ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဆြဲေဆာင္မႈရွိတဲ့ ခႏၶာကိုယ္နဲ႔ ခ်စ္စရာေကာင္းတဲ့ ရုပ္ရည္ေၾကာင့္ ပရိသတ္ေတြၾကားမွာ ေနရာရလာတဲ့ ေမာ္ဒယ္ မင္းသမီး ဝါဆိုမိုးဦးကေတ့ာ ဘရာဝတ္ျခင္းနဲ႔ ပတ္သက္တဲ့ ဗဟုသုတ တခုကို ေပးလိုက္ပါတယ္။ ဝါဆိုမိုးဦးကေတာ့ မိန္းကေလးေတြအေနနဲ႔ ညဘက္အိပ္ေတာ့မယ္ဆိုရင္ေတာ့ ေဘာ္လီကို ဝတ္ျပီး မအိပ္ၾကပါနဲ႔လို႔ ေျပာခဲ့ပါတယ္။ ထုိ႔ေနာက္ မိန္းကေလးေတြ အေနနဲ႔ ရွက္သင့္တဲ့ေနရာမွာပဲ ရွက္ပါလို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဝါဆိုမိုးဦးကေတာ့ SJ နဲ႔ အင္တာဗ်ဴးတြင္ ဘရာေရြးခ်ယ္ဝတ္ျဖစ္တဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္ျပီး “ တင္းတင္းရင္းရင္းနဲ႔ ခႏၶာကိုယ္ အခ်ိဳးအစားေပၚလြင္ေစမယ့္ဟာမ်ိဳး မိန္းကေလးတေယာက္ရဲ့ ေဘာ္ဒီ တည္ေဆာက္ပံုကို ေပၚလြင္ေစတဲ့ဟာမ်ိဳး ကိုေရြးျပီး ဝတ္ျဖစ္ပါတယ္။ တခ်ိဳ႔ဟာေတြ ကိုယ္နဲ႔ Fit မျဖစ္ပါဘူး။ အဲ့ဒါေၾကာင့္ သူမ်ားကို ေပးလိုက္ရတာေတြ ရွိပါတယ္။ Brand တခုနဲ႔ တခုက ဆိုဒ္မတူၾကပါဘူး။ ဒါေၾကာင့္ ဆိုဒ္ကို သတ္မွတ္ထားလို႔ မရပါဘူး”

ဘရာနဲ႔ ပတ္သက္ျပီး အမ်ိဳးသမီးေတြကို ေျပာခ်င္တာက “ဝတ္သင့္တဲ့ အခ်ိန္ပဲ ဝတ္ပါ။ က်န္းမာေရးအတြက္ ဝါဆို သတိေပးခ်င္တာက ညအိပ္တဲ့ အခ်ိန္ ဘရာလံုးဝ မဝတ္ပါနဲ႔။ ဘာလို႔လည္းဆိုေတာ့ ရင္သားကင္ဆာ ျဖစ္တတ္တယ္။ ကိုယ့္ကို တခ်ိန္လံုး ေလွာင္ပိတ္ထားတာ ျဖစ္တဲ့အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဆိုးက်ိဳးေတြ ျဖစ္တတ္တယ္။ ဒါကေတာ့ ဝါဆို သိထားတာေလးေတြ Sharing လုပ္တာပါ။ တတ္ႏိုင္ရင္ေတာ့ ညအိပ္ခါနီးမွာ ေဘာင္းဘီအပြ အက်ီၤအပြနဲ႔ ေနေစခ်င္တယ္။ ေလဝင္ေလထြက္ေကာင္းတာမ်ိဳးလည္း လိုတယ္ေလ။ ဒါေၾကာင့္ ညအိပ္တဲ့အခ်ိန္မွာေတာ့ ဝါဆိုကေတာ့ အမ်ိဳးသမီးေတြအတြက္ ဘရာကုိ ခြ်တ္ျပီးေတာ့ အိပ္ေစခ်င္ပါတယ္။ က်န္းမာေရးက အေရးၾကီးဆံုးပါပဲ။ ဒါေၾကာင့္ဝါဆိုကေတာ့ က်န္းမာေရး ပိုျပီးေတာ့လိုက္စားပါတယ္။ ရွက္သင့္တဲ့ေနရာမွာပဲ ရွက္ပါ။ ကိုယ့္အခန္းထဲမွာ ကိုယ္ေနတာပဲေလ။ ကိစၥေတာ့မရွိပါဘူး။ ဘရာဝတ္မွ လံုျခံဳတာမွ မဟုတ္တာ။ အက်ီၤ ၂ ထပ္ေလာက္ဝတ္ရင္လည္း ျဖစ္တာပဲေလ။ ညအိပ္ခါနီးပဲ ေျပာတာပါ။ က်န္တဲ့ အခ်ိန္ကို မေျပာပါဘူး”

လတ္တေလာ အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး ဝါဆိုမိုးဦးက “လက္ရွိက ဝါဆို သီခ်င္းလုပ္ေနပါတယ္။ ကိုယ္ ေဝၾကီးေရးေပးထားတဲ့ အေဆြး သီခ်င္းေလးပါ။ အဲ့သီခ်င္းေလးလုပ္ျပီးရင္ MTV လုပ္မယ္။ ျပီးရင္ Facebook ေပၚတင္မွာပါ။ ၾကားထဲမွာေၾကာ္ျငာေလးေတြ ရိုက္ထားပါတယ္။ သီခ်င္းကေတာ့ တဖက္သတ္ခ်စ္ရတဲ့ မိန္းကေလးတေယာက္ အေၾကာင္းေပါ့။ ေလာေလာဆယ္ေတာ့ ကိုယ္က ခ်စ္သူရွိေနေတာ့ သိပ္ေတာ့မကိုက္ညီပါဘူး”

Pre Wedding ရိုက္သြားဖို႔ အစီအစဥ္နဲ႔ ပတ္သက္ျပီး ဝါဆိုမိုးဦးက “မရိုက္ျဖစ္ေသးပါဘူး။ ႏွစ္ေယာက္လံုးက အလုပ္ေလာဘၾကီးတယ္။ မအားၾကေသးဘူးေလ။ သူလည္း အလုပ္ေတြ လုပ္ဦးမယ္။ ကိုယ္လည္း အလုပ္ေတြ လုပ္ဦးမယ္ဆိုေတာ့ မျဖစ္ေသးပါဘူး။ ႏွစ္ေယာက္ၾကားမွာက သြားခ်င္လာခ်င္တဲ့ အခ်ိန္ေတြမွာပဲ သူသြားမယ္ ကိုယ္သြားမယ္ဆိုျပီးေတာ့ တခါတေလ ညွိမရတာပဲရွိတာပါ။ က်န္တာေတာ့ ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ ဘာမွမရွိပါဘူး။ စိတ္ဆိုးလည္း ခဏပါပဲ။ ကိုျဖိဳးေလးကေတာ့ ေလ်ာ့ေပးတာ မ်ားပါတယ္။ အားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဝါဆိုနဲ႔ ကိုျဖိဳးေလးကိုလည္း ခ်စ္ေပးၾကပါဦး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး
# Unicode Version ျဖင့္ ဖတ္ပါ #
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေကြားမှာ နေရာရလာတဲ့ မော်ဒယ် မင်းသမီး ဝါဆိုမိုးဦးကတေ့ာ ဘရာဝတ်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ တခုကို ပေးလိုက်ပါတယ်။ ဝါဆိုမိုးဦးကတော့ မိန်းကလေးတွေအနေနဲ့ ညဘက်အိပ်တော့မယ်ဆိုရင်တော့ ဘော်လီကို ဝတ်ပြီး မအိပ်ကြပါနဲ့လို့ ပြောခဲ့ပါတယ်။ ထို့နောက် မိန်းကလေးတွေ အနေနဲ့ ရှက်သင့်တဲ့နေရာမှာပဲ ရှက်ပါလို့ ပြောဆိုသွားခဲ့ပါတယ်။

ဝါဆိုမိုးဦးကတော့ SJ နဲ့ အင်တာဗျူးတွင် ဘရာရွေးချယ်ဝတ်ဖြစ်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး “ တင်းတင်းရင်းရင်းနဲ့ ခန္ဓာကိုယ် အချိုးအစားပေါ်လွင်စေမယ့်ဟာမျိုး မိန်းကလေးတယောက်ရဲ့ ဘော်ဒီ တည်ဆောက်ပုံကို ပေါ်လွင်စေတဲ့ဟာမျိုး ကိုရွေးပြီး ဝတ်ဖြစ်ပါတယ်။ တချို့ဟာတွေ ကိုယ်နဲ့ Fit မဖြစ်ပါဘူး။ အဲ့ဒါကြောင့် သူများကို ပေးလိုက်ရတာတွေ ရှိပါတယ်။ Brand တခုနဲ့ တခုက ဆိုဒ်မတူကြပါဘူး။ ဒါကြောင့် ဆိုဒ်ကို သတ်မှတ်ထားလို့ မရပါဘူး”

ဘရာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို ပြောချင်တာက “ဝတ်သင့်တဲ့ အချိန်ပဲ ဝတ်ပါ။ ကျန်းမာရေးအတွက် ဝါဆို သတိပေးချင်တာက ညအိပ်တဲ့ အချိန် ဘရာလုံးဝ မဝတ်ပါနဲ့။ ဘာလို့လည်းဆိုတော့ ရင်သားကင်ဆာ ဖြစ်တတ်တယ်။ ကိုယ့်ကို တချိန်လုံး လှောင်ပိတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေ ဖြစ်တတ်တယ်။ ဒါကတော့ ဝါဆို သိထားတာလေးတွေ Sharing လုပ်တာပါ။ တတ်နိုင်ရင်တော့ ညအိပ်ခါနီးမှာ ဘောင်းဘီအပွ အကျီၤအပွနဲ့ နေစေချင်တယ်။ လေဝင်လေထွက်ကောင်းတာမျိုးလည်း လိုတယ်လေ။ ဒါကြောင့် ညအိပ်တဲ့အချိန်မှာတော့ ဝါဆိုကတော့ အမျိုးသမီးတွေအတွက် ဘရာကို ချွတ်ပြီးတော့ အိပ်စေချင်ပါတယ်။ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ဒါကြောင့်ဝါဆိုကတော့ ကျန်းမာရေး ပိုပြီးတော့လိုက်စားပါတယ်။ ရှက်သင့်တဲ့နေရာမှာပဲ ရှက်ပါ။ ကိုယ့်အခန်းထဲမှာ ကိုယ်နေတာပဲလေ။ ကိစ္စတော့မရှိပါဘူး။ ဘရာဝတ်မှ လုံခြုံတာမှ မဟုတ်တာ။ အကျီၤ ၂ ထပ်လောက်ဝတ်ရင်လည်း ဖြစ်တာပဲလေ။ ညအိပ်ခါနီးပဲ ပြောတာပါ။ ကျန်တဲ့ အချိန်ကို မပြောပါဘူး”

လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦးက “လက်ရှိက ဝါဆို သီချင်းလုပ်နေပါတယ်။ ကိုယ် ဝေကြီးရေးပေးထားတဲ့ အဆွေး သီချင်းလေးပါ။ အဲ့သီချင်းလေးလုပ်ပြီးရင် MTV လုပ်မယ်။ ပြီးရင် Facebook ပေါ်တင်မှာပါ။ ကြားထဲမှာကြော်ငြာလေးတွေ ရိုက်ထားပါတယ်။ သီချင်းကတော့ တဖက်သတ်ချစ်ရတဲ့ မိန်းကလေးတယောက် အကြောင်းပေါ့။ လောလောဆယ်တော့ ကိုယ်က ချစ်သူရှိနေတော့ သိပ်တော့မကိုက်ညီပါဘူး”

Pre Wedding ရိုက်သွားဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦးက “မရိုက်ဖြစ်သေးပါဘူး။ နှစ်ယောက်လုံးက အလုပ်လောဘကြီးတယ်။ မအားကြသေးဘူးလေ။ သူလည်း အလုပ်တွေ လုပ်ဦးမယ်။ ကိုယ်လည်း အလုပ်တွေ လုပ်ဦးမယ်ဆိုတော့ မဖြစ်သေးပါဘူး။ နှစ်ယောက်ကြားမှာက သွားချင်လာချင်တဲ့ အချိန်တွေမှာပဲ သူသွားမယ် ကိုယ်သွားမယ်ဆိုပြီးတော့ တခါတလေ ညှိမရတာပဲရှိတာပါ။ ကျန်တာတော့ ကိုယ်တို့နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး။ စိတ်ဆိုးလည်း ခဏပါပဲ။ ကိုဖြိုးလေးကတော့ လျော့ပေးတာ များပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝါဆိုနဲ့ ကိုဖြိုးလေးကိုလည်း ချစ်ပေးကြပါဦး” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top