ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေကာ္ဖီလည္းမဟုတ္တဲ့ ေဂၚဖီရည္ကို ေသာက္ဖို႔ဆိုတာ ဘယ္တုန္းကမွ မစဥ္းစားမိတဲ့ အရာပါ။ အနံ႔၊အရသာေၾကာင့္ ေသာက္လို႔ေကာင္းမယ့္အရာထဲမွာေတာ့ မပါပါဘူး။ သို႔ေသာ္ ေဂၚဖီရည္ဟာ ကိုယ္ခႏၶာအတြက္ ေကာင္းက်ိဳးေတြေပးနိုင္တယ္ဆိုတာကို အံ့ၾသဖြယ္ရာ သိရွိခဲ့ရပါတယ္။

ေဂၚဖီဟာ Antioxidants မ်ားအလြန္ၾကြယ္ဝျပီး ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးနိုင္တဲ့ Polyphenols ၊ Sulfer ၊ေဖာလစ္အက္ဆစ္ ၊ ဗီတာမင္နွင့္ အျခားသတၱဳဓါတ္မ်ားစြာ ပါဝင္ပါတယ္။ သူ႔ရဲ႕ ေကာင္းက်ိဳးေတြကေတာ့

၁။အရက္ေသာက္သူမ်ားအတြက္ အဆိပ္အေတာက္ေျဖေပးပါတယ္။ အရက္အလြန္အကြ်ံ ေသာက္ျပီးတဲ့အခါ အစာေျခစနစ္မွာ ျပႆနာရပ္ေတြ ေပၚလာပါတယ္။ အရက္ဟာ အူတြင္းရွိ ေကာင္းမြန္္တဲ့ ဘတ္တီးရီးယားေတြကို ဖ်က္ဆီးပစ္လိုက္တာေၾကာင့္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္နင့့္ သတၱဳဓါတ္ေတြကို ေကာင္းစြာ မစုပ္ယူနိုင္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ေဂၚဖီရည္ေသာက္ျခင္းက ျပန္လည္ျဖည့္တင္းေပးရာ ေရာက္ပါတယ္။ ကြ်မ္းက်င္ပညာရွင္မ်ားက မနက္ခင္း ဘာမွမစားခင္ ေဂၚဖီရည္ တစ္ခြက္ေသာက္ဖို႔ တုိက္တြန္းထားပါတယ္။

၂။အစာအိမ္နာျဖစ္ျခင္းကို ကုသေပးနိုင္ပါတယ္။ တစ္ေန႔လွ်င္ ေဂၚဖီရည္ ၃ခြက္ေသာက္ျခင္းက အစာအိမ္နာျဖစ္ျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္တယ္လို႔ ဆိုပါတယ္။  အစာအိမ္သမားမ်ား ပံုမွန္ေသာက္ေပးျခင္းျဖင့္ အစာအိမ္အခ်ဥ္မေပါက္ေအာင္လည္း စြမ္းေဆာင္ေပးနိုင္မွာပါ။

၃။ေဂၚဖီရည္ေသာက္ျခင္းက အသားအေရကို ၾကည္လင္လွပေစပါတယ္။ အေရျပားကို ပ်က္စီးေစတဲ့ ဆားဝက္ၿခံ၊ဝက္ၿခံ နွင့္အျခားေသာ ျပႆနာရပ္မ်ားမွ ကင္းေဝးျပီး အသားအေရ လွပေစပါတယ္။ အေရျပား ေျခာက္ေသြ႕မႈမျဖစ္ေအာင္ ထိန္းသိမ္းေပးျပီး အိုမင္းရင့္ေရာ္ျခင္းကို ေနွးေကြးေစပါတယ္။ ေန႔စဥ္ တစ္ေန႔တစ္ခြက္ေသာက္ျခင္းျဖင့္ ၾကည္လင္သန္႔စင္တဲ့ အသားအေရကို ပိုင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။

၄။ေဂၚဖီရည္မွာပါဝင္တဲ့ ဆာလ္ဖာဓါတ္ဟာ ဆံပင္မသန္စြမ္းတဲ့သူေတြအတြက္ မ်ားစြာ အက်ိဳးထူးျပီး ဆံပင္ကြ်တ္ျခင္းမွလည္း ေလ်ာ့နည္းသက္သာေစပါတယ္။ တစ္ေန႔တစ္ခြက္ေသာက္ျခင္းက အသားအေရအတြက္သာမက ဆံပင္အတြက္ပါ ေကာင္းမြန္မႈ ရွိျပီးသား ျဖစ္မွာပါ။

ျပဳလုပ္နည္း

ပန္းကန္လံုးတစ္ခုထဲသို႔ ေရနွင့္ ေဆးေၾကာသန္႔စင္ထားေသာ ေဂၚဖီရြက္ကိုထည့္ျပီး ၁၀မိနစ္ခန္႔ ထားလိုက္ပါ။ ေရအေရာင္ အနည္းငယ္ေျပာင္းလာတဲ့အခါမွာ ပ်ားရည္အနည္းငယ္ထည့္ျပီး ေသာက္သံုးနိုင္ပါျပီ။ မနက္ခင္းေစာေစာေသာက္ျခင္းက ပိုျပီး ေကာင္းမြန္တဲ့ရလဒ္ကို ရရွိေစပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
ကော်ဖီလည်းမဟုတ်တဲ့ ဂေါ်ဖီရည်ကို သောက်ဖို့ဆိုတာ ဘယ်တုန်းကမှ မစဉ်းစားမိတဲ့ အရာပါ။ အနံ့၊အရသာကြောင့် သောက်လို့ကောင်းမယ့်အရာထဲမှာတော့ မပါပါဘူး။ သို့သော် ဂေါ်ဖီရည်ဟာ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတွေပေးနိုင်တယ်ဆိုတာကို အံ့သြဖွယ်ရာ သိရှိခဲ့ရပါတယ်။

ဂေါ်ဖီဟာ Antioxidants များအလွန်ကြွယ်ဝပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Polyphenols ၊ Sulfer ၊ဖောလစ်အက်ဆစ် ၊ ဗီတာမင်နှင့် အခြားသတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ သူ့ရဲ့ ကောင်းကျိုးတွေကတော့

၁။အရက်သောက်သူများအတွက် အဆိပ်အတောက်ဖြေပေးပါတယ်။ အရက်အလွန်အကျွံ သောက်ပြီးတဲ့အခါ အစာခြေစနစ်မှာ ပြဿနာရပ်တွေ ပေါ်လာပါတယ်။ အရက်ဟာ အူတွင်းရှိ ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကို ဖျက်ဆီးပစ်လိုက်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နင့် သတ္တုဓါတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တော့ပါဘူး။ ဒါ့ကြောင့် ဂေါ်ဖီရည်သောက်ခြင်းက ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပါတယ်။ ကျွမ်းကျင်ပညာရှင်များက မနက်ခင်း ဘာမှမစားခင် ဂေါ်ဖီရည် တစ်ခွက်သောက်ဖို့ တိုက်တွန်းထားပါတယ်။

၂။အစာအိမ်နာဖြစ်ခြင်းကို ကုသပေးနိုင်ပါတယ်။ တစ်နေ့လျှင် ဂေါ်ဖီရည် ၃ခွက်သောက်ခြင်းက အစာအိမ်နာဖြစ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။  အစာအိမ်သမားများ ပုံမှန်သောက်ပေးခြင်းဖြင့် အစာအိမ်အချဉ်မပေါက်အောင်လည်း စွမ်းဆောင်ပေးနိုင်မှာပါ။

၃။ဂေါ်ဖီရည်သောက်ခြင်းက အသားအရေကို ကြည်လင်လှပစေပါတယ်။ အရေပြားကို ပျက်စီးစေတဲ့ ဆားဝက်ခြံ၊ဝက်ခြံ နှင့်အခြားသော ပြဿနာရပ်များမှ ကင်းဝေးပြီး အသားအရေ လှပစေပါတယ်။ အရေပြား ခြောက်သွေ့မှုမဖြစ်အောင် ထိန်းသိမ်းပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ နေ့စဉ် တစ်နေ့တစ်ခွက်သောက်ခြင်းဖြင့် ကြည်လင်သန့်စင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၄။ဂေါ်ဖီရည်မှာပါဝင်တဲ့ ဆာလ်ဖာဓါတ်ဟာ ဆံပင်မသန်စွမ်းတဲ့သူတွေအတွက် များစွာ အကျိုးထူးပြီး ဆံပင်ကျွတ်ခြင်းမှလည်း လျော့နည်းသက်သာစေပါတယ်။ တစ်နေ့တစ်ခွက်သောက်ခြင်းက အသားအရေအတွက်သာမက ဆံပင်အတွက်ပါ ကောင်းမွန်မှု ရှိပြီးသား ဖြစ်မှာပါ။

ပြုလုပ်နည်း

ပန်းကန်လုံးတစ်ခုထဲသို့ ရေနှင့် ဆေးကြောသန့်စင်ထားသော ဂေါ်ဖီရွက်ကိုထည့်ပြီး ၁၀မိနစ်ခန့် ထားလိုက်ပါ။ ရေအရောင် အနည်းငယ်ပြောင်းလာတဲ့အခါမှာ ပျားရည်အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါပြီ။ မနက်ခင်းစောစောသောက်ခြင်းက ပိုပြီး ကောင်းမွန်တဲ့ရလဒ်ကို ရရှိစေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top