနှင့်အတူ MORNING ဟု ရေး သားထားသော ပို့စ်တစ်ခုကို ၎င်း ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် နောက်ဆုံးရေးသားခဲ့သည်။

ရုပ်ရှင်တစ်ကားရိုက်ကူးရန် ဝိတ်ချနေသောကြောင့်  အား နည်းနေပြီး    ရေသောက်သည့် အချိန်တွင်လည်း အသက်ရှူလမ်း ကြောင်းထဲသို့ ရောက်ရှိသွားသောကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း  မိသားစု ဝင်တစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top