ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×




































တစ္ကုိယ္ေတာ္အေခြ မထြက္သည္မွာ ရွစ္ႏွစ္ေက်ာ္ၿပီ ျဖစ္၍ ယခုႏွစ္အတြင္းထြက္ရွိ ႏုိင္ရန္ ႀကိဳးစားေနေၾကာင္းခ်စ္သု ေ၀က ေျပာသည္။

‘‘ရွစ္ႏွစ္ခြဲေလာက္ ကုိယ့္သီ ခ်င္းေတြနဲ႔ ေ၀းကြာေနတဲ့ကုိယ့္ ပရိသတ္ေတြကုိျပန္ၿပီးေတာ့ ေႏြး ေႏြးေထြးေထြးေလးျပန္လုပ္ရမွာ ေပါ့။ ေမ့ေနၾကၿပီဆုိေတာ့’’ ဟု ခ်စ္သုေ၀က ေျပာသည္။

အေခြထြက္ရန္ စီစဥ္ေန သည္မွာ ငါးႏွစ္ခန္႔ၾကာၿပီျဖစ္ၿပီး အမ္တီဗီ႐ိုက္ကူးရန္ စီစဥ္ေန ေၾကာင္း ၎ကဆုိသည္။

‘‘ကုိလင္းေရးတဲ့သီခ်င္း ေလးပုဒ္႐ိုက္မယ္။ ကုိေန၀ုိင္ေရး တဲ့သီခ်င္းေလး႐ုိက္မယ္။ ကုိေ၀ လေရးတ့ဲသီခ်င္း႐ိုက္မယ္။ အဲဒီ သုံးခုကေတာ့ အပ္ၿပီးသြားၿပီ။ ေအာက္တိုဘာလလယ္ေလာက္ ထြက္ခ်င္လုိ႔’’ ဟု ခ်စ္သုေ၀က ေျပာသည္။ ယင္းအေခြကုိ စီဒီ မထြက္မီ အမ္တီဗီ႐ိုက္၍ အြန္ လုိင္းမွတင္ေပးရန္ အစီအစဥ္ရွိ သည္ဟု ဆုိသည္။

ဇာတ္ကားမ်ား မ႐ိုက္ျဖစ္ သည္လည္း ၾကာၿပီျဖစ္၍ ၎ သ႐ုပ္ေဆာင္သည္ကုိၾကည့္ခ်င္ သည့္ပရိသတ္မ်ားအတြက္ ဇာတ္ လမ္းႏွင့္လုိက္ဖက္ပါက အမ္တီ ဗီမ်ားတြင္ ၎ကုိယ္တုိင္ပါ၀င္ သ႐ုပ္ေဆာင္ရန္ အစီအစဥ္ရွိ ေၾကာင္း ၎ကဆုိသည္။

ပရိသတ္အခ်စ္ေတာ္အႁမႊာ သမီးႏွစ္ဦးကုိ ယခုကတည္းက ၎တို႔တတ္ႏုိင္သည့္အလုပ္မ်ား လုပ္ခုိင္းသည့္  အေလ့အက်င့္ မ်ိဳး ျပဳလုပ္ေပးျဖစ္ေၾကာင္း ခ်စ္ သုေ၀က ေျပာသည္။

‘‘အႀကီးေလးကေတာ့ ပုိ ထြားတယ္။ ေမြးတုန္းကလည္း သူကႏွစ္ေပါင္နဲ႔သုံးေအာင္စကြာ တယ္။ အခုထိလည္း ကြာေနတုန္း ပဲ။ ႏွစ္ေယာက္စလုံးက အရမ္း စားတာ။ အႀကီးကလည္း အ ေလွ်ာ့မေပးဘူး။ အရမ္းစားတာ’’ ဟု အႁမႊာသမီးႏွစ္ဦးႏွင့္ပတ္သက္ ၍ ေျပာသည္။

သမီးႏွစ္ဦး၏ ဗီဒီယုိဖုိင္မ်ား ကုိၾကည့္႐ႈေပးသည့္ပရိသတ္မ်ား ႏွင့္ေကာင္းမြန္သည့္မွတ္ခ်က္ေပး သူမ်ားအား မိဘတစ္ဦးအေနျဖင့္ ေက်းဇူးတင္ေၾကာင္း ခ်စ္သုေ၀ ကဆုိသည္။

လတ္တေလာအႏုပညာ လႈပ္ရွားမႈအေနျဖင့္ ေၾကာ္ျငာမ်ား ဆက္တိုက္႐ိုက္ကူးေနၿပီး သမီး ႏွစ္ဦးႏွင့္လည္း ေၾကာ္ျငာ႐ိုက္ကူး ရန္လက္ခံထားေၾကာင္း ၎က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ကိုယ်တော်အခွေ မထွက်သည်မှာ ရှစ်နှစ်ကျော်ပြီ ဖြစ်၍ ယခုနှစ်အတွင်းထွက်ရှိ နိုင်ရန် ကြိုးစားနေကြောင်းချစ်သု ဝေက ပြောသည်။

‘‘ရှစ်နှစ်ခွဲလောက် ကိုယ့်သီ ချင်းတွေနဲ့ ဝေးကွာနေတဲ့ကိုယ့် ပရိသတ်တွေကိုပြန်ပြီးတော့ နွေး နွေးထွေးထွေးလေးပြန်လုပ်ရမှာ ပေါ့။ မေ့နေကြပြီဆိုတော့’’ ဟု ချစ်သုဝေက ပြောသည်။

အခွေထွက်ရန် စီစဉ်နေ သည်မှာ ငါးနှစ်ခန့်ကြာပြီဖြစ်ပြီး အမ်တီဗီရိုက်ကူးရန် စီစဉ်နေ ကြောင်း ၎င်းကဆိုသည်။

‘‘ကိုလင်းရေးတဲ့သီချင်း လေးပုဒ်ရိုက်မယ်။ ကိုနေဝိုင်ရေး တဲ့သီချင်းလေးရိုက်မယ်။ ကိုေ၀ လရေးတဲ့သီချင်းရိုက်မယ်။ အဲဒီ သုံးခုကတော့ အပ်ပြီးသွားပြီ။ အောက်တိုဘာလလယ်လောက် ထွက်ချင်လို့’’ ဟု ချစ်သုဝေက ပြောသည်။ ယင်းအခွေကို စီဒီ မထွက်မီ အမ်တီဗီရိုက်၍ အွန် လိုင်းမှတင်ပေးရန် အစီအစဉ်ရှိ သည်ဟု ဆိုသည်။

ဇာတ်ကားများ မရိုက်ဖြစ် သည်လည်း ကြာပြီဖြစ်၍ ၎င်း သရုပ်ဆောင်သည်ကိုကြည့်ချင် သည့်ပရိသတ်များအတွက် ဇာတ် လမ်းနှင့်လိုက်ဖက်ပါက အမ်တီ ဗီများတွင် ၎င်းကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။

ပရိသတ်အချစ်တော်အမြွှာ သမီးနှစ်ဦးကို ယခုကတည်းက ၎င်းတို့တတ်နိုင်သည့်အလုပ်များ လုပ်ခိုင်းသည့်  အလေ့အကျင့် မျိုး ပြုလုပ်ပေးဖြစ်ကြောင်း ချစ် သုဝေက ပြောသည်။

‘‘အကြီးလေးကတော့ ပို ထွားတယ်။ မွေးတုန်းကလည်း သူကနှစ်ပေါင်နဲ့သုံးအောင်စကွာ တယ်။ အခုထိလည်း ကွာနေတုန်း ပဲ။ နှစ်ယောက်စလုံးက အရမ်း စားတာ။ အကြီးကလည်း အ လျှော့မပေးဘူး။ အရမ်းစားတာ’’ ဟု အမြွှာသမီးနှစ်ဦးနှင့်ပတ်သက် ၍ ပြောသည်။

သမီးနှစ်ဦး၏ ဗီဒီယိုဖိုင်များ ကိုကြည့်ရှုပေးသည့်ပရိသတ်များ နှင့်ကောင်းမွန်သည့်မှတ်ချက်ပေး သူများအား မိဘတစ်ဦးအနေဖြင့် ကျေးဇူးတင်ကြောင်း ချစ်သုေ၀ ကဆိုသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ကြော်ငြာများ ဆက်တိုက်ရိုက်ကူးနေပြီး သမီး နှစ်ဦးနှင့်လည်း ကြော်ငြာရိုက်ကူး ရန်လက်ခံထားကြောင်း ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top