ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကြမ္းယာစားသံုးမႈ အပါအဝင္ ေဆးရြက္ႀကီးထြက္ ပစၥည္းမ်ားကို အာဏာသံုးၿပီး ထိန္းခ်ဳပ္၍ မရေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားလိုက္သည္။

ကြမ္းယာႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား သံုးစြဲမႈကို ကိုယ္ပိုင္အသိျဖင့္ ဆင္ျခင္ႏုိင္ရန္ လႈံ႔ေဆာ္သြားရမည္ ျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတြင္ ေအာက္တိုဘာ ၁၀ရက္က ျပဳလုပ္ သည့္ ကြမ္းယာႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ထိန္းခ်ဳပ္ေရးအတြက္ မီဒီယာမွတဆင့္ လူထုလႈံ႔ေဆာ္ လႈပ္ရွားပြဲ အခမ္းအနားတြင္ ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ဒီလိုကိစၥေတြကို ထိန္းခ်ဳပ္ဖို႔ အာဏာနဲ႔ လုပ္မရဘူး။ အသိဥာဏ္နဲ႔ လုပ္ရမယ္။ အာဏာနဲ႔ လုပ္ရင္ ဘယ္ေတာ့မွ မရဘူး။ မစားရဘူးဆို တမင္စားတယ္။ သူ႔ဟာနဲ႔သူ သိေအာင္ လုပ္ရမယ္” ဟု ေဒါက္တာျမင့္ေထြးက ေျပာသည္။

ေဆးလိပ္ႏွင့္ ကြမ္းယာေရာင္းခ်သည့္ ဆိုင္မ်ားကိုလည္း အတင္းအက်ပ္ ပိတ္သိမ္းခိုင္း၍ မရဘဲ စားသံုးသူ မ်ားကိုသာ ေဘးထြက္ဆိုးက်ိဳးမ်ားကို သိရွိေအာင္ အသိပညာေပးသြားမည္ဟုလည္း ၎က ဆိုသည္။

“ကၽြန္ေတာ္တို႔က စီးကရက္ Industry ႀကီးကို သြားတိုက္လို႔ မရဘူး။ ကြမ္းယာေရာင္းတဲ့ ဆိုင္ကို သြားတိုက္ လို႔ မရဘူး။ သူတို႔ရဲ့ ထမင္းအိုးကိုလည္း မခြဲခ်င္ဘူး။ အဲ့ေတာ့ ကြမ္းယာမစားရင္ ကြမ္းယာဆိုင္ေတြ ပိတ္ကုန္ မယ္။ ေဆးလိပ္မေသာက္ၾကရင္ ဆိုင္ေတြလည္း ပိတ္ကုန္မယ္။ ဒီေတာ့ ျပည္သူေတြ က်န္းမာေရး အသိပညာ ျမွင့္တင္ရမယ္” ဟု ေဒါက္တာ ျမင့္ေထြးက ေျပာၾကားသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ေဆးရြက္ႀကီးပါဝင္သည့္ ကြမ္းႏွင့္ ေဆးလိပ္မ်ားအပါအဝင္ အျခားေဆးရြက္ႀကီး ထြက္ပစၥည္းမ်ား သံုးစြဲျခင္းေၾကာင့္ ႏွစ္စဥ္ ေသဆံုးသူ လူဦးေရ ၆ ေသာင္းေက်ာ္အထိ ရွိေနေၾကာင္းႏွင့္ အသက္ ၁၅ႏွစ္ႏွင့္အထက္ အရြယ္ေရာက္သူ စုစုေပါင္း၏ ၃၀ရာခိုင္ႏႈန္းသည္ ခံတြင္းႏွင့္ လည္ေခ်ာင္းကင္ဆာကို ျဖစ္ပြားေစသည့္ ေဆးရြက္ႀကီးငံုျခင္းႏွင့္ ကြမ္းစားျခင္းကို ျပဳလုပ္ေနၾကသည္ဟု သိရသည္။

“ႏွလံုးေသြးေၾကာပိတ္တာဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကဆိုရင္ အသက္ႀကီးမွ ႏွလံုးေသြးေၾကာပိတ္တယ္။ အခုက် အသက္ ၃၀၊ ၄၀အရြယ္ေတြကအစ ပိတ္ေနတာ။ ဒါေတြျဖစ္တဲ့ အေၾကာင္းရင္းေတြထဲမွာ ေဆးလိပ္၊ ေဆးရြက္ႀကီးက အေရးႀကီးဆံုးပဲ။ ဒါကို မထိန္းခ်ဳပ္ႏုိင္ဘူးဆိုရင္ ေနာက္ ၁၅ႏွစ္၊ အႏွစ္ ၂၀က် ျမန္မာႏုိင္ငံမွာ ဒီေရာဂါေၾကာင့္ ေဆး႐ံုတက္ရတဲ့ လူဦးေရက တအား မ်ားလာလိမ့္မယ္”ဟု မကူးစက္ႏိုင္ေသာေရာဂါမ်ား ကာကြယ္ႏိွမ္နင္းေရးဌာနခြဲ ညႊန္ၾကာေရးမွဴး ေဒါက္တာေက်ာ္ကံေကာင္းက ေျပာသည္။

လူထုလံႈ႔ေဆာ္လႈပ္ရွားမႈ အစီအစဥ္တြင္ ေဆးရြက္ႀကီးပါသည့္ ကြမ္းယာအား ငယ္စဥ္ကတည္းက စားခဲ့ၿပီး လက္ရွိတြင္ ပါးေစာင္ကင္ဆာ ခံစားေနရသည့္ ေဝဒနာရွင္အမ်ိဳးသား ၄ ဦး၏ ေတြ႔ႀကံဳခံစားခဲ့ရသည့္ အေၾကာင္း ေျပာဆိုထားသည့္ ပညာေပး႐ုပ္သံကို ျပသခဲ့ေသးသည္။



ကမၻာ့က်န္းမာေရးအဖြဲ႔၏ ထုတ္ျပန္ခ်က္အရ ကမၻာေပၚတြင္ ႏွစ္စဥ္ လူဦးေရ ၇ သန္းေက်ာ္မွာ ေဆးရြက္ႀကီး သံုးစြဲမႈေၾကာင့္ ေသဆံုးေနၿပီး ေဆးရြက္ႀကီးအား တိုက္႐ုိက္သံုးစြဲသူ (ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္း) ေၾကာင့္ ၆ သန္းေက်ာ္ေသဆံုးကာ က်န္ လူဦးေရ ၁ သန္းမွာ တိုက္႐ုိက္မဟုတ္ေသာ သံုးစြဲမႈေၾကာင့္ ေသဆံုးျခင္းျဖစ္ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.mizzimaburmese.com/
# Unicode Version ျဖင့္ ဖတ္ပါ #


 ကွမ်းယာစားသုံးမှု အပါအဝင် ဆေးရွက်ကြီးထွက် ပစ္စည်းများကို အာဏာသုံးပြီး ထိန်းချုပ်၍ မရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကို ကိုယ်ပိုင်အသိဖြင့် ဆင်ခြင်နိုင်ရန် လှုံ့ဆော်သွားရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အောက်တိုဘာ ၁၀ရက်က ပြုလုပ် သည့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော် လှုပ်ရှားပွဲ အခမ်းအနားတွင် ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလိုကိစ္စတွေကို ထိန်းချုပ်ဖို့ အာဏာနဲ့ လုပ်မရဘူး။ အသိဉာဏ်နဲ့ လုပ်ရမယ်။ အာဏာနဲ့ လုပ်ရင် ဘယ်တော့မှ မရဘူး။ မစားရဘူးဆို တမင်စားတယ်။ သူ့ဟာနဲ့သူ သိအောင် လုပ်ရမယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

ဆေးလိပ်နှင့် ကွမ်းယာရောင်းချသည့် ဆိုင်များကိုလည်း အတင်းအကျပ် ပိတ်သိမ်းခိုင်း၍ မရဘဲ စားသုံးသူ များကိုသာ ဘေးထွက်ဆိုးကျိုးများကို သိရှိအောင် အသိပညာပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က စီးကရက် Industry ကြီးကို သွားတိုက်လို့ မရဘူး။ ကွမ်းယာရောင်းတဲ့ ဆိုင်ကို သွားတိုက် လို့ မရဘူး။ သူတို့ရဲ့ ထမင်းအိုးကိုလည်း မခွဲချင်ဘူး။ အဲ့တော့ ကွမ်းယာမစားရင် ကွမ်းယာဆိုင်တွေ ပိတ်ကုန် မယ်။ ဆေးလိပ်မသောက်ကြရင် ဆိုင်တွေလည်း ပိတ်ကုန်မယ်။ ဒီတော့ ပြည်သူတွေ ကျန်းမာရေး အသိပညာ မြှင့်တင်ရမယ်” ဟု ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဆေးရွက်ကြီးပါဝင်သည့် ကွမ်းနှင့် ဆေးလိပ်များအပါအဝင် အခြားဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် နှစ်စဉ် သေဆုံးသူ လူဦးရေ ၆ သောင်းကျော်အထိ ရှိနေကြောင်းနှင့် အသက် ၁၅နှစ်နှင့်အထက် အရွယ်ရောက်သူ စုစုပေါင်း၏ ၃၀ရာခိုင်နှုန်းသည် ခံတွင်းနှင့် လည်ချောင်းကင်ဆာကို ဖြစ်ပွားစေသည့် ဆေးရွက်ကြီးငုံခြင်းနှင့် ကွမ်းစားခြင်းကို ပြုလုပ်နေကြသည်ဟု သိရသည်။

“နှလုံးသွေးကြောပိတ်တာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်လောက်ကဆိုရင် အသက်ကြီးမှ နှလုံးသွေးကြောပိတ်တယ်။ အခုကျ အသက် ၃၀၊ ၄၀အရွယ်တွေကအစ ပိတ်နေတာ။ ဒါတွေဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်၊ ဆေးရွက်ကြီးက အရေးကြီးဆုံးပဲ။ ဒါကို မထိန်းချုပ်နိုင်ဘူးဆိုရင် နောက် ၁၅နှစ်၊ အနှစ် ၂၀ကျ မြန်မာနိုင်ငံမှာ ဒီရောဂါကြောင့် ဆေးရုံတက်ရတဲ့ လူဦးရေက တအား များလာလိမ့်မယ်”ဟု မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ညွှန်ကြာရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။

လူထုလှုံ့ဆော်လှုပ်ရှားမှု အစီအစဉ်တွင် ဆေးရွက်ကြီးပါသည့် ကွမ်းယာအား ငယ်စဉ်ကတည်းက စားခဲ့ပြီး လက်ရှိတွင် ပါးစောင်ကင်ဆာ ခံစားနေရသည့် ဝေဒနာရှင်အမျိုးသား ၄ ဦး၏ တွေ့ကြုံခံစားခဲ့ရသည့် အကြောင်း ပြောဆိုထားသည့် ပညာပေးရုပ်သံကို ပြသခဲ့သေးသည်။



ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၇ သန်းကျော်မှာ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးနေပြီး ဆေးရွက်ကြီးအား တိုက်ရိုက်သုံးစွဲသူ (ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း) ကြောင့် ၆ သန်းကျော်သေဆုံးကာ ကျန် လူဦးရေ ၁ သန်းမှာ တိုက်ရိုက်မဟုတ်သော သုံးစွဲမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.mizzimaburmese.com/



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top