ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ဗြိတိန်အဆို တော်၊ သီချင်းရေးသူ အဒဲလ် သည် ၂၀၁၇  အတွင်းမည်သည့် ဂီတလှုပ်ရှားမှုမျှမပြုလုပ်သော် လည်း ၎င်းတည်ထောင်သော ကုမ္ပဏီများမှ ပေါင် ကိုးသန်းခန့်  ဝင်ငွေရရှိခဲ့သည်။

အသက် (၃၀) အရွယ်အ ဒဲလ်သည် ယမန်နှစ်အတွင်းတေး အယ်လ်ဘမ်နှင့် ဂီတဖျော်ဖြေမှု  များမပြုလုပ်သော်လည်း ၎င်း၏ ကုမ္ပဏီနှစ်ခုမှ အခွန်ဆောင်ပြီး စုစုပေါင်းဝင်ငွေပေါင် ၈ ဒသမ ၆ သန်းရရှိသည်။

ထို့ကြောင့် လက်ရှိအထိ လွန်ခဲ့သော ၂၄ လအတွင်း အဒဲလ်သည် သီချင်းမဆို၊ သီ ချင်းမရေးဘဲစီးပွားရေးလုပ်ငန်း များမှ ပေါင် ၁၈ သန်းခန့် ဝင်  ငွေရရှိပြီး ဘဏ်ထဲတွင်လည်း  ပေါင်း ၄၁ သန်းရှိသည်ဟုဆို သည်။

လက်ရှိတွင် အဒဲလ်သည် ၎င်း၏ စတုတ္ထမြောက်တေး အယ်လ်ဘမ်ကို ပြင်ဆင်ရန် ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ နေပြီး လွန်ခဲ့သော လေးနှစ်ခန့်က  နောက်ဆုံးထွက်ရှိသည့် ‘25’ တေးအယ်လ်ဘမ်သည် ပထမသီ တင်းပတ်၌ပင် ကော်ပီအချပ်ရေ ရှစ်သိန်းကျော်စံချိန်တင်ရောင်းချ ရပြီး ဂရမ်မီဆု ငါးဆုသိမ်းပိုက်နိုင် ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top