ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တ႐ုတ္ႏိုင္ငံ၊ Zhejiang ေဒသ က တရား ႐ံုးေတာ္ တစ္ခု ဟာ ဆရာ၀န္ ကုိ သတ္ ခဲ့တဲ့ လူနာကုိ ေသ ဒဏ္ ျပစ္ဒဏ္ ခ်မွတ္ ခဲ့တယ္ လို႔ သိရ ပါတယ္။ ဒီျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ေအာက္တို ဘာလက ျဖစ္ပြားခဲ့တာျဖစ္ၿပီး၊ အသက္ (၃၃) ႏွစ္ အရြယ္ရွိ တရားခံ Lian Enqing ကုိ ႐ံုး ေတာ္ က ေသဒဏ္ ျပစ္ဒဏ္ ခ်မွတ္ လိုက္ျခင္း ျဖစ္ ပါ တယ္။

Lian Enqing ဟာ ႏွာေခါင္းကုိ ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ၿပီးေနာက္ အသက္ရွဴ ပိုင္းဆုိင္ရာေ၀ဒနာခံစား ေန ရတယ္လို႔ စိတ္ထဲ မွာ ထင္မွတ္ၿပီး၊ ၀ီလင္းၿမိဳ႕ရွိ နား၊ ႏွာေခါင္း ေဆး႐ံုမွာ ေဆး ကုသ ဖို႔ ႀကိဳးစားခဲ့ပါတယ္။ သူဟာဆရာ၀န္ေတြကုိ ျပန္လည္ခြဲစိတ္ေပးဖို႔ ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဆရာ၀န္ေတြ က ဘာမွမျဖစ္ဘူးလို႔ ေျပာဆိုတာကုိ လက္ မခံဘဲ ေဆး႐ံုကုိ အတင္း၀င္ ေရာက္ကာ လူ သတ္မႈ က်ဴးလြန္ ခဲ့ျခင္းျဖစ္ပါတယ္။ သူ႔ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ဆရာ၀န္တစ္ဦးေသဆံုး ခဲ့ရၿပီး၊ အျခားဆရာ၀န္ႏွစ္ဦး ဒဏ္ရာအျပင္း အထန္ရခဲ့ပါတယ္။ တ ရားခံရဲ႕ အစ္မျဖစ္သူက သူ႔ေမာင္ေလးဟာ စိတ္ေရာဂါ ေ၀ဒနာ ရွိေန တယ္လို႔ တရား႐ံုးမွာ ေလွ်ာက္ထား မႈျပဳ လုပ္ ခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ ဒါ့အျပင္ ေသ ဒဏ္ကုိ အယူခံ၀င္ခဲ့ရာမွာလည္း ေအာင္ျမင္ ခဲ့ ျခင္းမရွိပါဘူး။

တရား႐ံုးေတာ္က တရားခံဟာ ရည္ရြယ္ခ်က္ရွိရွိ သတ္ျဖတ္ခဲ့ျခင္းျဖစ္တယ္ လို႔ ေကာက္ခ်က္ခ်ခဲ့ၿပီး သူနဲ႔ ထိုက္ တန္တဲ့ ျပစ္ဒဏ္ကုိ စီရင္ခဲ့ျခင္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: New Myanmar News
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ၊ Zhejiang ဒေသ က တရား ရုံးတော် တစ်ခု ဟာ ဆရာဝန် ကို သတ် ခဲ့တဲ့ လူနာကို သေ ဒဏ် ပြစ်ဒဏ် ချမှတ် ခဲ့တယ် လို့ သိရ ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တို ဘာလက ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အသက် (၃၃) နှစ် အရွယ်ရှိ တရားခံ Lian Enqing ကို ရုံး တော် က သေဒဏ် ပြစ်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ် ပါ တယ်။

Lian Enqing ဟာ နှာခေါင်းကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် အသက်ရှူ ပိုင်းဆိုင်ရာဝေဒနာခံစား နေ ရတယ်လို့ စိတ်ထဲ မှာ ထင်မှတ်ပြီး၊ ဝီလင်းမြို့ရှိ နား၊ နှာခေါင်း ဆေးရုံမှာ ဆေး ကုသ ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာဆရာဝန်တွေကို ပြန်လည်ခွဲစိတ်ပေးဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဆရာဝန်တွေ က ဘာမှမဖြစ်ဘူးလို့ ပြောဆိုတာကို လက် မခံဘဲ ဆေးရုံကို အတင်းဝင် ရောက်ကာ လူ သတ်မှု ကျူးလွန် ခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦးသေဆုံး ခဲ့ရပြီး၊ အခြားဆရာဝန်နှစ်ဦး ဒဏ်ရာအပြင်း အထန်ရခဲ့ပါတယ်။ တ ရားခံရဲ့ အစ်မဖြစ်သူက သူ့မောင်လေးဟာ စိတ်ရောဂါ ဝေဒနာ ရှိနေ တယ်လို့ တရားရုံးမှာ လျှောက်ထား မှုပြု လုပ် ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါ့အပြင် သေ ဒဏ်ကို အယူခံဝင်ခဲ့ရာမှာလည်း အောင်မြင် ခဲ့ ခြင်းမရှိပါဘူး။

တရားရုံးတော်က တရားခံဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ် လို့ ကောက်ချက်ချခဲ့ပြီး သူနဲ့ ထိုက် တန်တဲ့ ပြစ်ဒဏ်ကို စီရင်ခဲ့ခြင်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: New Myanmar News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top