ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×










Credit:BBC
ဂျပန်နိုင်ငံ ကမ္ဘာကျော်  Tsukiji ငါးဈေး၌ ဈေးသည်များ နေရာသစ်သို့ မရွှေ့ပြောင်းမီ နောက်ဆုံးအနေဖြင့် အောက်တိုဘာ ၆ ရက်တွင် တူနာငါးလေလံပွဲ ပြု လုပ်ခဲ့သည်။

၈၃ နှစ်သက်တမ်းရှိသော ကမ္ဘာ့အကြီးဆုံးငါးဈေးဖြစ်သည့် Tsukiji ဈေးတန်းသည် ၂၀၂၀ အိုလံပစ်အားကစားပွဲအတွက် ဂျပန်နိုင်ငံ၌ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ထိုသို့ ပြောင်းရွှေ့ခံရခြင်းဖြစ် သည်။

ဂျပန်နိုင်ငံမြို့တော် တိုကျို တွင်တည်ရှိသော ထိုငါးဈေး၏ တူနာငါး လေလံပွဲများသည် ကမ္ဘာ လှည့်ခရီးသွားများအကြား ရေ ပန်း စားပြီး နှစ်စဉ်သောင်းချီသော ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ သည်။

ငါးသည်များသည် ဆယ်စု နှစ်များစွာသက်တမ်းရှိ Tsukiji ငါးဈေးမှ ၁ ဒသမ ၂ မိုင်အကွာ တိုယိုဆူမြို့ရှိ ခေတ်မီဈေးသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ် သည်။

သမိုင်းဝင်ငါးဈေးကြီးနေရာ ရွှေ့ပြောင်းခြင်းကို အချို့သောပျံ ကျဈေးသည်များက နောက်ဆုံး နေ့အထိ ဆန့်ကျင်နေဆဲဖြစ် သည်။

ပင်လယ်စာအမျိုးအစား ၅၀၀ မျိုးခန့် ရောင်းချပြီး တိုကျို မြို့၏ ထိပ်တန်းစားသောက်ဆိုင် များရှိရာ ဂင်းဇခရိုင်အနီး တည်ရှိ သော Tsukiji ဈေးကို ၁၉၃၅ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါငါးဈေးကို ပြောင်း ရွှေ့ရန် အာဏာပိုင်များက ကြိုး စားစဉ် မိသားစုအစဉ်အဆက်ငါး ရောင်းဝယ်သည့် လုပ်ငန်းလုပ် ကိုင်လာသူများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ဈေးသစ်သို့ရွှေ့ ပြောင်းရမည့် နောက်ဆုံးသီတင်း ပတ်အထိ ရာချီသော ဆန္ဒပြသူ များက Tsukiji ဈေးပြောင်းရွှေ့ ခြင်းကို ဆန့်ကျင်ကြောင်း ကြွေး ကြော်ခဲ့သည်။

ကန်ဒေါ်လာ ငါးဘီလီယံအ ကုန်အကျခံ၍ တည်ဆောက်ထား သော တိုယိုဆူခရိုင်ရှိ ငါးဈေးသစ် ကို အောက်တိုဘာ ၁၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top